ကော့တေးချစ်သူကွီးတို့အတွက် ဒီတစ်ခါမှာတော့ ငရုတ်ပွ နှင့် အယ်လ်ကိုဟောတို့ကို အသုံးပြုကာ ဖျော်စပ်ထားတဲ့ ကော့တေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများက လွယ်ကူရိုးရှင်းပြီး ပြုလုပ်ရလွယ် လွယ်ကူတဲ့အတွက်ကြောင့် ကွီးတို့အားလုံး ဒီ ငရုတ်ပွ ကော့တေး ကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

ငရုတ်ပွ ကော့တေး

  • ငရုတ်ပွအနီ ၁ လုံး
  • လတ်ဆတ်သော ပင်စိမ်းရွက် ၅ ရွက်ခန့်
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • Agave Nectar အရည် စားပွဲတင်ဇွန်း ၁ ဇွန်း (Agave Nectar ဆိုတာကတော့ တကီလာဖျော်စပ်ရာတွင် အသုံးပြုတဲ့ Agave အပင်ရဲ့ ဝတ်ဆံရည်ကို ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။)
  • Ginger Ale စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • အလှဆင်ဖို့ရန်အတွက် သံပုယိုကွင်း ၂ ကွင်း

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို ရယ်ဒီဖြစ်အောင် ပြင်ထားလိုက်ပါ။

ငရုတ်ပွ ကော့တေး

၂။ ထို့နောက် ငရုတ်ပွအနီကို ခပ်ပါးပါးလှီးဖြတ်ပြီးနောက် အတုံးခပ်ကြီးကြီးလေး ထပ်လှီးပေးထားလိုက်ပါ။

ငရုတ်ပွ ကော့တေး

၃။ ပြီးတာနဲ့ Cocktail Shaker ဖန်ခွက်ထဲသို့ ငရုတ်ပွ ထည့်ပါ။ ပင်စိမ်းရွက်များကို ချွေထည့်ပြီးနောက် ညှစ်ထားသော သံပုယိုရည်များ ထည့်လိုက်ပါ။ ထို့နောက် Agave Nectar အရည်များထည့်လိုက်ပါ။

ငရုတ်ပွ ကော့တေး

၄။ ထို့နောက် စတီး ငရုတ်ကျည်ပွေ့ဖြင့် အသာအယာလေး ကြိတ်ကာ အရည်များ ထွက်လာသည်အထိ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

ငရုတ်ပွ ကော့တေး

၅။ ထို့နောက် Cocktail Shaker ရဲ့ ဖန်ခွက်ကို အဖုံးအုပ်ထားပြီးနောက် စက္ကန့် ၃၀ ခန့် ခပ်ပြင်းပြင်းလေး မွှေပေးလိုက်ရပါမယ်။​

Cocktail

၆။ နောက်တစ်ဆင့်အနေနဲ့ ကော့တေးသောက်မယ့် ဖန်ခွက်ရှည်ထဲသို့ ရေခဲတုံးများ အညီအမျှ ခွဲထည့်ထားပါ။ ထို့နောက် စောစောက ပြုလုပ်ထားတဲ့ ဖျော်ရည်များကို ဖန်ခွက်များထဲသို့ အညီအမျှ လောင်းထည့်လိုက်ပါ။

Cocktail

၇။ Ginger Ale ကိုတော့ ဖန်ခွက် တစ်ခွက်ချင်းစီကို စားပွဲတင်ဇွန်း ၁၀ ဇွန်းခန့်ဖြင့် အညီအမျှ ခွဲထည့်လိုက်ရပါမယ်။

Cocktail

၈။ နောက်ဆုံး အဆင့်မှာတော့ သံပုယိုကွင်း၊ ငရုတ်ပွတို့ဖြင့် မိမိစိတ်ကြိုက် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ အကြိုက်တွေ့သွားစေမယ့် ငရုတ်ပွ နှင့် ပြုလုပ်ထားတဲ့ ကော့တေး တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats