ကိုယ် မလုပ်ချင်တဲ့အရာတွေအတွက် ငြင်းဆန် တတ်ဖို့ သင်ယူ ချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းများရှိပါတယ်။ ဘဝမှာ ကိုယ် မလုပ်ချင်တဲ့အရာတွေကို ငြင်းဆန်တတ်ဖို့ လိုအပ်ပါတယ်။

ဘာ့ကြောင့် ငြင်းဆန်တတ်ဖို့လိုသလဲ။ ငြင်းဆန်တတ်ခြင်းသည် ဘာ့ကြောင့်အရေးကြီးသလဲ။

ကျွန်တော်တို့အကုန်လုံးသည် လူအများရဲ့ အကောင်းမြင်တာခံချင်တယ်၊ အထင်အမြင်လွဲမှားခံရမှာ ကြောက်တဲ့အတွက်ကြောင့် ကိုယ့်ကို အကူအညီလာတောင်းတဲ့ကိစ္စမှန်သမျှ၊ ကိုယ့်ကို ခိုင်းတဲ့ ကိစ္စမှန်သမျှကို ခေါင်းငြိမ့်လိုက်တာများပါတယ်။ သို့သော်အမြဲတမ်း ခေါင်းငြိမ့်ခြင်းသည် တခါတရံမှာ ကိုယ့်အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။

how to say no

Photo: Wise Bread

ဥပမာ ကိုယ့်ရဲ့ အလုပ်တာဝန်တွေ မပြီးမြောက်တော့တာ၊ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို စတေးလိုက်ရတာ၊ ကိုယ့်ဘက်က အကောင်းလုပ်ပေးတာတောင် အကောင်းမြင်မခံရတဲ့အခါ အရင်ဦးဆုံး စိတ်မကောင်းဖြစ်လာမယ်။ တဖြည်းဖြည်းနဲ့ စိတ်ထဲတနုံ့နုံ့ခံစားရတာ ဒေါသထွက်လာတတ်ပါတယ်။ ဒီလိုနဲ့ပဲ အဆုံးသတ်မှာတော့ ကိုယ့်အတွက်သာ ဆိုးကျိုးတွေသာ ကျန်ခဲ့မှာပါ။

ဒီလိုအခြေအနေမျိုးမှ ရှောင်ကြဉ်ဖို့ရန်အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ။ ကိုယ် မလုပ်ချင်တဲ့အရာကို အတင်းဖိအားပေးပြီး လုပ်ဆောင်ခိုင်းတဲ့အခါ ဘယ်လို ငြင်းဆန် တတ်ရမလဲဆိုတာ အကြံအိုက်နေတဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းလေး ဝေမျှပေးချင်ပါတယ်။

တိုက်ရိုက်ပြောပါ

how to say no

မြန်မာလူမျိုးတွေရဲ့အကျင့်က အားနာတတ်ခြင်းပါပဲ။ ထိုအချက်သည် (လုံးဝ) မကောင်းတဲ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ခဏလောက် စဉ်းစားလိုက်ဦးမယ်လို့ ပြောလိုက်တာထက် ချက်ချင်းအဖြေပေးကာ ငြင်းရပါမယ်။

ငြင်းဆန်တဲ့အခါမှာလည်း ကွယ်ဝိုက်ပြီး ပြောမနေပါနဲ့။ အရင်ဦးဆုံး မကူညီပေးနိုင်တာတော့ စိတ်မကောင်းပါဘူးလို့ ပြောပြပါ။ ပြီးရင် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ချက်ပေးပါ။ ဒါဆိုရင်တော့ သင့်ကို အတင်းအကြပ်လုပ်ခိုင်းတော့မှာ မဟုတ်တော့ပါဘူး။

စစ်မှန်မှုရှိပါစေ

ငြင်းဆန် သင်ယူ ကွီး

ကျွန်တော်တို့သည် တစ်ချက်လောက် ငြင်းဆန်လိုက်တာနဲ့ ဆက်ဆံရေးတစ်ခုလုံး ပြိုလဲသွားမှာကို ကြောက်နေတတ်ကြပါတယ်။ ကိုယ့်ကို အကူအညီလိုမှ လာပေါင်းသင်းပြီး သူ့ကို မကူညီတော့တဲ့အခါ ကိုယ့်ကို နောက်ထပ် အဆက်အဆံလာမလုပ်တော့တဲ့သူသည်လည်း မိတ်ဆွေကောင်းတစ်ယောက်မဟုတ်တာကြောင့် ထိုဆက်ဆံရေး ပြိုကွဲသွားလည်း ဝမ်းနည်းစရာမရှိဘူး မဟုတ်လား။ ကိုယ် မအားရင် မအားဘူးလို့သာ ပွင့်ပွင့်လင်းလင်းပြောပါ။ မအားတဲ့ကြားက ကူညီပေးတဲ့အခါ သင်ပဲ စိတ်ဖိစီးမှုများရမှာ ဖြစ်ပါတယ်။

အခြားသူရဲ့ ခံစားချက်အတွက် ကိုယ့်မှာတာဝန်ရှိတယ်လို့ မယူဆပါနဲ့

ငြင်းဆန် သင်ယူ ကွီး

ကိုယ် ငြင်းဆန်လိုက်လို့ တစ်ဖက်လူက ဝမ်းနည်းသွားမှာ စိတ်မကောင်းဖြစ်သွားမှာစတာတွေကိုလည်း တွေးမနေပါနဲ့။ ကိုယ့်အတွက်သာ ကိုယ်တွေးပါ။ ရေရှည်မှာ ကိုယ့်အတွက် ဘယ်လိုကောင်းကျိုးတွေဖြစ်မလဲ။ သူ အတင်းအကြပ်တောင်းဆိုတာကို လုပ်ပေးလိုက်လို့ ကိုယ့်မှာ ကောင်းကျိုးထက် ဆိုးကျိုးတွေ များနေမယ်ဆိုရင်တော့ မကူညီတာအကောင်းဆုံးပါပဲ။

ကူညီနိုင်မယ့်တစ်ယောက်ယောက်ကို ညွှန်ပေးလိုက်ပါ

ငြင်းဆန် သင်ယူ ကွီး

ကိုယ်ကတော့ ကိုယ့်ရုံးအလုပ်တွေ ရှိနေသေးလို့ မကူအားသေးဘူး။ ဘယ်သူ့ ဘယ်သူဆီတော့ သွားလိုက်ပါလား။ သူ ကူညီပေးနိုင်ပါတယ် စသည်ဖြင့် တစ်ဆင့်လမ်းညွှန်ပေးလိုက်ပါ။ ဒီအချက်သည်လည်း သင့်အနေနဲ့ ကိုယ့်ရဲ့ ငြင်းဆန်မှုအတွက် လျော်ကြေးတစ်ခုလို သဘောမထားပါနဲ့။ ကိုယ်က တကယ် တဆင့်လမ်းညွှန်ချင်စိတ်ရှိမှ တစ်ဖက်လူကလည်း ကိုယ် ယုံကြည်ရတဲ့သူဖြစ်မှသာ လမ်းညွှန်ပေးလိုက်ပါ။ သင့်ကို အကူအညီလာတောင်းတဲ့သူရဲ့ကိစ္စသည် သင်နဲ့ (လုံးဝ) မသက်ဆိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို၊ ကိုယ့်ရဲ့ ငြင်းဆန်မှုကြောင့် ကိုယ်ကပဲ တာဝန်ရှိနေသလို ခံစားချက်မျိုး မခံစားလိုက်ပါနဲ့။

ကိုယ် မလုပ်ချင်တဲ့အရာတွေအတွက် ငြင်းဆန် တတ်ဖို့ သင်ယူ ချင်တဲ့ ကွီး တို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

Source: Personalexcellence

Featured Image Source: Entrepreneur