လှုပ်ရှားရုန်းကန်မှုတွေနဲ့ နေ့စဉ်ဘဝကြီးထဲက မွန်းကြပ်ငြီးငွေ့စရာတွေကို နားကြပ်လေးတပ် ခဏလောက် အဆက်ဖြတ်ကြည့်ရအောင်ပါ။ ဒီဖီးလ်ကို ခံစားတက်သူတွေမှ သိပါလိမ့်မယ်။ စာရေးသူကတော့ ဘဝမှာ မွန်းကြပ်ရတဲ့ အခြေအနေတွေ ၊ လူတိုင်းကို လိုက်မပြောပြချင်တဲ့ ပြဿနာတွေ ရှိလာတဲ့အခါမှာ နားကြပ်တပ်ပြီး သီချင်းတွေနဲ့ ဖြတ်သန်းလိုက်တာက ခဏတဖြုတ်တော့ စိတ်သက်သာရာ ကောင်းကောင်းရစေတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့လည်း ငြီးငွေ့ဖွယ် လောကကြီးနဲ့ ခဏတာ အဆက်ဖြတ်ဖို့ လိုနေတယ်ဆိုရင်တော့ ဝယ်ထားသင့်တဲ့ Wireless Earbuds လေးတွေကို ပြောပြပေးပါမယ်။

(၁) Sony WF-1000XM5

Sony WF-1000XM5

Photo : The Verge

Sony ထုတ်ကုန်တွေကတော့ အထွေအထူး ပြောစရာမလိုအောင် ကွာလတီပိုင်းကောင်းတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ Sony WF-1000XM5 ပတ်ဝန်းကျင် ဆူညံသံတွေကို လျော့ချပေးမယ့် Flagship Earbuds တစ်လုံးဖြစ်ပြီး ကျစ်လစ်သေသပ်လှပတဲ့ ဒီဇိုင်း ၊ ပေါ့ပါးတဲ့ အလေးချိန် ၊ ကောင်းမွန်တဲ့ အသံကွာလတီနဲ့ ပြည့်စုံတဲ့ Earbuds ဖြစ်ပါတယ်။ Battery သက်တမ်း ၈ နာရီဝန်းကျင် အသုံးပြုနိုင်ပြီး ဈေးနှုန်းကတော့ ၂၉၈ ဒေါ်လာဝန်းကျင် ရှိပါတယ်။

(၂) Nothing Ear (a)

Nothing Ear (a)

Photo : The Verge

အခုနောက်ပိုင်းမှာ အထာကျတဲ့ ဒီဇိုင်းနဲ့ လူငယ်တွေကြား ရေပန်းစားလာတာကတော့ Nothing Ear (a) Earbuds ဖြစ်ပါတယ်။ Nothing ရဲ့ထုံးစံအတိုင်း ထွင်းဖောက်မြင်နိုင်တဲ့ Transparent Design နဲ့ ဆွဲဆောင်မှုရှိတဲ့ အဝါရောင်ကို ပေါင်းစပ်ထုတ်လုပ် ထားပါတယ်။ ရေစိုခံ IP54 အဆင့်သတ်မှတ်ချက်ပါရှိပြီး Battery သက်တမ်း ၅ နာရီဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၉၉ ဒေါ်လာဝန်းကျင်သာ ရှိပါတယ်။

(၃) Beats Fit Pro

Beats Fit Pro

Photo : The Verge

Beats Fit Pro ကတော့ ငြီးငွေ့ဖွယ် လောကကြီးနဲ့ ခဏတာ အဆက်ဖြတ်ချင်သူတွေရော ၊ ပြေးတာ Gym ကစားတာတို့လို အားကစားလုပ်သူတွေအတွက်ပါ အဆင်ပြေတဲ့ အမိုက်စား Wireless Earbuds တစ်ခုပါပဲ။ နားအတွင်းမှာ သက်တောင့်သက်သာနဲ့ တပ်ဆင်ရလွယ်ကူသလို ၊ ပြင်ပဆူညံသံတွေကိုလည်း လျော့ချပေးတဲ့ စနစ်ပါပါတယ်။ IPX4 ရေစိုခံ အဆင့်သတ်မှတ်ချက် ပါရှိပြီး ဘက်ထရီ သက်တမ်းကတော့ ၆ နာရီဝန်းကျင် ခံပါတယ်။ Beats Fit Pro ရဲ့ဈေးကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Samsung Galaxy Buds 2 Pro

Samsung Galaxy Buds 2 Pro

Photo : The Verge

Wireless Earbuds တွေအကြောင်း ပြောတဲ့အခါ Samsung Galaxy Buds 2 Pro ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ Samsung Galaxy Buds 2 Pro က အသံပိုင်းဆိုင်ရာ ကွာလတီ တော်တော်လေး ကောင်းမွန်တယ်လို့ ပြောရမှာဖြစ်ပြီး ပိုပေါ့ပါး ၊ ပိုသေးငယ်ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ နားအတွင်းမှာ တပ်ဆင်ရတာ အင်မတန် သက်တောင့်သက်သာ ရှိစေပါတယ်။ ရေစိုခံ IPX7 အဆင့်သတ်မှတ်ချက် ပါရှိပြီး Battery သက်တမ်း ၆ နာရီဝန်းကျင် အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀ ဝန်းကျင် ရှိပါတယ်။

ဒါလေးတွေကတော့ ငြီးငွေ့ဖွယ် လောကကြီးနဲ့ ခဏတာ အဆက်သွယ်ဖြတ် သီချင်းတွေနဲ့ လွင့်မြောချင်သူတွေရော ၊ အားကစားသမားတွေအတွက်ပါ သုံးလို့အဆင်ပြေမယ့် အမိုက်စား Wireless Earbuds လေးတွေပါ။

ကွီးတို့ရော မွန်းကြပ်နေချိန်တွေမှာ တစ်ယောက်တည်း သီချင်းတွေနဲ့ လွင့်မြောရတာ နှစ်သက်ပါသလား ???

Source : The Verge

Featured Photo : Rolling Stone