မကြာသေးကမှ ချစ်သူနဲ့ လမ်းခွဲပြတ်စဲထားတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကွီးတို့ ဒိတ်လုပ်တော့မယ်ဆိုရင် ရှောင်ရန်ဆောင်ရန်တွေ အများကြီး ရှိတယ်ဆိုတာတော့ နားလည်ထားဖို့ လိုပါမယ်။ Relationship တစ်ခုကနေ ရပ်တန့်ထားတာ မကြာသေးတဲ့ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက မတည်မငြိမ် ဖြစ်နေနိုင်သေးတယ်ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာအသစ်တွေ မခံစားရစေဖို့ စင်ဂယ် ဖြစ်တာ မကြာသေးတဲ့ ရှော်တီနဲ့ ဒိတ်တော့မယ်ဆိုရင် အခုပြောပြမယ့် အချက်တွေကို လိုက်နာဖို့ အကြံပေးချင်ပါတယ်။
(၁) ရှော်တီရဲ့ စိတ်အခြေအနေကို ကောင်းကောင်း သုံးသပ်ပါ
Photo : Couple Crafters
လောလောလတ်လတ် လမ်းခွဲထားသူတစ်ယောက်ဟာ နောက်ထပ် လူသစ်တစ်ယောက်နဲ့ဒိတ် လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဒါမှမဟုတ် Officially စင်ဂယ် ဖြစ်နေပြီလို့ ဘယ်တော့မှ မယူဆလိုက်ပါနဲ့။ ရှေ့က Relationship နဲ့ အမှန်တကယ် လမ်းခွဲပြတ်စဲပြီးတာ မှန်ရင်တောင် ခံစားချက်တွေ ရှုပ်ထွေးနေတာ ၊ မတည်ငြိမ်တာတွေ ရှိနေနိုင်သေးပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ လက်ရှိ သူမရဲ့ စိတ်ခံစားချက်တွေ ၊ ရပ်တန့်သွားတဲ့ ဆက်ဆံရေး အခြေအနေတွေကို သေသေချာချာ နားလည်သိရှိနိုင်ဖို့ ကြိုးစားပါ ၊ သူမရဲ့ စိတ်အခြေအနေကို သေချာလေး သုံးသပ်သင့်ပါတယ်။
(၂) ပွင့်ပွင့်လင်းလင်း စကားပြောကြည့်ပါ
Photo : Innovative Match
ရှေ့မှာ ပြီးပြတ်သွားတဲ့ Relationship နဲ့ ပတ်သတ်ပြီး လူတိုင်း ပြန်ပြောချင်စိတ် ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုက ဒီလို စင်ဂယ် ဖြစ်တာ မကြာသေးတဲ့ ရှော်တီကို ကွီးတို့ စိတ်ဝင်စားနေတယ် ၊ ဒိတ်လုပ်တော့မယ် ဆိုရင်တော့ သူမရဲ့ စိတ်ခံစားချက်တွေ သို့မဟုတ် ရှေ့ကလူနဲ့ အမှန်တကယ် ပြတ်မပြတ်ဆိုတာကို သေချာလေး ပွင့်ပွင့်လင်းလင်း စကားပြောဆို မေးမြန်းသင့်ပါတယ်။ မဟုတ်ရင်တော့ ကွီးတို့ ပလေးခံရနိုင်သလို နှစ်ဦးနှစ်ဖက် မလိုလားအပ်တဲ့ နာကျင်စရာတွေ ဖြစ်လာနိုင်ပါတယ်။
(၃) အတင်းအကြပ် ဖိအားပေးတာမျိုး ရှောင်ကြဉ်ပါ
Photo : Ladders
အရင်လူနဲ့ လမ်းခွဲအပြီးမှာ နောက်ထပ် လူသစ်တစ်ယောက်နဲ့ ဒိတ်လုပ်ဖို့ ၊ နောက်ထပ် Relationship အသစ်တစ်ခုကို စတင်ဖို့ လူတိုင်းက အဆင်သင့်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါကို ကွီးတို့ဘက်က အတင်းအကြပ် ချိန်းတွေ့ဖို့ တောင်းဆိုတာ ၊ သူမကို ကွီးတို့နဲ့ တွဲဖို့ ဖိအားပေးသလို သဘောသက်ရောက်စေတဲ့ လုပ်ရပ်တွေ လုပ်တာ စတဲ့ အချက်တွေကို အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ဘက်က အမှန်တကယ် သူမကို ချစ်မြတ်နိုးပြီး သူမကို ပိုင်ဆိုင်လိုစိတ်ရှိတယ်ဆိုရင် သူမဘက်က အဆင်သင့်ဖြစ်တဲ့ အချိန် ဒါမှမဟုတ် ကွီးတို့ကို လိုလိုလားလားဖြစ်တဲ့ အပြုအမူတွေကို တွေ့ရမှ နောက်ထပ်အဆင့်တွေကို တက်လှမ်းဖို့ ကြိုးစားသင့်ပါတယ်။
Source : Lifehacker
Featured Photo : Lifehacker