ထူးထူးခြားခြား ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်လို စစ်ပွဲ ကာလ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို အခြေခံထားတဲ့ Horror ဂိမ်းတွေ ရှိတယ်ဆိုတာ ကွီးတို့ သိပါသလား ? ပုံမှန်ဆော့နေကျ Horror ဂိမ်းပုံစံတွေနဲ့ မတူတဲ့ သွေးပျက်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းသွား အခင်းအကျင်းတွေ ၊ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး ဂိမ်းအတွေ့အကြုံကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ Horror ကောင်းကောင်း ဆော့ချင်တဲ့ ဂိမ်းချစ်သူ ကွီးတို့ကတော့ အခုပြောပြမယ့် ဂိမ်းတွေကို ကစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၁) Amnesia: The Bunker

 

Source : IGN

 

Amnesia: The Bunker ဂိမ်းကတော့ ပထမကမ္ဘာစစ် စစ်ပွဲကာလ အတွင်းက အခြေအနေကို အခြေခံထားပါတယ်။ Players တွေအနေနဲ့ ဘန်ကာထဲမှာ ပိတ်မိနေတဲ့ ပြင်သစ်စစ်သား ဇာတ်ကောင်နေရာကနေ ဆော့ကစားရမှာ ဖြစ်ပြီး အလင်းနဲ့အသံတွေနောက်ကို ခြေရာခံ အမဲလိုက်သတ်ဖြတ်မယ့် သဘာဝလွန် သတ္တဝါတွေ ရန်ကနေ လွတ်မြောက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

(၂) Zombie Army Trilogy

 

Source : GameSpot Trailers

Zombie Army Trilogy ဂိမ်းကတော့ နာဇီဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ရမယ့် ခြောက်ခြားဖွယ်ရာ Horror ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းက ဒုတိယကမ္ဘာစစ် ကာလကို အခြေခံထားပြီး နာဇီခေါင်းဆောင် ဟစ်တလာရဲ့ ဖုတ်ကောင် စစ်သားတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲရမယ့် အမိုက်စား ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) Martha Is Dead

Source : IGN

Martha Is Dead ဂိမ်းကတော့ ၁၉၄၄ ခုနှစ် အီတလီ စစ်ပွဲနောက်ခံ ဖြစ်ရပ်တွေကို အခြေခံထားတဲ့ ဂိမ်းဖြစ်ပါတယ်။ စစ်ပွဲကာလ အတွင်းက ဇာတ်ကြောင်းတွေနဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့ Horror ဂိမ်းတစ်ခုပါ။ ဒီဂိမ်းရဲ့ ဇာတ်လမ်းသွားကတော့ Martha နဲ့ Giulia ဆိုတဲ့ အမြွှာညီအစ်မ ၂ ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပြီး လက်တွေ့ဆန်တဲ့ စစ်ပွဲ နောက်ခံ မြင်ကွင်းတွေနဲ့ ကြောက်မက်ဖွယ် ထင်ယောင်ထင်မှား အဖြစ်အပျက်တွေနဲ့ ရင်တထိတ်ထိတ် ဆော့ရမှာ ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : Polygon