ယောက်ျားပီသမှု ဆိုတာကို ကွီးတို့ ဘယ်လိုနားလည်ထားပါသလဲ။ သတ္တိကောင်းတာ ၊ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ ရှိတာ ၊ လူတိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပေါင်းနိုင်တာ ၊ စိတ်ပိုင်း/ရုပ်ပိုင်းသန်မာကြံ့ခိုင်တာ စသည်ဖြင့် ဒါတွေဟာ ယောကျာ်းပီသတဲ့ အမျိုးသားတစ်ယောက်မှာ မြင်ရမယ့် လက္ခဏာတွေလို့ ယေဘုယျအားဖြင့် ထင်မှတ်ကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ စံချိန်စံနှုန်းတွေဟာ ဒီထက်အများကြီး ပိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိကိုယ်ကို ယောကျာ်းပီသပြီး စစ်မှန်တဲ့ ယောကျာ်း ကောင်းတစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်နိုင်မယ့် လမ်းညွှန်ချက် တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) စကားတည်ပါ

Man Reading a Book Inside the Library

Photo : Pexels

စစ်မှန်တဲ့ ယောကျာ်း ပီသသူတစ်ယောက်ဖြစ်ဖို့ အခြေခံအကျဆုံး စည်းမျဉ်းတစ်ခုက ကိုယ့်စကားကိုယ် တာဝန်ယူမှု အပြည့်ရှိတာပါပဲ။ မပေးနိုင်တဲ့ ကတိတွေကို အစကတည်းက မပေးပါနဲ့။ ကတိတစ်ခုပေးပြီးရင် ပေးထားတဲ့ကတိအတိုင်း တည်အောင်ကြိုးစားပါ။

(၂) အပြန်အလှန်လေးစားမှုရှိပါ

Photo : Pexels

လူတစ်ယောက်ဆီက လေးစားမှုကို လိုချင်ရင် သင်ကိုယ်တိုင်က အဲ့ဒီလူအပေါ် လေးစားမှုပေးရပါမယ်။ ဒါဟာ အပြန်အလှန်လေးစားမှုရဲ့ သဘောတရား ပါပဲ။ ယောကျာ်း ပီသသူတစ်ယောက်ဖြစ်ချင်ရင် အဆင့်အတန်းအနိမ့်အမြင့်မရွေး လူတိုင်းအပေါ် လူသားဆန်စွာနဲ့အပြန်အလှန်လေးစားမှု ရှိရှိပြောဆို ဆက်ဆံတက်ဖို့ အရေးကြီးပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပါ

Photo : Pexels

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတက်ခြင်းဟာ ကောင်းမွန်တဲ့ အမူအကျင့်တစ်ခု ဖြစ်သလို စစ်မှန်တဲ့ ယောကျာ်း ပီသသူတို့ရဲ့ သွင်ပြင်လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဘဝဆိုတာ အသက်ရှင်နေသ၍ လေ့လာသင်ယူစရာတွေနဲ့ ပြည့်နှက်နေတာပါ။ အဘက်ဘက်က ပြီးပြည့်စုံနေတဲ့ လူရယ်ဆိုတာ မရှိနိုင်ဘူး မဟုတ်လား။

(၄) ကိုယ့်ဘဝကိုယ် ထိန်းချုပ်ပါ

Man in White Dress Shirt and Black Framed Eyeglasses Holding a File Thinking

Photo : Pexels

ယောကျာ်းပီသသူ တစ်ယောက်ဟာ ကိုယ့်ဘဝကိုယ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိဖို့လိုပါတယ်။ ကိုယ့်ဘဝရဲ့ အစီအစဉ်တွေ ၊ ဆုံးဖြတ်ချက်တွေ ၊ လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်တွေ အားလုံးကို မိမိကိုယ်တိုင်ပဲ စီမံခန့်ခွဲ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ ဘာတွေက ကိုယ့်ဘဝရဲ့ ဦးစားပေးလဲ ၊ နံပါတ် ၁ အရေးကြီးဆုံးလဲဆိုတာကို ကွဲကွဲပြားပြား သိအောင်လုပ်ပါ။ ခံစားမှုနောက် မလိုက်မိအောင် ထိန်းပါ။ လမ်းမှားပေါ်ရောက်သွားရင် ကိုယ်တိုင်လမ်းမှန် ပြန်တည့်မတ်နိုင်စွမ်း ရှိရပါမယ်။

(၅) စကားနဲ့လုပ်ရပ် ထပ်တူကျအောင် ကြိုးစားပါ

success man

Photo : Pexels

ကိုယ်ပြောတဲ့စကားအတိုင်း အလုပ်နဲ့သက်သေပြနိုင်ရင် စစ်မှန်တဲ့ ယောကျာ်း တစ်ယောက်ဖြစ်ပါပြီ။ လူတစ်ယောက်မှာ ဆန္ဒနဲ့ စိတ်ကူးအိပ်မက်တွေကို နှုတ်ကထုတ်ဖော် ကြွေးကြော်ရုံနဲ့မပြီးပါဘူး။ တကယ်လက်တွေ့ကျကျ အောင်မြင်အောင် လုပ်ဖို့ ၊ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။ အဓိကပြောချင်တာကတော့ လေထဲတိုက်မဆောက်မိအောင် ကိုယ့်ကိုယ်ကိုယ် သွန်သင်ထားပါ။

 

Featured Photo : Pexels