ကော့တေးချစ်သူကွီးတို့အတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီ သီးများကို အသုံးပြုကာ အရသာ စွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးအမျိုးမျိုး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ် ကြိုက်နှစ်သက်တဲ့ စတော်ဘယ်ရီ အရသာ ကော့တေး ပြုလုပ်နည်းကို ရွေးချယ် ဖော်စပ်နိုင်ပါတယ်။
Fresh Strawberry Mojito

ဒီဖျော်စပ်နည်းကို အသုံးပြုမယ်ဆိုရင်တော့ အလှဆင်ဖို့ရန်အတွက် Mint အရွက် ၆ ရွက်၊ စတော်ဘယ်ရီသီး ၃ လုံး၊ ရမ်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ Simple Syrup စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆိုဒါရေ စားပွဲတင်ဇွန်း ၈ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။
အရင်ဦးဆုံး စတော်ဘယ်ရီသီး ၃ လုံးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် Cocktail Shaker ထဲတွင် ပင်စိမ်းရွက်များ ထည့်ကာ ကြိတ်ချေလိုက်ပါ။ ထို့နောက် စတော်ဘယ်ရီသီးများထည့်ကာ ထပ်မံ ကြိတ်ချေပေးရပါမယ်။ ထို့နောက် ရမ်၊ သံပုရာရည်နှင့် Simple Syrup တို့ထည့်ပါ။ ရေခဲအနည်းငယ်ထည့်ကာ Cocktail Shaker ရဲ့ အဖုံးကို ပိတ်ပြီး အေးသွားသည်အထိ လှုပ်ခါပေးလိုက်ပါ။
ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲထည့်ပါ။ အပေါ်ကနေ ဆိုဒါရေ လောင်းထည့်ကာ Mint အရွက်များ၊ စတော်ဘယ်ရီအနည်းငယ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့စိတ်ကြိုက် လတ်ဆတ်တဲ့ စတော်ဘယ်ရီ သီးများဖြင့် ပြုလုပ်ထားတဲ့ အရသာ စွဲမက်ဖွယ်ကောင်းတဲ့ Strawberry Mojito တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
Strawberry Daiquiri ကော့တေး ပြုလုပ်နည်း

စတော်ဘယ်ရီသီးများ ပန်းကန်လုံး ၂ လုံးစာ၊ Simple Syrup စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ စပရိုက် အချိုရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၈ ဇွန်းမှ ၁၂ ဇွန်းအထိ၊ ရေခဲ အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။
ပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရသည်အထိ မွှေပေးလိုက်ပါ။ ရေအချိန်အဆကို မိမိလိုသလောက် ချိန်ဆကာ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။
ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်ကာ သံပုရာသီးစိပ် အနည်းငယ်ဖြင့် အလှဆင်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ ကြိုက်နှစ်သက်တဲ့ Strawbeery Daiquiri တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
Strawberry Mimosa

Strawberry Mimosa တစ်ခွက် ဖျော်စပ်ချင်သူများအတွက် အအေးခံထားသော စတော်ဘယ်ရီသီး ပန်းကန်လုံး ၂ လုံးစာ၊ လိမ္မော်ဖျော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ရှန်ပိန် (သို့) စပါကလင် ဝိုင် စားပွဲတင်ဇွန်း ၈ ဇွန်း တို့ လိုအပ်ပါလိမ့်မယ်။
စတော်ဘယ်ရီသီးရဲ့ ရွက်ဖတ်စိမ်းများကို ဖယ်ရှားလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်လိုက်ပါ။ လိမ္မော်ရည် ထပ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
ထို့နောက် ကော့တေး ဖန်ခွက် တစ်ခွက်ချင်းစီသို့ ရှန်ပိန် (သို့) စပါကလင်ဝိုင် စားပွဲတင်ဇွန်း ၈ ဇွန်းစီ ခွဲထည့်လိုက်ပါ။ ထို့နောက် စောစောက ဖျော်ထားတဲ့ ကော့တေးဖျော်ရည်ကို ဝိုင်ပေါ်ကနေ အသာအယာ လောင်းထည့်လိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့အတွက် အရသာ ယစ်မူးသွားစေမယ့် Strawberry Mimosa ကော့တေး ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Acouplecooks
Featured Image: Fine Dining Lovers
