လူတစ်ယောက်သည် ကိုယ့်ကို စတွေ့တွေ့ချင်းကတည်းက သဘောကျသွားဖို့အတွက် တစ်စက္ကန့်ရဲ့ လေးပုံ တစ်ပုံလောက်သာ အချိန် လိုအပ်တယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ဒီလိုမျိုး စတွေ့ ကတည်းက အမှတ် တွေ ယူပစ်ချင်တယ် ကိုယ့်ကို သဘောကျသွားစေချင်တယ်ဆိုရင် ဘာတွေ ပြုလုပ်ဖို့ လိုအပ်မလဲ။

ကိုယ့်ဘက်ကပဲ အရင် နှုတ်ဆက်ပါ

couple in a coffee shop

ကိုယ်က လူကြီးလူကောင်းဆန်စွာနဲ့ပဲ အရင်ဦးဆုံး နှုတ်ဆက်စကားစပြောပါ။ ရှက်ကြောက်နေရင်တော့ သူများနောက် ပါသွားပါလိမ့်မယ်။ ရှက်ကိုး ရှက်ကန်း ဖြစ်မနေဘဲ ကိုယ့်ဘက်က စကားစပြောပါ။ ပုံမှန်အချိန်မှာ ကိုယ်က စကားနည်းတယ်ဆိုရင်တောင် သူ(မ)နဲ့ဆိုရင် စကားပြောဖို့ လမ်းကြောင်း ရှာပေးရပါမယ်။

ကြောင်တောင်တောင်နိုင်တဲ့ စကားလုံးတွေကို မေ့ထားလိုက်ပါ

couple

နေကောင်းလား။ ထမင်းစားပြီးပြီလား ဆိုတဲ့ ခေတ်က ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ အဲ့ဒီလို ကြောင်တောင်တောင် နိုင်တဲ့ စကားတွေက သူ(မ)ကို အစောကြီးကတည်းက စိတ်ကုန်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ် ပြောမယ့်စကားကို သေချာ ရွေးချယ်ပြီး ပလေးဘွိုင်းအထာမျိုး စကားတွေ ကြွယ်နေပါစေ။

ကိုယ့်ကိုယ်ကိုယ် ကြွားလုံး ထုတ်မနေပါနဲ့

confident man

ကွီးတို့ရဲ့ ဇိမ်ခံကားက ဘယ်လောက် တန်ကြေးရှိတယ် ဆိုတာလည်း စိတ်ဝင်စားမှာ မဟုတ်သလို ကွီးတို့ ဘယ်လောက် ကျွမ်းပြန်အောင် တော်တတ်နေတယ်ဆိုတာလည်း သူ(မ) မသိချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးတွေ ထုတ်နေမယ့်အစား သူ(မ)ကိုသာ သေချာ ဂရုစိုက်ဖို့လိုအပ်ပါလိမ့်မယ်။​

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိပါ

စတွေ့ အမှတ်

ကွီးတို့သာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေမယ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု တိုးနေမှာ အမှန်ပါပဲ။ ယုံကြည်ချက် ရှိခိုင်းတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် လွန်ကဲပြီး မောက်မာ ထောင်လွှားနေတာမျိုး၊ အိုဗာ ကွန်းဖီးဒန့်စ် ရှိနေတာမျိုး ဖြစ်မနေပါစေနဲ့။

မျက်လုံးချင်း စကားပြောပါ

စတွေ့ အမှတ်

အကြည့်ချင်း စကားပြောတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်က သူ(မ)ကို စိတ်ဝင်စားနေကြောင်း မျက်လုံးနဲ့ အသိပေးထားဖို့ လိုအပ်ပါမယ်။ နူးညံ့ပြီး ချိုမြိန်တဲ့ အကြည့်မျိုးနဲ့ ကြည့်တတ်ဖို့ လိုအပ်ပါမယ်။ ချစ်ရည်လဲ့နေတဲ့ မျက်ဝန်းတွေ ဖြစ်နေအောင် သေချာ လေ့ကျင့်ထားပါ။ သူ(မ) အမြင်ကတ်အောင်လည်း ကြည့်မနေဖို့ လိုအပ်ပါတယ်။

ဆိုရှယ်မီဒီယာချည်းပဲ လှိမ့်သုံးမနေပါနဲ့

စတွေ့ အမှတ်

သူ(မ)နဲ့ နှစ်ယောက်တည်း တွေ့ချင်လို့ ဒိတ်ပါတယ်ဆိုမှ ကွီးတို့ ဖုန်းထဲက ဆိုရှယ်မီဒီယာကိုချည်းပဲ လှိမ့်သုံးနေရင်တော့ သူ(မ)ဆီက အမှတ်တော့ မရဘူး။ အမှန်းတွေပဲ ရသွားပါလိမ့်မယ်။ ကွီးတို့အနေနဲ့ သူ(မ)ကို အလေးထားကြောင်း ပြသဖို့ လိုအပ်ပါလိမ့်မယ်။ သူ(မ)ကို ရှေ့တည့်တည့်မှာ ထားပြီး ဆိုရှယ်မီဒီယာတွေ လှိမ့်သုံးနေတာက သူ(မ)ကို အလေးမထားတာနဲ့ အတူတူပါပဲ။

ငြင်းခုန်ရနိုင်ခြေရှိတဲ့ ခေါင်းစဥ်မျိုးကို ရှောင်ပါ

စတွေ့ အမှတ်

ဘာသာရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ အရင်က ရည်းစားဟောင်းတွေအကြောင်း အစရှိတဲ့ ငြင်းခုန်ရနိုင်ခြေရှိတဲ့ ခေါင်းစဥ်မျိုးဆိုရင် အစကတည်းက အစပျိုးကာ စကားမပြောမိပါစေနဲ့။ သဘောထား မတိုက်ဆိုင်ရင် ငြင်းခုန်ရတာပဲ အဖတ်တင်ပြီး ကွီးတို့ရဲ့ ဆက်ဆံရေးလည်း ပျက်သုဥ်းသွားနိုင်ပါတယ်။ ပထမ စတွေ့ ကတည်းက အမှတ် ယူချင်တယ်ဆိုရင် ဒီအချက်ကို သေချာ ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော စတွေ့တွေ့ချင်းမှာ ဘယ်လိုမျိုး အမှတ်ယူလေ့ရှိပါသလဲ။

Source: Lovepanky

Featured Image: Manofmany