စမတ်ဖုန်း တစ်လုံး သုံးနေပြီးတော့ ကိုယ့် ဖုန်းအကြောင်း သေချာ မသိဘူးဆိုရင်တော့ ဒုက္ခနဲ့ လှလှ တွေ့သွားမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ ဖုန်းအကြောင်း သိဖို့ဆိုရင် စပ်စပ်စုစုနဲ့ ဟိုအကြောင်း လေ့လာ၊ ဒီနည်းပညာ လေ့လာ စသည်ဖြင့် စူးစမ်း လေ့လာလိုစိတ်ရှိရပါမယ်။

ယနေ့ခေတ်လို လူလိမ်လူကောက်တွေ များတဲ့ ခေတ်ကြီးထဲမှာ စမတ်ဖုန်း တစ်လုံး သုံးနေပြီး အခုဖော်ပြမယ့် အကြောင်းအရာများကို မသိသေးရင်တော့ ဒုက္ခနဲ့ လှလှ တွေ့သွားမှာ အသေအချာပါပဲဗျို့။

ဓာတ်ပုံနဲ့ အရေးကြီးတဲ့ ဒေတာတွေကို သေချာ Back Up လုပ်ထားရဲ့လား

Back Up

ကွီးတို့က မတော်လို့ ဖုန်းပျောက်သွားတယ်ပဲ ဆိုကြပါစို့။ ဒါဆိုရင် ကွီးတို့ ဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေ၊ အရေးကြီး ဓာတ်ပုံတွေကို ဘယ်လိုပြန်ပြီး ရယူမှာလဲ။ ယနေ့ခေတ်လို နည်းပညာ မြင့်မားတဲ့ ခေတ်ကြီးထဲမှာ မလုပ်နိုင်တာ မရှိပါဘူး။ ကွီးတို့ရဲ့ ဓာတ်ပုံနဲ့ အရေးကြီးတဲ့ ဒေတာတွေကို သေချာ Back Up လုပ်ထားမယ်ဆိုရင်တော့ ကွီးတို့ ဖုန်းက ဘယ်ဆီ ဘယ်ဝယ်ပဲ နေနေ၊ ဖုန်းအသစ်တစ်လုံးပဲ ပြောင်းသုံးသုံး အရေးကြီးတာတွေ မှန်သမျှကို ပြန်ရယူနိုင်ပါတယ်။

Shortcuts တွေက အလှပြထားတာ မဟုတ်

Shortcuts

ကွီးတို့ ဖုန်းမှာ Shortcuts တွေ မြင်တွေ့ရပါလိမ့်မယ်။ ထို Shortcuts တွေက အလှကြည့်ဖို့ သပ်သပ် မဟုတ်ပါဘူးဗျို့။ သေချာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ အချိန်ကုန် သပ်သပ်စေပြီးက ကွီးတို့ကို အလုပ်ရှုပ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ ဖုန်းထဲမှာ ပါတဲ့ Shortcuts တွေကိုလည်း သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။

သီချင်းတွေ သိမ်းထားဖို့အတွက်တော့ Cloud Storage ကို သုံးပါ

စမတ်ဖုန်း လှလှ

ကွီးတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို နားထောင်နိုင်ဖို့အတွက် ဖုန်းမှာ ဒီအတိုင်း ထားထားတာမျိုး မဟုတ်ဘဲ Cloud Storage မှာ သိမ်းထားမယ်ဆိုရင် စက်ဟန်းတာမျိုး ရှိမှာ မဟုတ်တော့ပါဘူး။ Cloud Storage ဆိုတာသည်လည်း သေချာ အသုံးချတတ်မယ်ဆိုရင် ကွီးတို့အတွက် အရေးကြီးတဲ့ ဒေတာတွေအကုန်လုံးကို သိမ်းဆည်းပေးထားနိုင်ပါတယ်။

ဖုန်းကနေတဆင့် အလုပ်လုပ်

စမတ်ဖုန်း လှလှ

ကွီးတို့က အပြင်ရောက်နေလို့ Laptop နဲ့ ဝေးနေလို့ဆိုပြီး အလုပ် မလုပ်နိုင်တာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ ဖုန်းကနေတဆင့် အလုပ်လုပ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ဖုန်းထဲမှာ Gmail တွေ Browser မျိုးစုံ ရှိပါတယ်။ ထိုထဲကနေတဆင့် ကွီးတို့ အလုပ်နဲ့ သက်ဆိုင်တဲ့ ဝက်ဆိုဒ်တွေဆီသွားကာ ကွီးတို့ စမတ်ဖုန်းနဲ့ အေးအေးလူလူ အလုပ်လုပ်နိုင်ပါတယ်။

တွေ့ကရာလင့်ခ်ထဲ လျှောက်မဝင်ပါနဲ့

စမတ်ဖုန်း လှလှ

ကွီးတို့ ဖုန်း မက်ဆေ့ထဲကို ကြော်ငြာမျိုးစုံ၊ လင့်ခ်မျိုးစုံ ဝင်ရောက်နေမှာပါပဲ။ ထိုလင့်ခ်တွေကို ယုံစားပြီး လျှောက်ဝင်လို့ကတော့ ကွီးတို့ရဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်တွေ အားလုံး ပျက်သွားမှာပါ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ တွေ့သမျှ လင့်ခ်တွေထဲကို မဝင်ဘဲနဲ့ သေချာ စစ်ဆေးပြီးမှ ဝင်ရောက်တာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော ကိုယ် သုံးနေတဲ့ စမတ်ဖုန်းအကြောင်း ဘယ်လောက်သိပါသလဲ။

Source: Grafdom.com

Featured Image: Rferl.org