လေ့လာတွေ့ရှိချက် အသစ်အရ စမတ်ဖုန်း တွေသည် ပုရိသတို့ရဲ့ သုတ်ပိုး အရေအတွက်နဲ့ အရည်အသွေးကို လျော့ချစေနိုင်တယ်လို့ အဆိုပြုထားကြပါတယ်။ ဒါသည် တကယ်ပဲ မှန်ရဲ့လား။

ဘယ်အချိန်တုန်းက ဘယ်လို လေ့လာပြီး တွေ့ရှိခဲ့တာလဲ

a researcher

အမျိုးသား အယောက် ၂၈၈၆ ယောက်ကို သုတေသန ပြုထားခဲ့တာဖြစ်ပြီး သူတို့တွေ အကုန်လုံးက ဆွီဒင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ အသက်ကတော့ ၁၈ နှစ်နဲ့ ၂၂ နှစ်ကြား ရှိကြပါတယ်။ သူတို့ကို ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အထိဆိုပြိး အချိန်အကြာကြီးယူကာ သုတေသန ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

တစ်နေ့လျှင် အကြိမ်ရေ ၂၀ ကြိမ်လောက် ဖုန်းသုံးကြတဲ့ အမျိုးသားတွေသည် ၁၃ နှစ်ကြာတဲ့အခါမှာတော့ သူတို့ရဲ့ သုတ်ပိုး အရေအတွက်နဲ့ ကွာလတီသည် ၂၁ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဖုန်း လှိုင်းအမျိုးအစားတွေဖြစ်တဲ့ 2G ကနေ 3G ၊ တစ်ဖန် 3G ကနေ 4G အဖြစ်သို့ ပြောင်းလဲသွားခြင်းကလည်း ဒီအပေါ်မှာ အများကြီး သက်ရောက်တယ်လို့ ဆိုထားကြပါတယ်။

အကြောင်းအရာ ခိုင်လုံရဲ့လား

စမတ်ဖုန်း သုတ်ပိုး

ထိုသုတေသနထဲမှာ လစ်ဟာနေတဲ့ အချက်တစ်ခုကတော့ စမတ်ဖုန်း အသုံးပြုသူတွေက သူတို့ ဖုန်းကို ဘယ်လို အသုံးပြုကြလို့ သုတ်ပိုး အရေအတွက် လျော့ကျရသလဲဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။ တချို့ ကျွမ်းကျင်ပညာရှင်များကလည်း ပိုမိုတိကျ ခိုင်လုံတဲ့ သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဆိုထားပါသေးတယ်။ ရေးလ် ဆေးကျောင်းက ဒါရိုက်တာ တစ်ယောက်ဖြစ်သူ Stanton Honig ကတော့ ထိုသုတေသနသည် ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတဲ့ အကြောင်းအရာနဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ သုတေသန ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ထားပါတယ်။ လက်ရှိမှာလည်း ထိုအကြောင်းအရာကို တိတိကျကျ သက်သေပြနိုင်တဲ့ သိပ္ပံနည်းကျ သက်သေပြဖို့ရာလည်း ခက်ခဲတယ်လို့ ထပ်ပေါင်း ပြောကြားထားပါသေးတယ်။

ဖုန်းမှ ထွက်တဲ့ လှိုင်းတွေက တကယ်ပဲ သုတ်ပိုးအပေါ် သက်ရောက်မှု ရှိနေတာလား

စမတ်ဖုန်း သုတ်ပိုး

ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များကတော့ စမတ်ဖုန်းတွေက ထွက်ရှိတဲ့ RF လှိုင်းတွေသည် အမျိုးသားထုကြီးရဲ့ သုတ်ပိုး ကွာလတီကို ကောင်းကောင်းကြီး လျော့ချပစ်တယ်ဆိုတာကတော့ အမှန်ပဲလို့ ထောက်ခံထားပါတယ်။ ဒါ့ကြောင့် ကွီးတို့ ဖုန်းသုံးတဲ့အခါ ညီလေးနဲ့ ဖွားဖက်တော် အနီးတစ်ဝိုက်မှာ အသုံးပြုရင်တော့ ဖွားဖက်တော်ရဲ့ အပူချိန်ကို မြင့်တက်သွားစေပြီး သုတ်ပိုး ကွာလတီကို လျော့ချပစ်နိုင်တယ်လို့ သိရှိရပါတယ်။ စမတ်ဖုန်း တစ်ခုတည်း မဟုတ်ပါဘူး။ လက်ပ်တော့နဲ့ တက်ပလက်တို့ကိုလည်း ပေါင်ပေါ် တင်သုံးတာမျိုးတွေကို ရှောင်ကြဥ်သင့်ပါတယ်။

ကွီးတို့ရော စမတ်ဖုန်းတွေ၊ လက်ပ်တော့နဲ့ တက်ပလက်တို့ကို ညီလေးနဲ့ ဖွားဖက်တော် အနီးတစ်ဝိုက်မှာ ထားပြီး အသုံးပြုနေကြတာလား။

Source: Mensjournal.com

Featured Image: Walesonline.co.uk