နည်းပညာတွေက တစ်နေ့ပြီး တစ်နေ့ တိုးတက်ပြောင်းလဲနေတာကြောင့် မနက်ဖြန်မှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာသည် ခန့်မှန်းရ ခက်ပါတယ်။ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ တချို့ပညာရှင်တွေကတော့ အနာဂတ်မှာ စမတ်ဖုန်း တွေအစား အစားထိုး ဝင်ရောက်လာမယ့် ပစ္စည်းတွေက အမျိုးမျိုး ရှိနိုင်ကြောင်း ခန့်မှန်းချက် ပေးကြပါတယ်။

ကွီးတို့ရော အနာဂတ်မှာ စမတ်ဖုန်း တွေအစား ဘယ်အရာတွေက အစားထိုး ဝင်ရောက်လာမယ်လို့ ထင်ပါသလဲ။

ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်လို့ရတဲ့ ပစ္စည်းများအဖြစ် ပြောင်းလဲသွားမယ်

smart device

ထင်သာမြင်သာတဲ့ ဥပမာတစ်ခုကို ပြောရမယ်ဆိုရင်တော့ စမတ် လက်ပတ်နာရီတွေ၊ စမတ် မျက်မှန်များနဲ့ AR Headsets တွေပဲဖြစ်ပါတယ်။ စမတ်ဖုန်းတွေသည်လည်း အနာဂတ်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်လို့ရတဲ့ ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲမသွားဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

AR (သို့) VR တွေလည်း ခေတ်စားလာမယ်

AR and VR

Augmented Reality လို့ခေါ်တဲ့ AR နဲ့ Virtual Reality လို့ခေါ်တဲ့ VR နည်းပညာများကို ဂိမ်းကစားသူများအတွက်နဲ့ ဖျော်ဖြေရေးပိုင်းတို့တွင် ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံများ ခံစားနိုင်ဖို့အတွက် ထုတ်လုပ်လာခဲ့တာကို မြင်တွေ့ရပါလိမ့်မယ်။ အနာဂတ်မှာလည်း AR နဲ့ VR တွေသည် ခေတ်စားလာမယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။

Internet of Things (IoT)

စမတ်ဖုန်း အစားထိုး

Internet of Things (IoT) ကို အလွယ်ပြောရမယ်ဆိုရင်တော့ ကွန်ရက်တစ်ခုကနေ Device အများကြီးကို ဆက်သွယ် အသုံးပြုနိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဥပမာ ပြောရရင် အိမ်သုံး စမတ် ပစ္စည်း အမျိုးအစားတွေကို အိမ်စီးကားများ၊ အခြားသော အသုံးအဆောင် ပစ္စည်းများနဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Artificial Intelligence (AI) Assistants

စမတ်ဖုန်း အစားထိုး

Siri ၊ Alexa နဲ့ Google Assistant ဆိုတဲ့ AI Assistant တွေသည် ယနေ့ခေတ်မှာ အသုံးများလာကြတာပဲ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ထိုအရာတွေက ပိုပြီး အသုံးများလာမှာပဲ ဖြစ်ပါတယ်။

 BCIs ခေါ် Brain-Computer Interfaces

စမတ်ဖုန်း အစားထိုး

ဒီနည်းပညာကတော့ ဦးနှောက်နဲ့ ပြင်ပက စက်ပစ္စည်းတစ်ခုခုကို ချိတ်ဆက်ပြီး အသုံးပြုရမယ့် နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဦးနှောက်ထဲက တွေးနေတဲ့ အတွေးများ၊ စိတ်ကူး စိတ်သန်းများကို ထိတွေ့ကိုင်တွယ်လို့ရတဲ့ စခရင်မ်ပေါ်မှာ ပြသနိုင်မယ့် နည်းပညာမျိုးပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကလည်း အနာဂတ်မှာ အသုံးများလာမယ့် အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အနာဂတ်မှာ စမတ်ဖုန်း တွေအစား ဘယ်လိုအရာတွေက အစားထိုး ဝင်ရောက်လာမယ်လို့ ထင်ပါသလဲ။

Source: Blackview.hk

Featured Image: Inc.com