Motorola ကနေ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Moto E13 ရဲ့ ဈေးသက်သာတဲ့ ဗားရှင်း Moto E14 ကို ယခုအခါမှာ တိတ်တဆိတ် ထုတ်ဖော်ကြေညာ သွားခဲ့ပါတယ်။ ဒီဖုန်းက ယူရို ၇၀ ဝန်းကျင်သာရှိတဲ့ စျေးနှုန်းသင့် စမတ်ဖုန်း တစ်လုံးပါ။

Motorola Moto E14

Photo : GSMArena.com

Moto E14 မှာ Unisoc T606 Chipset ကို အသုံးပြုပေးထားပြီး 2GB RAM နဲ့ လာပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 14 Go Edition ကို အသုံးပြုပေးထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ E13 မှာ အသုံးပြုခဲ့တဲ့ eMMC ရဲ့ 64GB Built-In Storage ကနေ UFS 2.2 ကို အဆင့်မြှင့်ပေးလာပါတယ်။ microSD Slot လည်း ထည့်ပေးထားတာဆိုတော့ Storage နဲ့ ပတ်သတ်ပြီး စိတ်ပူစရာတော့ မရှိပါဘူး။

ဒါ့အပြင် E13 နဲ့မတူတဲ့ နောက်ထပ် အဆင့်မြှင့်တင်မှုတွေလည်း ရှိပါသေးတယ်။ မျက်နှာပြင်ကတော့ HD+ Resolution ထောက်ပံ့ပေးထားတဲ့ ၆.၅၆ လက်မ IPS LCD Panel ပါရှိပြီး ယခုအခါမှာ Upgrades အနေနဲ့ 90Hz Refresh Rate နဲ့ Gorilla Glass 3 ဖုံးအုပ်ပေးထားပါတယ်။ ရေစိုခံနိုင်ရည်ရှိတဲ့ IP52 အဆင့်သတ်မှတ်ချက်လည်း ပါရှိပါတယ်။

ဘက်ထရီပိုင်းမှာ Moto E13 မှာ သုံးခဲ့တဲ့အတိုင်း 15W Charging စနစ် ပံ့ပိုးပေးထားတဲ့ 5,000mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဒီအပိုင်းမှာတော့ ယခင် Moto E13 ထက် အများကြီး တိုးတက်လာတာမရှိပေမယ့် ၅၀ ရာခိုင်နှုန်းလောက်တော့ တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုရမှာပါ။ အားနည်းချက်အနေနဲ့ Moto E14 စမတ်ဖုန်း မှာ 10W Charger သာ ထည့်ပေးထားတာ ဖြစ်ပါတယ်။

Motorola Moto E14

Photo : GSMArena.com

ကင်မရာပိုင်းကလည်း အတူတူဖြစ်ပြီး ကျောဘက်မှာ 30fps မှာ 1080p နဲ့ ဗီဒီယို ရိုက်ကူးနိုင်တဲ့ 13MP Main ကင်မရာ ၁ လုံး တပ်ဆင်ပေးထားပြီး ဆယ်လ်ဖီကင်မရာ အနေနဲ့တော့ 30fps မှာ 1080p နဲ့ ဗီဒီယို ရိုက်ကူးနိုင်တဲ့ 5MP ကင်မရာ ၁ လုံး ပါပါတယ်။ Moto E14 စမတ်ဖုန်း မှာ ဆယ်လ်ဖီကင်မရာကတော့ ယခင်နဲ့မတူတဲ့ အဆင့်မြှင့်တင်မှု တစ်ခုအဖြစ် ပြောင်းလဲလာတဲ့ အချက်တစ်ခုရှိပြီး ဒါကတော့ ဆယ်လ်ဖီ ကင်မရာကို Notch အစား Punch Hole အတွင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နောက်ထပ် Features တွေအနေနဲ့ 3.5mm နားကြပ်ပေါက် ပါဝင်သလို Dolby Atmos ပါရှိတဲ့ စပီကာတစ်လုံးလည်း ပါပါတယ်။ Moto E14 ဟာ Dual-SIM အသုံးပြုနိုင်တဲ့ 4G စမတ်ဖုန်း တစ်လုံးဖြစ်ပြီး Wi-Fi 5 (ac) နဲ့ Bluetooth 5.0 (no NFC) တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Motorola Moto E14

Photo : GSMArena.com

RAM / Storage အတွဲအစပ်ကတော့ 2/64GB ဗားရှင်း တစ်မျိုးတည်းနဲ့သာ လာမှာဖြစ်ပြီး အရောင်တွေအနေနဲ့ Pastel Green ၊ Pastel Purple နဲ့ Graphite Grey ဆိုပြီး ရွေးချယ်စရာ အရောင် ၃ မျိုး ရှိပါတယ်။ Moto E14 ကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာတော့ Amazon UK ကဲ့သို့ Retailers တွေကနေ တဆင့် စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com