လူတစ်ယောက် ကြည့်ကောင်းဖို့အတွက် အသက်အရွယ် ၊ ရုပ်ရည်ထက် သူဘယ်လို ဝတ်စားသလဲဆိုတဲ့ အချက်က ပိုလို့တောင် အရာရောက်တာတွေ ရှိပါတယ်။ အသက်၂၃ နှစ်ပဲ ရှိသေးတဲ့ မင်းသားချော တင်မိုသီ ချာလမက်ကနေ အသက် ၆၆ နှစ်အရွယ် ပီးယားစ် ဘရော့စ်နန်အထိ ဖက်ရှင်မိသူတွေဟာ အခုထဲ Style Icon အဖြစ် ရပ်တည်နိုင်ပါတယ်။ ခေတ်အလိုက် ဖက်ရှင်ပုံစံတွေ ပြောင်းလာခဲ့တာတောင် အခုထက်ထိ ကမ္ဘာ့ပေါ်က ဖက်ရှင်အကျဆုံး အမျိုးသားတွေဆီက ဝတ်စားဆင်ယင်မှုမှာ အတုယူရဆဲပါပဲ။ ဒါကြောင့်ပဲ အမျိုးသားတို့ အတုယူဖို့ ဖက်ရှင်အကျဆုံး အမျိုးသားတချို့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
(၁) Rami Malek

Photo : Fashion Beans
အော်စကာဆုရ ဂျိမ်းစ်ဘွန်းဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရာမီ မဲလ်လစ်ခ်ဟာ သက်လတ်ပိုင်း အမျိုးသားတို့အတွက် အတုယူစရာ ဖက်ရှင်မင်းသားတစ်လက်ပါပဲ။ မဲလစ်ခ်ဟာ တောက်ပရဲရင့်တဲ့ Bold Pattern ရှပ်တွေ ဝတ်လေ့ရှိပြီး အခမ်းအနားအလိုက် ကတ္တီပါဂျက်ကတ်တွေ ဝတ်လေ့ရှိပါတယ်။ ဘောင်းဘီကို အနက်ရောင် Tailored ချုပ် ချည်ဘောင်းဘီတွေ ဝတ်လေ့ရှိပါတယ်။
(၂) Brad Pitt

Photo : Fashion Beans
ယောကျ်ားပီသမှုနဲ့ စတိုင်အမိဆုံး မင်းသားတွေအကြောင်း ပြောတဲ့အခါ ဟောလီဝုဒ်မင်းသားကြီး ဘရက်ဒ်ပစ်ကို ချန်ထားလို့ မရပါဘူး။ နှစ်ပေါင်းများစွာ ကြာအောင် ဘရက်ဒ်ပစ်ရဲ့ ဆံပင်ပုံစံ ၊ ဟန်ပန်အမူအယာ နဲ့ အဝတ်အစား ဝတ်ဆင်မှုဟာ လူငယ်တွေအကြားမှာ အားကျအတုယူစရာ ဖြစ်ခဲ့ပါတယ်။ ပွဲတက်စရာ ရှိရင် Tuxedo ဝတ်တတ်ပေမယ့် ပေါ့ပေါ့ပါးပါး ဆိုရင် Flat Caps ၊ Double Denim ၊ Retro T-Shirt ၊ လယ်သာဂျာကင် နဲ့ ဟာဝေယံရှပ်တွေကို ရာသီအလိုက် Casual ကျကျ ဝတ်တတ်ပါတယ်။
(၃) David Beckham

Photo : Fashion Beans
ဘဝတစ်လျှောက်လုံး အောင်မြင်မှု ၊ ရုပ်ရည် ၊ ဖက်ရှင် ၊ မျိုးရိုးဂုဏ်ဒြပ် နဲ့ ထင်ပေါ်ကျော်ကြားခြင်းတွေ အလီလီ အခါခါ သိမ်းပိုက်နိုင်ခဲ့တဲ့ အင်္ဂလန်ဘောလုံးအကျော်အမော် ဘက်ခ်ဟမ်းဟာ ဖက်ရှင်လောကမှာလည်း ဆရာတစ်ဆူလို ကျော်ကြားလှပါတယ်။ ဘက်ခ်ဟမ်းရဲ့ စတိုင်ဟာ ဘောလုံးကွင်းထဲကနေ ဘာဂင်ဟမ် နန်းတော်အထိ အတွေ့အကြုံ စုံလင်များပြားလှပါတယ်။ သူ့ရဲ့ ပုံမှန် စတိုင်ကတော့ Smart Casual ဖက်ရှင်မျိုး ဖြစ်ပြီး Suede Bomber နဲ့ Dior ထုတ် ဖက်ရှင်တွေ ဝတ်လေ့ရှိပါတယ်။
(၄) Pierce Brosnan

Photo : Fashion Beans
အဖိုးကြီးတစ်ယောက် ဖြစ်တဲ့အထိ ဖက်ရှင်နဲ့ ပတ်သက်ရင် ချီးကျူးလောက်အောင် ခေတ်မီသူတစ်ဦးက တစ်ခါက ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယားစ် ဘရော့စ်နန်ပဲ ဖြစ်ပါတယ်။ Classic Suit နဲ့ ပွဲတက်များလေ့ရှိတဲ့ မင်းသားကြီးဟာပေါ့ပါးပြီး နုပျိုမှုကို ပေါ်လွင်စေအောင် အရောင် အစပ်အဟပ်နဲ့ တကွ ဝတ်ဆင်တတ်သူလည်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး အတွက် Suede Bomber နဲ့ နေကာမျက်မှန်ဖက်ရှင်ကို အကြိုက်ဝတ်လေ့ရှိပါတယ်။
(၅) Timothee Chalamet
Photo : Fashion Beans
Dune ရုပ်ရှင်မှာ လူသိများသွားတဲ့ အမေရိကန်မင်းသားချော တင်မိုသီ ချာလမက်ဟာ ဖက်ရှင်ပါရမီရှင် Haider Ackermann ရဲ့ လက်ရာတွေကြောင့် ဖက်ရှင်ဘက်မှာလည်း ထင်ပေါ်ကျော်ကြားလာပါတယ်။ အရင်ကတည်းက LV အတွက် မော်ဒယ်လုပ်ပေးခဲ့တဲ့ ချာလမက်ဟာ ဖက်ရှင်ကို ဘယ်လို ဆင်ရမလဲ ကောင်းကောင်း ကျင်လည်ခဲ့ပြီး Dune မှာ သူ့ဖက်ရှင်ဆင်ယင်မှုကလည်း အများအာရုံကို ဖမ်းစားနိုင်စွမ်း ရှိခဲ့ပါတယ်။
Featured Photo : Fashion Beans
 
											
				 
									
 
	 
	 
	 
	 
	 
	