လူတိုင်းသည် အချစ်နွံထဲမှာ နစ်မြောတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်လွန်းတော့လည်း အချစ်နွံထဲ နစ်ကြတာ ဆန်းတော့မဆန်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ စိတ်တိုင်းကျ ကခုန် ပြီးတဲ့နောက်မှာ ဂရုတစိုက် လုပ်ဆောင်ရမယ့်အချက်တချို့ရှိပါတယ်။ ဒါမှသာလျှင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများ၊ Relationship ကြားထဲက ပြဿနာများကို ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

သန့်ရှင်းရေး လုပ်ပါ

သန့်ရှင်းရေး လုပ်ပါ

စိတ်တိုင်းကျ ကခုန် ပြီးတဲ့နောက်မှာ ကွီးတို့အခန်းက အရင်ကလို လှလှပပနဲ့ သပ်ရပ် သန့်ရှင်းနေမှာမဟုတ်ပါဘူး။ မသန့်မရှင်းဖြစ်နေတဲ့အခန်းသည် ဘက်တီးရီးယားများ ခိုဝင်ပေါက်ဖွားနိုင်ပြီး ကွီးတို့ရဲ့ နှစ်ယောက်စလုံးရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် ကိစ္စအားလုံး ပြီးမြောက်သွားတဲ့အခါ အခန်းကို သန့်ရှင်းရေး ပြုလုပ်ဖို့ မမေ့ပါနဲ့။

အပေါ့သွားပါ

အပေါ့သွားပါ

အမျိုးသမီးများသည် နှစ်ပါးသွားကပြီးတဲ့နောက်မှာ အပေါ့သွားကြတာမျိုးကို တွေ့မြင်ပါလိမ့်မယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ ဖြစ်ပွားနိုင်ချေပိုများလို့ပါပဲ။ အမျိုးသားများရဲ့ ဆီးလမ်းကြောင်းကတော့ အမျိုးသမီးများထက် ပိုရှည်တဲ့အတွက်ကြောင့် အမျိုးသမီးများထက် ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါပေမဲ့ ကွီးတို့က အချိန်မီ အမြန်ဆွဲထုတ်ခြင်း (Pull Out) နည်းလမ်းကို အသုံးပြုတယ်ဆိုရင်တော့ တစ်ချီနဲ့ တစ်ချီကြား အပေါ့သွားခြင်းသည် ကွီးတို့ရဲ့ ညီလေးပေါ်မှာ ကျန်ရစ်ခဲ့တဲ့ သုတ်ပိုးများကို ဆီးနဲ့အတူ ဖယ်ရှားပေးလိုက်ရာရောက်ပြီး ကိုယ်ဝန်ရနိုင်ချေ ပိုနည်းပါတယ်။ (သို့သော်ငြားလည်း Pull Out နည်းလမ်း အသုံးပြုတဲ့ စုံတွဲ အယောက် ၁၀၀ မှာ ၄ ယောက်ကတော့ ကိုယ်ဝန်ရသွားနိုင်ခြေ ရှိတာကိုလည်း မေ့မထားသင့်ပါဘူး။) တကယ်လို့ ကွီးတို့က ကလေး မယူချင်သေးဘူးဆိုရင်တော့ ဒီနည်းလမ်းအပြင် အခြားနည်းလမ်းတစ်မျိုးမျိုးကိုလည်း အသုံးပြုသင့်ပါတယ်။

အတူတူ ရေချိုးပါ

စိတ်တိုင်းကျ ကခုန်

စိတ်တိုင်းကျ ကခုန် ပြီးနောက် ရေချိုးခြင်းသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ဦးသား အတူတူရေချိုးတဲ့ အခါမှာတော့ နှစ်ဦးသားစလုံးအတွက် စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်ပြီး စိတ်ပါလာပြန်တဲ့အခါ ရေချိုးခန်းထဲမှာ ထပ်ပြီး ကခုန်နိုင်ပါသေးတယ်။

လူကြီးကစားစရာများကို သေချာဆေးကြောပါ

စိတ်တိုင်းကျ ကခုန်

လူကြီးကစားစရာများကတော့ ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုပြီးတဲ့နောက်မှာတော့ ပြန်လည်ဆေးကြော သန့်စင်ပေးဖို့ မမေ့ပါနဲ့။ အသုံးပြုပြီးတဲ့နောက်မှာ ချက်ချင်း ဆေးကြောမယ်ဆိုရင် ဘက်တီးရီးယားများ ပေါက်ဖွားခိုအောင်း နိုင်ခြေလည်း နည်းသွားပါလိမ့်မယ်။

အသုံးပြုပြီးတဲ့ ကွန်ဒုံးတွေကို သေချာစွန့်ပစ်ပါ

စိတ်တိုင်းကျ ကခုန်

ကွီးတို့ အသုံးပြုပြီးတဲ့ ကွန်ဒုံးများကို သေချာ လွှင့်ပစ်ဖို့ မမေ့ပါနဲ့။ အိမ်သာခွက်ထဲ စွန့်ပစ်လိုက်တာမျိုးလည်း မလုပ်ရပါဘူး။ ကိုယ့်ရဲ့ ကိစ္စကို ကိုယ် ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကချည်းပဲ အကုန်လုံး လိုက်လံကာ သန့်ရှင်းရေး လုပ်နေရပြီး ကွီးတို့ကတော့ အေးဆေး ဇိမ်နဲ့ နေနေတယ်ဆိုရင်တော့ တရားမျှတမှုရှိမှာ မဟုတ်ပါဘူး။

နှစ်ဦးသား ပွေ့ဖက်ထားပါ

စိတ်တိုင်းကျ ကခုန်

နှစ်ပါးသွားကပြီးတဲ့နောက်မှာ ပွေ့ဖက်ထားမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားထဲက သံယောဇဥ်အတိုင်းအတာတစ်ခုကို ဆထက်တန်ဖိုး တိုးလာအောင် ကူညီပေးနိုင်ပါတယ်။ နှစ်ဦးသား ကြားထဲမှာလည်း အရင်ကထက် ပိုမိုနီးကပ်သွားသလို ခံစားရပြီး စိတ်ချင်းလည်း နီးစပ်သွားမှာ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း မေးပါ

စိတ်တိုင်းကျ ကခုန်

ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျရဲ့လား၊ ဘာညာ သာရကာ နေကြာကွာစိ မေးမြန်းကြည့်လိုက်ပါ။ ကွီးတို့ လက်တွဲဖော်က ရှက်ရှက်နဲ့ ဖြေချင်မှ ဖြေပါလိမ့်မယ်။ ဒါပေမဲ့ သူ(မ) ဘာတွေ ကြိုက်တတ်သလဲ၊ မကြိုက်တတ်ဘူးလဲ သိထားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာများကနေ ကာကွယ်ပေးနိုင်ပြီး နှစ်ဦးသားလည်း ပိုမိုပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော နှစ်ပါးသွားကပြီးတဲ့အခါ ဘာလုပ်လေ့ရှိပါသလဲ။

Source: Bestlifeonline

Featured Image: Freepik