ကွီးတို့ ရှော်တီလေးနဲ့ စိတ်တိုင်းကျ ချစ်တင်းနှော ပြီးရင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို သိပြီးပါပြီလား။ တကယ်တော့ စိတ်တိုင်းကျ ချစ်တင်းနှော ပြီးရင် ပြီးပြီးရော ပစ်ထားလို့ မရပါဘူး။ အရေးကြီး လုပ်ဆောင်စရာ (၅) ချက် ရှိပါတယ်။ ဒီအချက်တွေကို လုပ်ဆောင်မှသာလျှင် ကွီးတို့ရဲ့ ညီလေးက ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေမှာဖြစ်ပြီး ကွီးတို့ကို ကျေးဇူး အများကြီး တင်နေမှာပါ။

ငှက်ပျောသီး စားပါ

man eating banana

ကြွက်တက်ခြင်းနဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းသည် ချစ်တင်းနှော ပြီးနောက် ကြုံတွေ့ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ကုန်ဆုံးသွားတဲ့ အားအင်များကို ဖြည့်တင်းဖို့နဲ့ ကွီးတို့ရဲ့ ကြွက်သားများကို အနားပေးဖို့အတွက်ဆိုရင်တော့ ချစ်တင်းနှောပြီးတဲ့နောက်မှာ ငှက်ပျောသီး စားသုံးပေးဖို့ လိုအပ်ပါတယ်။ ငှက်ပျောသီးများတွင် ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ကွီးတို့ရဲ့ ကျားဟော်မုန်းကို တိုးများလာအောင် ကူညီပေးပါတယ်။

ကွီးတို့ ညီလေးကို ရေဆေး သန့်စင်ပါ

man shower

ကွီးတို့သည် ချစ်တင်းနှောပြီးတဲ့နောက်မှာ ညီလေးကို မဆေးကြောပဲ ဒီအတိုင်း ပစ်ထားတယ်ဆိုရင်တော့ ကွီးတို့ ညီလေးက ထိုင်ငိုချင်နေမှာ အသေအချာပါပဲ။

ကွီးတို့ ညီလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးသည်လည်း အင်မတန်မှ အရေးကြီးတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ရောဂါပိုးတွေ ဝင်ရောက်မလာအောင် ဘက်တီးရီးယားများ ကပ်ငြိမနေနိုင်အောင်လို့ ချစ်တင်းနှောပြီးတဲ့နောက်မှာ သေသေချာချာ ရေဆေးကြောကာ သန့်စင်အောင် ပြုလုပ်သင့်ပါတယ်။​

ရေ များများသောက်ပါ

စိတ်တိုင်းကျ ချစ်တင်းနှော

ကွီးတို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ခန္ဓာကိုယ်ထဲက ထုတ်ပစ်နိုင်ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို ထိန်းချုပ်ထားနိုင်မှသာလျှင် ကွီးတို့ ညီလေးဆီသို့ သွေးနဲ့ အောက်ဆီဂျင်များ စီးဆင်းနိုင်မှာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ ညီလေးက နိုးကြားတက်ကြွနိုင်မှာပဲဖြစ်ပါတယ်။

တစ်ရေး တစ်မောလောက် အိပ်စက် အနားယူပါ

စိတ်တိုင်းကျ ချစ်တင်းနှော

ချစ်တင်းနှောတဲ့အချိန်မှာ ကွီးတို့ရဲ့ စွမ်းအင်တွေကို အကုန်အစင် အသုံး ပြုပြီးပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ရေးတစ်မောလောက် အိပ်စက်အနားယူပြီး အားအင်များကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် နောက်ထပ်အချိန်တွေမှာ ချစ်တင်းနှောဖို့အတွက် ခွန်အားတွေ ပြန်လည် ပြည့်ဝနေမှာပဲ ဖြစ်ပါတယ်။

Chia အစေ့များ စားသုံးပါ

စိတ်တိုင်းကျ ချစ်တင်းနှော

Chia အစေ့များထဲတွင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ကွီးတို့ကို သက်လုံကောင်းအောင် စွမ်းအင်တွေ ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ သက်လုံကောင်းပြီး အမောခံနိုင်ဖို့အတွက် Chia အစေ့များကို စားသုံးသင့်ကြောင့် ကျန်းမာရေးနဲ့ အာဟာရ ပညာရှင်များက ညွှန်ကြားထားပါတယ်။ တကယ်လို့ ဒီအစေ့များကို ဝယ်ယူလို့ မရဘူးဆိုရင်တော့ ဖရုံစေ့များ၊ နှမ်းစေ့များကို အစားထိုး စားသုံးနိုင်ပါတယ်။

ကွီးတို့ရော စိတ်တိုင်းကျ ချစ်တင်းနှော ပြီးတဲ့နောက်မှာ ဘာတွေ လုပ်ဆောင်လေ့ ရှိပါသလဲ။

Source: Punchng.com

Featured Image: Lovepanky