ဘာ့ကြောင့် ကွီးတို့ စိတ်ဓာတ် တွေက အဝီစိ ထိတောင် ထိုးကျ နေသလဲဆိုတာ ကွီးတို့ သိပါသလား။ အဲ့လို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်လည် ဂရုစိုက်ရမလဲ။ စိတ်ဓာတ် တွေကို ဘယ်လို ပြန်လည် ထောင်မတ်အောင် ပြုမူရမလဲ။

ကွီးတို့ အိပ်ရာထဲကနေ ရုန်းထလိုက်ပါ

sleeping

နေ့တစ်နေ့ အစပြုတဲ့အခါ အခက်ခဲဆုံး အလုပ်ကတော့ အိပ်ရာကနေ ထရတာပဲ မဟုတ်လား။ ကွီးတို့ အိပ်ရာထဲကနေ ရုန်းထလိုက်ပါ။ ပြီးရင် မျက်နှာသစ်၊ ရေမိုးချိုးပြီး ပေါ့ပါးလန်းဆန်းသွားအောင် ပြုလုပ်လိုက်ပါ။ ညဝတ်အင်္ကျီတွေ ဝတ်ထားမယ့်အစား စမတ်ကျကျ အဝတ်အစားများ ပြောင်းလဲ ဝတ်ဆင်လိုက်ပါ။ ဒါဆိုရင် ကွီးတို့ စိတ်ဓာတ် က တက်ကြွလာပြီး အဝီစိ အထိ ထိုးကျ နေတဲ့ စိတ်ဓာတ်တွေ နည်းနည်းတော့ တက်လာပါလိမ့်မယ်။

လမ်းလျှောက်ထွက်ပါ

walking

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ ခန္ဓာကိုယ်ထဲက Endorphins တွေ ထွက်လာအောင် ကူညီပေးပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းများ ထွက်ပေါ်လာပါလိမ့်မယ်။ တစ်နေ့လျှင် ၃၅ မိနစ်ခန့် ပုံမှန် လမ်းလျှောက်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၅ ရက်ခန့်လောက် လမ်းလျှောက်ပေးခြင်းက ကွီးတို့ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည် မြှင့်တက်လာအောင် ကူညီပေးပါလိမ့်မယ်။​

သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့ပါ

စိတ်ဓာတ် အဝီစိ

သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းက ကွီးတို့ကို အကောင်းမြင်စိတ်တွေ မြှင့်တက်လာအောင် ကူညီပေးနိုင်တယ်လို့ သုတေသန လေ့လာချက်များအရ သိရှိရပါတယ်။ ပုံမှန် လမ်းလျှောက်ထွက်ခြင်း၊ ခြံထဲတွင် ပန်းပင် စိုက်ခြင်း၊ ပန်းပင်များ ရေလောင်းခြင်း အစရှိတဲ့ သဘာဝနဲ့ ထိတွေ့နိုင်တဲ့ အပြုအမူများကို ပြုလုပ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအား မပေးပါနဲ့

စိတ်ဓာတ် အဝီစိ

ကွီးတို့ အောင်မြင်အောင် ပြုလုပ်လိုက်တဲ့ ကိစ္စရပ်တစ်ခုက သေးသေးလေးပဲ ဖြစ်နေပါစေ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအား မပေးပါနဲ့။ မျှော်လင့်ချက်လည်း အရမ်းကြီး မထားပါနဲ့။ ကိုယ့်ကိုယ်ကို ဖိအား ပေးလွန်းတဲ့ စိတ်ကျဥ်းကြပ်လာပြီး စိတ်ညစ်ရလာပါလိမ့်မယ်။ မျှော်လင့်ချက် ကြီးလွန်းရင်လည်း မျှော်လင့်ထားသမျှ မဖြစ်လာတဲ့အခါ အလွယ်တကူ စိတ်ဓာတ်ကျ သွားနိုင်ပါတယ်။

ပန်းတိုင်ငယ်များ ခွဲထားလိုက်ပါ

စိတ်ဓာတ် အဝီစိ

ကွီးတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရည်မှန်းချက်တွေကို ပန်းတိုင်ငယ်များ ခွဲထားလိုက်ပါ။ ဘာဖြစ်ချင်သလဲ၊ ကိုယ် ဘာလုပ်ချင်သလဲ၊ ၃ လအတွင်းမှာ ဘာလုပ်ရမလဲ၊ ၆ လအတွင်းမှာ ဘယ်ကိစ္စတွေ ပြီးမြောက်နေရမလဲ စတာတွေကို ရည်မှန်းချက် ထားထားပါ။ ကွီးတို့ ပန်းတိုင်ငယ်လေးတွေ အားလုံး ပြီးမြောက်ပြည့်စုံသွားတဲ့အခါ ကွီးတို့အတွက် ရည်မှန်းချက်အကြီးတစ်ခု ဖြစ်မြောက်သွားပါပြီ။

နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကို အနားပေးဖို့ ပါပဲ။ အလုပ်ချည်းပဲ လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် အနားမပေးတဲ့အခါ ခြေကုန်လက်ပန်းကျလာပြီး နောက်ဆုံးမှာတော့ စိတ်ဓာတ် တွေက အဝီစိ အထိ ထိုးကျသွားနိုင်ပါတယ်။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ အလုပ်လုပ်ချိန်တန် အလုပ်လုပ်၊ နားချိန်တန် နား ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော နားချိန်တန် နားရဲ့လား။

Source: Healthline.com

Featured Image: Healthline