အမျိုးသမီးတွေက စာရေးသူတို့ ယောကျာ်းလေးတွေထက် အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရဖို့ ပိုခက်ပါတယ်။ ကိုယ့်ချစ်သူ လက်တွဲဖော်ကို ခံစားမှု ထိပ်ဆုံးရောက်အောင် စွမ်းဆောင်ပေးချင်တဲ့ ကွီးတို့အနေနဲ့တော့ ဘယ်လို သိုင်းကွက်တွေ ၊ နည်းဗျူဟာတွေကို သုံးပြီး နှိုးဆွပေးရမလဲ ၊ စိတ်ကျေနပ်မှု ကောင်းကောင်း ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာ သိထားဖို့ လိုမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ရဲ့ ချစ်သူပါတနာကို စိတ်ခံစားမှုတွေ အမြင့်ဆုံးရောက်အောင် နှိုးဆွပေးရင်း ၊ အထွတ်အထိပ် ခံစားမှုဆီ ဆွဲခေါ်သွားနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) French Kiss ကောင်းကောင်းပေးပါ

Couple Kissing

Photo : Samitivej

ကွီးတို့ ချစ်သူပါတနာရဲ့ လိင်စိတ်ခံစားချက်ကို တဟုန်ထိုး မြင့်တက်လာစေဖို့ French Kiss ပေးတာက အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ။ French Kiss ဆိုတာ နှုတ်ခမ်းချင်းနမ်းတဲ့နေရာမှာကို လျှာကိုပါ အသုံးပြုပြီး နက်နက်ရှိုင်းရှိုင်း အနမ်းပေးတာကို ခေါ်ပါတယ်။ ဒီလိုအနမ်းမျိုးဟာ စိတ်လှုပ်ရှားစရာကောင်းသလို မြိုသိပ်ဖုံးကွယ်ထားတဲ့ လိင်စိတ်ခံစားမှုတွေ အပြန်းထန်ဆုံး ဖွင့်ဟကြွထလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) နှစ်သက်မှုတွေကို သေချာအာရုံစိုက်ပါ

Couple

Photo : Health Digest

သူမ ဘာကြိုက်တက်လဲ ၊ ဘယ်လို နှိုးဆွမှုလေးတွေကို နှစ်သက်သဘောကျလဲ ဆိုတာတော့ ကွီးတို့ လေ့လာထားဖို့ လိုပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အကြိုက်ချင်းတူမှာ မဟုတ်တဲ့အတွက် ကွီးတို့ချစ်သူပါတနာရဲ့ အကြိုက်ကတော့ သေချာလေး ဆန်းစစ်ရှာဖွေကြည့်တာ အကောင်းဆုံးပါပဲ။ တစ်ခါတစ်ရံမှာ နှစ်ဦးသား နှစ်သက်မှုတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်သင့်သလို ကွီးတို့ကိုယ်တိုင် တစ်ကွက်ချင်း အကွက်ရွေ့ရင်းလည်း သူမရဲ့ နှစ်သက်မှုတွေကို လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) Toys တွေ သုံးပါ

 Sex Toy

Photo : StyleCaster

လိင်မှုကိစ္စမှာ Sex Toys တွေက မပါမဖြစ်တဲ့ လက်နက်ကိရိယာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဆန်းသစ်တဲ့ ခံစားမှု ၊ မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ဖန်တီးပေးချင်တယ် ဆိုရင်တော့ ဖြည့်စွက်အသုံးပြု သင့်ပါတယ်။ Sex Toys တွေဟာ နှိုးဆွမှု အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး အကူကိရိယာတွေ ဖြစ်သလို မတူညီတဲ့ အတွေ့အကြုံတွေဆီသို့ ဆွဲခေါ်သွားပြီး လိင်စိတ်ခံစားမှုတွေ အပြင်းထန်ဆုံး နိုးကြားလာအောင် ကောင်းကောင်းကြီး နှိုးဆွပေးလို့ ရပါတယ်။

(၄) ထိရှလွယ်တဲ့ ဧရိယာလေးတွေကို ဦးစားပေး နှိုးဆွပါ

Photo : with Mona Reda

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိတွေ့ကိုင်တွယ် လိုက်တာနဲ့ နက်ရှိုင်းပြင်းထန်တဲ့ လိင်စိတ်ခံစားမှုကို ဖြစ်ပေါ်စေတဲ့ Sensitive Spots နေရာလေးတွေ ရှိပါတယ်။ အော်ဂဇင် ကောင်းကောင်းပေးနိုင်ဖို့အတွက်ဆို အဆိုပါ Erogenous Zone နေရာလေးတွေကို ဂရုတစိုက် ဦးစားပေး နှိုးဆွပေးဖို့ လိုပါတယ်။ လူတစ်ယောက်စီတိုင်းမှာ Sensitive Spots နေရာတွေက မတူညီနိုင်ပါဘူး။ ရင်သားတွေလည်း ဖြစ်နိုင်သလို လည်ဂုတ်နဲ့ ဗိုက်သားပြင်လေးလည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ ကွီးတို့ ပါတနာရဲ့ ခံစားမှုအမြင့်ဆုံး နေရာလေးတွေကို ကိုယ်တိုင်ရှာဖွေပြီး အဲ့ဒီအဓိကနေရာတွေကိုပဲ ဦးစားပေး နှိုးဆွပေးရမှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : New York Post