Mood မကောင်းတဲ့ နေ့တွေ ကွီးတို့ ကြုံဖူးမယ် ထင်ပါတယ်။ စိတ်ခံစားချက်တွေ မကောင်းနေရင် ဘာလုပ်လုပ်အဆင်မပြေနိုင်ပါဘူး။ စိတ်ကလေးပျော်မှ အရာရာအဆင်ပြေ ပျော်ရွှင်မှာပါ။ ဒီတော့ စိတ်ပျော် အောင် ဘာတွေလုပ်ရမလဲ ? ဒီဆောင်းမှ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။

(၁) ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ

Acknowledge what you are feeling and be patient with yourself

Photo : Mindvalley Blog

Mood မကောင်းတဲ့ နေ့တွေက ကွီးတို့ တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး။ ဒါက ပုံမှန်ပါပဲ။ ပထမဆုံးအနေနဲ့ ကွီးတို့ စိတ်အဆင်မပြေဘူးဆိုတာကို ကိုယ်တိုင်လက်ခံပေး ရပါမယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေတင်တာ ၊ မှားယွင်းတဲ့ အရာတွေနဲ့ စိတ်ထွက်ပေါက် ရှာမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပြီး စိတ်ရှည်ပေးနိုင်ဖို့က အရေးကြီးပါတယ်။

(၂) ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပါ

Exercise

Photo : Eat This Not That

ကိုယ်လက်လှုပ်ရှား လုပ်ပေးတာက စိတ်ခံစားချက်ကို မြှင့်တင်ပေးတဲ့ Endorphin ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ လမ်းသွက်သွက်လျှောက်တာ ၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာ ၊ စက်ဘီးနင်းတာ စတဲ့ ပေါ့ပေါ့ပါးပါးနဲ့ခန္ဓာကိုယ်ကို လှုပ်ရှားမှုဖြစ်စေမယ့် နည်းလေးတွေ လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုအချို့ကို ပြေလျော့စေနိုင်ပြီး စိတ်ပျော် ရွှင်လန်းဆန်းတက်ကြွ လာစေပါလိမ့်မယ်။

(၃) တရေးအိပ်ပါ

Get quality sleep

Photo : Medical News Today

တရေးတမော အိပ်စက်အနားယူ လိုက်တာက စိတ်ရောကိုယ်ပါ အားအင်ပြည့်ဝစေပြီး တက်ကြွလန်းဆန်း စေပါတယ်။ စိတ်ပျော် ရွှင်မှု ပျောက်ဆုံးနေတဲ့ အချိန် ၊ ဘာကိုမှ အာရုံစိုက်လို့မရပဲ လွင့်မြောနေတဲ့ အချိန်တွေမှာ ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေဖို့အတွက် နာရီဝက် / ၄၅ မိနစ်လောက် ခေတ္တခဏ အိပ်စက်ပေးသင့်ပါတယ်။

(၄) နေရောင်နဲ့ ထိတွေ့ပါ

Absorb the sunlight

Photo : Climate and Earth’s Energy Budget

အချို့နေ့တွေမှာ အိပ်ရာနိုးနိုးချင်း Mood မကောင်းတဲ့ ရက်တွေ ကြုံရနိုင်ပါတယ်။ ဒီလိုနေ့တွေမှာ ကွီးတို့ရဲ့ စိတ်လေးကို ပြန်လည်ကောင်းမွန်စေဖို့ အထိရောက်ဆုံး သဘာဝနည်းလမ်းကတော့ မနက်ခင်း နေရောင်နဲ့ ၅ မိနစ် / ၁၀ မိနစ်လောက် ထိတွေ့ပေးတာပါ။ မနက်ခင်း နေရောင်ခြည်ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး ပျော်ရွှင်တက်ကြွနေစေဖို့ ကူညီပေးနိုင်ပါတယ်။

Source : 30 Day Fitness

Featured Photo : NextEvo Naturals