လူရယ်လို့ ဖြစ်လာရင် စိတ်ဖိစီးမှုတွေနဲ့ မကင်းနိုင်ပါဘူး။ လူတိုင်းလူတိုင်း စိတ်ဖိစီးမှု များတာ၊ နည်းတာသာ ကွာမှာပါ။ စိတ်ဖိစီးမှုကတော့ သူ့အတိုင်းအတာလိုက် ရှိကြပါတယ်။ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာ ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိစေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပြီဆိုရင် တွေ့ရတဲ့ ယေဘူယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများတွေက ကြွက်သားများ တင်းမာခြင်းနှင့်နာကျင်မှု၊ အလုပ်စွမ်းအားကျတာ၊ ခေါင်းကိုက်ခြင်းတာ၊ အစာစားချင်စိတ် ပြောင်းလဲတာ၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု ကျဆင်းတာ၊ အသက်ရှုကြပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲတာ ဖြစ်နိုင်ပါတယ်။ ရေရှည်စိတ်ဖိစီးမှု ဖြစ်လာပြီဆိုရင်တော့ အခြားသော ကျန်းမာရေးအခြေအနေတွေ ထိခိုက်စေပါတယ်။ ဆက်လက်ပြီးတော့ ဘယ်လိုဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှိနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။
ကိုယ်ခံအားစနစ်ကို ထိစေပါတယ်
Photo : UnityPoint Health
စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး အပေါ်သက်ရောက်မှု နောက်တစ်ခုကတော့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုဟော်မုန်းတွေက ကိုယ်ခံအား စနစ်ကို အားနည်းစေပြီး ပြင်ပမှ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို လျှော့ချပေး ပါလိမ့်မယ်။ နာတာရှည်စိတ်ဖိစီးမှုကို ခံစားနေရသူနေရသူများဟာ တုပ်ကွေးနှင့် သာမန်အအေးမိကဲ့သို့ ဗိုင်းရပ်စ်ရောဂါ များအပြင် အခြားသော ကူးစက်ရောဂါများပါ ပိုမိုခံစားရနိုင်ခြေ ရှိပါတယ်။ စိတ်ဖိစီးမှုက ဖျားနာမှု သို့မဟုတ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် အချိန်ကို ပိုကြာစေပါတယ်။
အစာခြေစနစ်ကို ထိခိုက်စေပါတယ်
Photo : Advance ER
စိတ်ဖိစီးမှုများကြောင့် ဟော်မုန်းများ လျင်မြန်စွာ ထွက်တာ၊ အသက်ရှုမြန်တာ နှလုံးခုန်နှုန်း တိုးလာတာတွေက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်အက်ဆစ် တိုးလာခြင်းကြောင့် ရင်ပူခြင်း သို့မဟုတ် အက်ဆစ်ပြန်တက်ခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ စိတ်ဖိစီးမှုများက ခန္ဓာကိုယ်အတွင်း အစားအစာများ ရွေ့လျားပုံကိုလည်း ထိခိုက်စေပြီး ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဗိုက်နာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောစနစ်များကို သက်ရောက်စေပါတယ်
Photo : The Economic Times
စိတ်ဖိစီးမှုဟော်မုန်းများ Adrenaline နှင့် Cortisol တွေက အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောစနစ်များကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်သည့်အတောအတွင်း၊ ခန္ဓာကိုယ်ဆီသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို လျင်မြန်စွာ ဖြန့်ဝေရန် အားထုတ်မှုဖြင့် အသက်ရှူမြန်လာပါတယ်။ ကွီးတို့မှာ ပန်းနာရင်ကျပ် သို့မဟုတ် Emphysema ကဲ့သို့သော အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြဿနာရှိနေပြီဆိုလျှင်၊ စိတ်ဖိစီးမှုက အသက်ရှုရခက်ခဲစေနိုင်ပါတယ်။ စိတ်ဖိစီးမှုအောက်တွင် နှလုံးဟာလည်း ပိုမြန်လာပါတယ်။
စိတ်ဖိစီးမှုဟော်မုန်းများက သွေးကြော များကို ကျဉ်းစေပြီး ကြွက်သားများဆီသို့ အောက်ဆီဂျင်ပိုလွှဲစေသောကြောင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ပိုမိုခွန်အားရှိစေပေမယ့် သွေးဖိအားကို တိုးစေပါတယ်။ ရလဒ်အနေဖြင့် မကြာခဏ သို့မဟုတ် ရေရှည် စိတ်ဖိစီးမှုများသည် နှလုံးကို အချိန် အကြာကြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်စေခြင်းကတဆင့် သွေးပေါင်ချိန်တက်လာသောအခါ လေဖြတ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းဖြစ်နိုင်ခြေကို များစေပါတယ်။
လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ထိခိုက်စေပါတယ်
Photo : Couple Counseling Chicago
စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ စိတ်ဖိစီးမှုတွေ ကြုံလာ ရတဲ့အခါ စိတ်ဆန္ဒတွေ ဆုံးရှုံးရတာ မဆန်းပါဘူး။ စိတ်ဖိစီးမှုက အချိန်အကြာကြီး ဆက်ရှိနေရင်၊ အမျိုးသားတစ်ယောက်ရဲ့ Testosterone အဆင့် ကျဆင်းသွားနိုင်ပါတယ်။ ၎င်းသည် သုက်ပိုးထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လိင်အင်္ဂါ ချို့ယွင်းမှု သို့မဟုတ် ပန်းသေစေနိုင်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုသည် ဆီးကျိတ်နှင့် လိင်အင်္ဂါ ကဲ့သို့သော အမျိုးသားမျိုးပွားအင်္ဂါများအတွက် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
ဒီအခြအနေကို ကြည့်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေက ကွီးတို့ရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိစေတယ်ဆိုတာ မြင်သာပါတယ်။ ကွီးတို့အနေနဲ့ စိတ်ဖိစိးတွေကိုပြေလျော့စေဖို့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသည်တို့အပြင် အခြားနည်းလမ်းကောင်းများကို လုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။
Souce : Health line
Featured Photo : UF Health