ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ တစ်နည်းမဟုတ် တစ်နည်း စိတ်ဖိစီးမှုတွေ၊ စိတ်အဆင်မပြေမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချဘဲ ရေရှည်ဖြစ်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုတွေကို လျော့ချဖို့ နည်းလမ်းမျိုးစုံ ရှိတဲ့အထဲကမှ မိုဘိုင်းလ်ဂိမ်းတွေ ကစားရင်း လျှော့ချတာကလည်း မဆိုးလှတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို “ဖျော” ဖို့ ကစားကြည့်သင့်တဲ့ မိုဘိုင်းလ်ဂိမ်း အလန်းစားလေးတွေ ဖော်ပြပေးချင်ပါတယ်။
Hearthstone
Source : PC Gamer
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုကတော့ Hearthstone ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက ကစားရတာလွယ်ကူပေမဲ့လည်း Master ဖြစ်ဖို့တော့ ခက်ခဲတဲ့ ဂိမ်းတစ်ခုပါပဲ။ ဒီဂိမ်း turn-based tabletop ကတ်ဂိမ်းများရဲ့ ဒစ်ဂျစ်တယ်ဗားရှင်းဖြစ်သောကြောင့် တကယ့်ပြိုင်ဘက်များနဲ့လည်း ကစားနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ အခြားသူများနဲ့ ပြိုင်ရင်း စိတ်ဖိစီးမှုတွေ လျှော့ချလိုက်ပါ။
Prune
Source : Prune
စိတ်ဖိစီးမှုတွေကို “ဖျော” ချင်ရင် လုံးဝကို ကစားကြည့်သင့်တဲ့ မိုဘိုင်းလ်ဂိမ်းလေးကတော့ Prune ဆိုတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက စဉ်းစားတွေးခေါ်ရခြင်းထက် ကခုန်မှုတစ်ခုလို ခံစားရစေမှာပါ။ ဒါ့အပြင် ဒီဂိမ်းလေးက ၂၀၁၅ ခုနှစ်တွင် တစ်နှစ်တာအကောင်းဆုံး TIME ဂိမ်းဆုကို ရရှိခဲ့ပါတယ်။ ဒီဂိမ်းလေးမှာ ပါဝင်တဲ့ သံစဉ်လေးတွေနဲ့ စဉ်းစားရမှုလေးတွေက ကွီးတို့အာရုံကို ဖမ်းစားထားနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ ကူညီပေးနိုင်ပါတယ်။
Tofu Hunter
Source : Adult Hunter
Tofu Hunter ဆိုတဲ့ ဂိမ်းလေးကလည်း ကွီးတို့ကို ရီမောပျော်ရွှင်စေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် ဂိမ်းတစ်ခုပါ။ ဒီဂိမ်းထဲမှာ သားကောင်တွေကို အမဲလိုက်ရမှာမဟုတ်ဘဲ တို့ဟူးနဲ့ လုပ်ထားတဲ့ တိရစ္ဆာန်လေးများကို အမဲလိုက်ရမှာပါ။ အခြားသော သေနတ်ပစ်ဂိမ်းအများစုနဲ့အညီ ဖန်တီးထားပြီး ဒီဂိမ်းလေးထဲမှာ စနိုက်ပါ ရိုင်ဖယ်မှ စက်သေနတ်များနှင့်အတူ ပေါက်ကွဲစေတတ်သော ဒုံးကျည်များအထိ လက်နက်မျိုးစုံကို Level အလိုက် လော့ခ်ဖွင့်ပြီး ကစားနိုင်ပါတယ်။
Traffic Rider
Source : Touch Gameplay
ဂိမ်းထဲမှာ ဆိုင်ကယ်မောင်းရင် ညစ်နေတာတွေ လွင့်ချင်ရင် Traffic Rider ဆိုတဲ့ ဆိုင်ကယ်ဂိမ်းလေး ရှိပါတယ်။ ဒီဂိမ်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး အချိန်မကုန်မီ ပြိုင်ပွဲကို အပြီးသတ်ရန်နှင့် အခြားကားများနဲ့ မတိုက်မိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် ၂၉ စီးမှ ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း တကယ့်ဆိုင်ကယ် အသံများဖြစ်တာကြောင့် ဂိမ်းကိုပိုပြီး အသက်ဝင်စေပြီး အကြိုက်တွေ့စေမှာ သေချာပါတယ်။
Alto’s Odyssey
Source : Alto’s Adventure
Alto’s Odyssey ဆိုတဲ့ ဒီဂိမ်းလေးကို မကြာခဏ ဖော်ပြဖူးပါတယ်။ ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းလေးဖြစ်ပြီး စိတ်ကျေနပ်မှု ရရှိစေမဲ့ ဂိမ်းလေးဆိုလည်း မမှားပါဘူး။ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ပြီး ကျယ်ပြောလှတဲ့ ခမ်းနားထည်ဝါတဲ့ သဲကန္တာရထဲမှာ စူးစမ်းမှုတွေကို Alto နဲ့သူငယ်ချင်းများနဲ့အတူ လုပ်ရမှာပါ။ ဒီဂိမ်းလေးကို မကစားဖူးသေးရင် Must Try ပါဗျာ။
Source : BuzzFeed
Featured Photo : Forbes