ကျွန်တော်တို့ ကျင်လည်နေရတဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကြောင့် အနည်းနဲ့အများတော့ စိတ်ဖိစီးမှုတွေ ခံစားရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ မကြိုးစားဘဲ ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၂ မျိုးစလုံးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေရှိလာပြီဆိုရင် လျော့ပါးသက်သာအောင် ပြုလုပ်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု တွေကို လျင်လျင်လျင်မြန်မြန် လျော့ပါးစေမဲ့ လွယ်ကူတဲ့ နည်းလမ်း (၅) ခု ကိုဝေမျှပေးချင်ပါတယ်။

(၁) ‌ပီကေဝါးခြင်း

စိတ်ဖိစီးမှု လွယ်ကူတဲ့ နည်းလမ်း

Photo : Faithlife Media

ပီကေဝါးခြင်းက ကွီးတို့ကို အိပ်ချင်ပြေစေတာထက် ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။ သုတေသနပြုချက်များအရ ပီကေဝါးခြင်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျော့ပါးစေသည့်အပြင် အလုပ်အတွင်း စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေသည်ဟု ဆိုပါတယ်။ လေ့လာမှုတစ်ခုတွင် ပီကေဝါးသူများသည် စိတ်ဖိစီးမှုနည်းရုံသာမက စိတ်ဓာတ်ကျခြင်းတို့ကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းလေးက စိတ်ဖိစီးမှု ကို လျင်မြန်စွာ လျော့ပါးစေမဲ့ စမ်းသပ်ကြည့်သင့်တဲ့ လွယ်ကူတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ခြင်း

စိတ်ဖိစီးမှု လွယ်ကူတဲ့ နည်းလမ်း

Photo : Verywell Fit

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကွီးတို့ရေ ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်သည့်အပြင် ကိုယ်လက်လှုပ်ရှားမှုက ကြွက်သားများကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း တင်းမာမှုများကို သက်သာ စေပါတယ်။ ယနေ့ခေတ်လို စိတ်ဖိစီးမှုတွေ ဘက်ပေါင်းစုံက ရနေချိန်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အမှန်တကယ်ပင် အကျိုးပြုမှာ ဖြစ်ပါတယ်။

(၃) သီချင်းဆိုလိုက်ပါ

စိတ်ဖိစီးမှု လွယ်ကူတဲ့ နည်းလမ်း

Photo : The Independent

ကွီးတို့ရေ စိတ်ဖိစီးမှု တွေကို လျင်လျင်မြန်မြန် လျော့ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်း တစ်ခုကတော့ သီချင်းတစ်ပုဒ်ကို ကျယ်ကျယ် အော်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုရင် ကားထဲမှာ ဖြစ်စေ၊ ရေချိုးခန်းထဲမှာ ဖြစ်စေ သီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါ အော်ဆိုလိုက်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကွီးတို့ရဲ့ ခံစားချက်တွေ ပိုမိုကောင်းမွန်လာပြီး စိတ်ဖိစီးမှုတွေကို လျှော့ကျစေနိုင်ပါတယ်။ ။ သီချင်းဆိုခြင်းက ကွီးတို့ရဲ့ အသက်ရှုခြင်းနှင့် ကိုယ်ဟန်အနေအထားအတွက်သာမက နှလုံးနှင့် ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေနိုင်တယ်လို့ဆိုပါတယ်။

(၄) ရယ်မောလိုက်ပါ

stress release

Photo : Forbes

အလုပ်နှင့် မိသားစုတာဝန်များတွင် စိတ်ဖိစီးနေပါသလား။ ကွီးတို့ရဲ့ စိတ်ဖိစီးမှုကို လျင်လျင်မြန်မြန် လျှော့ချရန် လုပ်ဆောင်နိုင်တဲ့ အရာများစွာရှိတဲ့အထဲမှာ ရယ်မောခြင်းကလည်း အမှန်တကယ် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးလာရင် ဟာသအချို့ ကြည့်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ ရယ်မောပျော်ရွှင်စရာတွေ မျှဝေပါ။ ရယ်မောတဲ့အခါတိုင်း ကိုယ်တွင်းအင်္ဂါများဆီသို့ အောက်ဆီဂျင်ပမာဏများလာပြီး၊ သွေးစီးဆင်းမှုကိုလည်းမြှင့်တင်ပေးကာ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။

(၅) တရားထိုင်ပါ

stress release

Photo : Facile Things

ကွီးတို့ရေ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစုတာဝန်များ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ အဆင်မပြေမှုတွေကြောင့်ဖြစ်စေ အရမ်း စိတ်ဖိစီးမှု များကာ မွန်းကြပ်နေပြီလို့ ခံစားနေရပါသလား။ ထိုသို့ ခံစားရတာနဲ့ စိတ်ဖိစီးမှုများ လျော့ကျစေဖို့ လုပ်လက်စအလုပ်တွေကို ခဏရပ်ထားလိုက်ပါ။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ၅ မိနစ်ခန့် လုပ်ပေးပါ။ သို့မဟုတ် တရားထိုင်ခြင်းကို အနည်းဆုံး ၁၅ မိနစ်ခန့် လုပ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းက ကွီးတို့ရဲ့စိတ်ကို ပြန်လည်တည်ငြိမ်လာစေပြီး စိတ်ဖိစီးမှုတွေကို လျင်လျင်မြန်မြန် လျော့ကျစေတာ တွေ့ရမှာပါ။

Source : Wed MD

Featured Photo : Heartfulness