တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေထဲမှာ စိတ်ဖိစီးမှု လျှော့ကျစေတယ်ဆိုတဲ့ အချက်ဟာ လူပြောများပါတယ်။ လေ့လာမှုတွေအရလည်း အာသာဖြေ တဲ့အခါ Oxytocin လို့ခေါ်တဲ့ ချစ်ခြင်းမေတ္တာ ဟော်မုန်းထွက်ရှိတာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ထိန်းညှိပေးနိုင်ရာ ရောက်တယ်လို့ ဆိုထားပါတယ်။
Photo : Phoenix
Oxytocin ဟော်မုန်းဟာ ကွီးတို့ ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်ကို လျှော့ချပေးပြီး စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ Cortisol ဟော်မုန်း ပမာဏကို ကျဆင်းစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေ ၊ ဖိအားတွေကို လျှော့ကျသက်သာ စေတာတော့ အမှန်ပါပဲ။ ဆက်လက်ပြီး Masturbation လုပ်တာဟာ ကွီးတို့ရဲ့ ဦးနှောက်အပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိစေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။
တစ်ကိုယ်ရည် အာသာဖြေ တဲ့အခါမှာ ခန္ဓာကိုယ်ကနေ Feel-Good ဟော်မုန်းလို့ သိကြတဲ့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ Dopamine ၊ Endorphins ၊Oxytocin ၊ Testosterone နဲ့ Prolactin စတဲ့ ဟော်မုန်းဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ချမှတ်တာ ၊ အာရုံစူးစိုက်တာ ၊ ခံစားချက်တွေကို ထိန်းညှိတာ စတဲ့ လုပ်ဆောင်ချက်တွေ အဓိကလုပ်ဆောင်နေတဲ့ ဦးနှောက်ရဲ့ အရှေ့ဘက်ခြမ်း Prefrontal Cortex (PFC) မှာလည်း သက်ရောက်မှု ရှိစေတယ်လို့ သုတေသီတွေက ပြောထားပါတယ်။
Dopamine ၊ Endorphins နဲ့ Oxytocin စတဲ့ ဟော်မုန်းတွေဟာ စိတ်ဖိစီးမှု လျှော့ချရေး ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ပြေလျော့သက်သာစေရေးနဲ့ ဆက်စပ်နေတဲ့ “ပျော်ရွှင်မှု ဟော်မုန်းတွေ” ဖြစ်ပြီး Testosterone ကတော့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းအားနဲ့ နိုးကြားတက်ကြွမှုကို မြှင့်တင်ပေးတဲ့ ကျားဟော်မုန်းတစ်မျိုး ဖြစ်တာကြောင့် လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်စိတ်ခံစားမှုကို တိုးမြှင့်ပေးပါတယ်။ နောက်ထပ် Prolactin ဟော်မုန်းကတော့ စိတ်ခံစားချက်နဲ့ ကိုယ်ခံအားစနစ်အပေါ် လွှမ်းမိုးမှု ရှိတဲ့အတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်အနေနဲ့ လက်တလော ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ယာယီလျော့ကျ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
Photo : UPGUYS
သို့သော်လည်း တစ်ကိုယ်ရည် အာသာဖြေခြင်းကို စိတ်ဖိစီးမှု သက်သာစေတဲ့ နည်းလမ်းတစ်ခုအနေနဲ့တော့ အမြဲတမ်း မသုံးသင့်ပါဘူး။ အလွန်အကျွံ အာသာဖြေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်တာကြောင့် သတိနဲ့ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။ အမှန်တကယ် စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာ ချင်တယ်ဆိုရင်တော့ ရေရှည်အတွက်ပါ အကျိုးများစေမယ့် အားကစား ပုံမှန်လုပ်တာ ၊ တရားထိုင်တာ ၊ ယောဂကစားတာ စတဲ့ ကျန်းမာပြီး သင့်လျော်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။
Source : MensXP
Featured Photo : Formen Health