စိတ်ဖိစီး စရာများနှင့် နာကျင် မှုများသည် လူသားအားလုံးရဲ့ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ဆေးပညာများသည် ဘယ်လောက်အတိုင်းအတာအထိ တိုးတက်လာနေပါစေ၊ လွယ်ကူရိုးရှင်းပြီး အကုန်အကျလည်း သက်သာတဲ့ အိမ်တွင်းဆေးနည်းများသည်လည်း မေ့ပျောက်ထားလို့ မရပါဘူး။

အိမ်တွင်းဆေးနည်းများသည် ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီး စရာများနှင့် နာကျင် မှုများကို ချက်ချင်းဆိုသလို ဖယ်ရှားပေးနိုင်သည်အထိ အစွမ်းထက်ပါတယ်။ ဘယ်လောက်ထိ လွယ်ကူသလဲဆိုတာ ကွီးတို့ ကိုယ်တိုင် ဖတ်ကြည့်မှ သိပါလိမ့်မယ်။

ရေခဲတုံး အသုံးပြုပါ

စိတ်ဖိစီး နာကျင်

ရေခဲတုံး အသုံးပြုခြင်းသည် ရှေးအကျဆုံး ဆေးနည်းတစ်ခုပဲ ဖြစ်ပါတယ်။ နာကျင်နေတဲ့နေရာပေါ်သို့ ရေခဲတုံးလေး တင်ထားပြီး စက်ဝိုင်းပုံသဏ္ဍာန် ပွတ်တိုက်ပေးလိုက်ပါ။ ရောင်ရမ်းနာကျင်ခြင်းကို သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။

မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ပေးပါ

စိတ်ဖိစီး နာကျင်

Photo: Howcast

ဖိနှပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်းတို့သည်လည်း စိတ်ဖိစီး မှုများ၊ နာကျင် မှုများကို ဖြေဖျောက်ပေးတဲ့နေရာမှာ အစွမ်းထက်ပါတယ်။ မျက်ခုံးမွှေး နှစ်ခုဆုံတဲ့နေရာနှစ်ခုကြားမှာ လက်မနှစ်ခုကို တင်ထားပြီး လက်မ အားအသုံးပြုကာ ဖိနှိပ်ပြီး နှိပ်နယ်ပေးလိုက်ပါ။ ခံစားနေရတဲ့ စိတ်ဖိစီးစရာများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

နားရွက်ကို နှိပ်နယ်ပါ

စိတ်ဖိစီး နာကျင်

စိတ်ဖိစီးမှုများနှင့် နာကျင်မှုများကို သက်သာပျောက်ကင်းစေတဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ နားရွက်ကို နှိပ်နယ်ပေးခြင်းပဲဖြစ်ပါတယ်။ နားရွက်နှင့် နားထင် နှစ်ခုကြား ဆုံနေတဲ့ နေရာပေါ်သို့ လက်ချောင်းဖြင့် အသာအယာဖိကာ နှိပ်နယ်ပေးလိုက်ရုံပါပဲ။

အုတ်ဂျုံ စားသုံးပါ

စိတ်ဖိစီး နာကျင်

အုတ်ဂျုံများသည် ကျွန်တော်တို့ နေ့စဥ်စားသုံးနေတဲ့ အစားအစာများထဲတွင် ထည့်သွင်းစားသုံးသင့်တဲ့ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ အုတ်ဂျုံထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု ဟော်မုန်းများကို ဖယ်ရှားပေးပါတယ်။ ရေရှည်မှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လိမ္မော်ဖျော်ရည် သောက်သုံးပါ

orange juice

လိမ္မော်ဖျော်ရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ စိတ်ဖိစီးစရာများကို ဖယ်ရှားပေးပါတယ်။ တခါတရံမှာ ကွီးတို့သည် စိတ်ဖိစီးမှု ခံစားနေရခြင်းသည် ဗီတာမင်စီဓာတ် ချို့တဲ့ လို့ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချချင်တယ်ဆိုရင် လိမ္မော်ဖျော်ရည် သောက်သုံးပေးလိုက်ပါ။

ပီကေ ဝါးပါ

man chewing gum

စိတ်ဖိစီးစရာများကို ပီကေဝါးတဲ့အချိန်မှာ ပီကေနဲ့အတူ ဝါးပစ်လိုက်ပါ။ လေ့လာတွေ့ရှိချက်တစ်ခုအရ ပီကေ ဝါးခြင်းသည် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို တက်ကြွရွှင်လန်းလာအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

Source: Brightside.me

Featured Image: Freepik