လူတိုင်းမှာ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ ရှိသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တနေကုန် အလုပ်တွေကြားထဲက စိတ်ဖိစီး စရာများကြားထဲကနေ ကိုယ့်ကိုယ်ကိုယ် အချိန် မပေးတဲ့အခါ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တဖြည်းဖြည်းထိခိုက်လာနိုင်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပြီး ဘဝမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ရန်အတွက် စိတ်ဖိစီး မှုများကို အတတ်နိုင်ဆုံးလျော့ချကာ ကိုယ့်ကိုယ်ကိုယ် အချိန် ပြပေးဖို့ လိုအပ်ပါတယ်။

အလုပ်တွေ များနေတဲ့ ကြားထဲကမှ ကိုယ့်ကိုယ်ပိုင်အချိန် ရရှိအောင် ဘယ်လိုပြုလုပ်ရမလဲ။

ကိုယ့်ရဲ့ လိုအပ်ချက်တွေကို အရင်ဆုံး သိရှိအောင် ပြုလုပ်ပါ

စိတ်ဖိစီး အချိန်

သင်ကိုယ်တိုင်သာ သင့်ရဲ့လိုအပ်ချက်တွေကို  အသိဆုံးဖြစ်ပါတယ်။ ကိုယ်က အလုပ်တွေချည်းပဲ ဖိလုပ်ပြီး အနားလုံးဝမရဘဲ အိပ်ချိန်နဲ့ အလုပ်လုပ်ချိန် နှစ်ခုပဲ လုံးပမ်းနေရတဲ့အခါ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့အားလပ်ချိန်ဆိုတာသည်လည်း ကိုယ့်အတွက် အလိုအပ်ဆုံးအရာဆိုတာ သိရှိအောင် ပြုလုပ်သင့်ပါတယ်။

ဘယ်နှစ် နာရီကနေ အလုပ်စလုပ်မယ် ဘယ်နှစ် နာရီအထိ အလုပ်လုပ်မယ်။ သတ်မှတ်ချိန်အတွင်း အလုပ်တွေ ဘယ်လောက်အထိ ပြီးအောင် လုပ်မလဲ စတာတွေကို သေချာတွက်ချက်ကာ အလုပ်လုပ်သင့်ပါတယ်။ ခြောက်နာရီ နောက်ပိုင်းဆိုရင် အလုပ်မလုပ်တော့ဘူး။ ရှစ်နာရီနောက်ပိုင်းဆိုရင် အလုပ်မလုပ်တော့ဘူး စသည်ဖြင့် ကိုယ့်ရဲ့အလုပ်ချိန်ကို သေချာကန့်သတ်ထားပါ။ ဒါဆိုရင် သင့်အတွက် ကိုယ်ပိုင်အားလပ်ချိန်တွေဆိုတာလည်း ထွက်လာမှာဖြစ်ပါတယ်။

အားနာတတ်တဲ့အကျင့်ကို ဖျောက်ပါ

စိတ်ဖိစီး အချိန်

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့အကျင့်စရိုက်က အခြားသူအပေါ် အားနာတတ်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က အကူအညီတောင်းလာတဲ့အခါ ကိုယ်က လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ အားနာနာနဲ့ ကူညီပေးလိုက်ပြန်ပါရော။ ဒီလိုအားနာတတ်တဲ့အကျင့် ရှိသူတွေအပေါ် အခြားသောလူတစ်စုကလည်း အခွင့်အရေး ယူတတ်ကြပါတယ်။

သင့်အနေနဲ့ အားနာတတ်တဲ့အကျင့်ကို ဖျောက်နိုင်မှသာလျှင် ကိုယ့်အတွက် ကောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်။ အားနာတတ်တဲ့အကျင့်ကြောင့် သင့်အတွက် ဘာကောင်းကျိုးမှ ရရှိမှာ မဟုတ်ပါဘူး။

ငြင်းဆန်တတ်အောင်လည်း သင်ယူပါ

စိတ်ဖိစီး အချိန်

ဒီအချက်သည်လည်း စောစောက အားနာတတ်တဲ့အကျင့်နဲ့ ဆင်တူပါတယ်။ ကိုယ့်ကို အခြားသူတစ်ယောက်က အကူအညီတောင်းလာတဲ့အခါ ကိုယ် အားလား မအားလား ပြန်လည်ချိန်ဆပါ။ သင့်ရဲ့ အားလပ်ချိန်တွေထဲက ဖဲ့ပြီး မလုပ်ပေးလိုက်ပါနဲ့။ ဘယ်အရာမဆို ပုတ်သင်ညိုလို ခေါင်းညိမ့်မနေဘဲ အကျိုးသင့် အကြောင်းသင့် ငြင်းဆန်တတ်အောင်လည်း သင်ယူလေ့လာသင့်ပါတယ်။

ကိုယ်နဲ့ တိုက်ရိုက်မစပ်ဆိုင်နေသရွေ့၊ သေရေး ရှင်ရေးကဲ့သို့ အရေးပေါ်ကိစ္စမဟုတ်သရွေ့ သင် ငြင်းဆန်နိုင်ပါတယ်။ အရေးပေါ် ကိစ္စဆိုရင်တောင်မှ သင်သည် လူစွမ်းကောင်းတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့် သင် တတ်နိုင်တာလည်း ရှိသလို မတတ်နိုင်တာလည်းရှိပါဘူး။ ကိုယ် မကူညီပေးနိုင်တဲ့အရာအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ရဲ့ ဖန်ခွက်ထဲမှာ ရေ အရင်ပြည့်အောင် ဖြည့်ထားမှ အခြားသူများထံ ရေတွေ မျှဝေပေးလို့ရမှာ မဟုတ်လား။

အလုပ်နှင့် အားလပ်ချိန်ကို သီးသန့်ခွဲထားပါ

man work life balance

သင့်ရဲ့အလုပ်ရှင်သည် သင့်ကို အလုပ်နှင့် ဝင်ငွေ ပေးထားတဲ့အတွက်ကြောင့် သင့်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို သင်သည်လည်း သင့်အလုပ်ရှင်အတွက် အရေးပါတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။ ဥပမာ သင်သည် ရုံးချိန်ကို အမြဲတမ်း အချိန်မှီရောက်တယ်ဆိုရင် ရုံးချိန်ပြီးသွားတဲ့အခါမှာလည်း အချိန်အတိအကျ ထွက်နိုင်ပါတယ်။ နောက်ကျတဲ့အထိ နေပေးဦးမှပါလေဆိုပြီး အလိုက်သိစိတ်လွန်ကဲမနေပါနဲ့။ အချိန်ကြာလာတဲ့အခါ သင့်ရဲ့ အလုပ်နဲ့ ဘဝကို မျှခြေကို ထိခိုက်လာနိုင်ပါတယ်။ အလုပ် လုပ်တဲ့အခါမှာလည်း အလုပ်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်သလို ကိုယ့်အတွက် အားလပ်ချိန်ကိုလည်း အားလပ်ချိန်ပီသအောင် ပြန်လည်ရယူသင့်ပါတယ်။

ကွီးတို့အနေနဲ့ ဒီလိုနည်းလမ်းများ အသုံးပြုကာ စိတ်ဖိစီး စရာများကြားထဲက ကိုယ့်ကိုယ်ကိုယ် အချိန် ပြန်ပေးကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသင့်ပါတယ်။

Source: Betterup

Featured Image: Career Comarch