လိင်စိတ်အတက်အကျဟာ အသက်အရွယ်မရွေး ၊ အမျိုးသား အမျိုးသမီးမရွေး ရှိတက်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေက အမြဲတသတ်မှတ်တည်း ရှိမနေတာကြောင့် လိင်စိတ် နိုးကြားတက်ကြွမှုဟာ ပြောင်းလဲစေတက်သလို ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲနေထိုင်မှု ပုံစံတွေကလည်း လိင်စိတ်အပေါ် သက်ရောက်မှု ရှိစေတက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘယ်အချက်တွေက ကွီးတို့ကို စိတ်မပါ လက်မပါ ဖြစ်စေသလဲ ၊ လိင်စိတ်နိုးကြားမှု ပျောက်ဆုံးနေစေလဲဆိုတာ ပြောပြပေးပါမယ်။

(၁) စိတ်ဖိစီးမှု

Stressed out

Photo : News-Medical

စိတ်ဖိစီးမှုဟာ လိင်စိတ်ကို သတ်တဲ့ အဓိက တရားခံပါ။ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုတွေ များနေတဲ့အခါ လိင်စိတ်နိုးကြားတက်ကြွမှုလည်း ကျဆင်းစေသလို လိင်မှုကိစ္စ အပေါ် စိတ်ပါဝင်စားမှု လျော့ကျစေပါတယ်။ ကွီးတို့ ရုတ်တရက် လိင်ကိစ္စအပေါ် စိတ်ဝင်စားမှု နည်းသွားတယ် ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စိတ်မပါ ဖြစ်နေတယ်ဆိုရင် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့ အကြံပေးချင်ပါတယ်။

(၂) အဖျားပျောက်ဆေး

Man Taking Medicine

Photo : Health-e

ရာသီအကူးအပြောင်း ကာလတွေမှာ လူတိုင်းနီးပါး ဖျားနာတက်ကြပါတယ်။ အဖျားကျဆေး ၊ အအေးမိကိုက်ခဲပျောက်ဆေးတွေဟာ Libido ကို ကျစေပြီး လိင်ကိစ္စအပေါ် စိတ်မပါ ဖြစ်စေတက်ပါတယ်။ ကွီးတို့ အဖျားလုံးဝ ပျောက်ကင်းသက်သာ သွားတယ် ၊ ဆေးတွေသောက်စရာမလိုတော့ဘူး ဆိုရင်တော့ ပုံမှန် ကျန်းမာတဲ့လိင်စိတ်ကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) အိပ်ချိန်

Insomnia

Photo : New York Post

လူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုများစွာ ရှိပါတယ်။ ညစဉ်ညတိုင်း အိပ်ရေးပျက်နေတယ် ၊ အိပ်ချိန်လုံလုံလောက်လောက် မရှိဘူးဆိုရင် ဟော်မုန်းအပြောင်းအလဲနဲ့ ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားကို ကျဆင်းစေပြီး Libido ပါ ထိစေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ညဘက်တွေမှာ အနည်းဆုံး ၇ – ၈ နာရီကြား ပြည့်ပြည့်ဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

(၄) ပါတနာနဲ့ ဆက်ဆံရေး

sexual problems
Photo : Lorijen Centar

အထူးသဖြင့် အိပ်ထောင်သက်ကြာတဲ့ စုံတွဲတွေ ၊ Long-Term Relationship တွေမှာ အဖြစ်များပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်လှုပ်ရှားစရာကောင်းတဲ့ အိပ်ခန်းအတွေ့အကြုံကို မဖန်တီးနိုင်ဘူးဆိုရင် ငြီးငွေ့ဖွယ် ဖြစ်လာပြီး လိင်စိတ်ကျဆင်းမှုနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် အချိန်ကြာကြာ လက်တွဲလာတဲ့ ချစ်သူစုံတွဲတွေ ၊ အိမ်ထောင်သည် လင်မယားတွေအနေနဲ့ မိမိရဲ့ လိင်မှုဘဝကို အမြဲရင်ခုန်စရာကောင်း‌အောင် ဖန်တီးသင့်ပြီး နှစ်ဦးသား စိတ်လှုပ်ရှားအသစ်တွေကို အတူတကွ ဖွေရှာသင့်ပါတယ်။

Source : Healthshots

Featured Photo : Fox News