ကျန်းမာခြင်းက လူ့ဘဝရဲ့ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပါ။ သို့သော်လည်း လူတော်တော်များများက ကျန်းမာရေးကို အထူးအလေးထားဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာမှ မိတ်ဆွေတို့ လုပ်ချင်တာ အကုန်လုံးကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှာပါ။ ကျန်းမာမှ စီးပွားရေးတွေလုပ်နိုင်မယ်၊ ကျန်းမာမှ ခရီးတွေသွားနိုင်မယ်၊ ကျန်းမာမှ ပညာတွေ သင်နိုင်မယ်၊ ကျန်းမာမှ လိင်မှုဘဝမှာလည်း စိတ်ကျေနပ်စေမယ်။ ဒါကြောင့် စိတ်သွားတိုင်း ကိုယ်ပါပြီး အရာရာ စွမ်းဆောင်နိုင်ဖို့ ကျန်းမာခြင်းက အရေးအကြီးဆုံးပါပဲ။ ကျန်းမာစွာ နေထိုင်နိုင်ဖို့ကတော့ မခက်ခဲပါဘူး၊ အပြောင်းအလဲအချို့နဲ့ မှန်မှန်လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေပဲ လိုအပ်တာပါ။ ဒီဆောင်းပါးလေးမှာ ကျန်းမာစွာ နေထိုင်နိုင်ပြီး အသက်ရှည်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

စိတ်သွားတိုင်း ကိုယ်ပါပြီး

Photo : Critical Body

ဒီနေ့ခေတ်မှာ အထိုင်များတဲ့ လုပ်ငန်းခွင် အခြေအနေကြောင့်လည်းကောင်း၊ အသင့်စား အစားအစာများကြောင့်လည်းကောင်း၊ ကိုယ်အလေးချိန်တက်ဖို့ မြန်ဆန်လာပါတယ်။ ကိုယ်အလေးချိန်တတ်ခြင်းက အဝလွန်ခြင်း ဖြစ်နိုင်ဖို့ များပါတယ်။ အဝလွန်ခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာအများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသော ကိုယ်အလေးချိန် ဖြစ်စေရန် စားသောက်နေထိုင်မှု ပုံစံတို့ဖြင့် သတိပြုထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပါ

စိတ်သွားတိုင်း ကိုယ်ပါပြီး

Photo : The Balance Blog

မိတ်ဆွေတို့ရေ ကျန်းမာချင်တယ်ဆိုရင် မနက်စာကို သေချာအလေးထားပြီး ပုံမှန်စားသုံးဖို့ လိုပါတယ်။ နေ့စဉ် ပရိုတင်းနဲ့ အမျှင်ဓာတ်များပြီး အာဟာရ ပြည့်ဝသော အစားအစာကို မဖြစ်မနေ ထည့်သွင်းစားသုံးပါ။ ကယ်လိုရီများသော အစားအစာများ၊ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများ၊ အသင့်စား အစားအစာများကို မကြာခဏစားသုံးခြင်းကို ရှောင်ပါ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ

စိတ်သွားတိုင်း ကိုယ်ပါပြီး

Photo : YMCA of Central Texas

စိတ်သွားတိုင်း ကိုယ်ပါပြီး သွက်လက်ပေါ့ပါး ကျန်းမာဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းက မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။ မိတ်ဆွေတို့အနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ Gym ကို အချိန်ပေးပြီး မသွားနိုင်ဘူး ဆိုလျှင်တောင် ကိုယ့်အိမ်မှာပဲ တစ်နေ့ကို နာရီဝက်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။ အမှန်တကယ် အကျိုးထူးတာ ခံစားရပါလိမ့်မယ်။

ရေကို လုံလောက်စွာ သောက်သုံးပါ

စိတ်သွားတိုင်း ကိုယ်ပါပြီး

Photo : Vista Create

မိတ်ဆွေတို့မှာ ရေသောက်နည်းတဲ့ အကျင့်ရှိပါသလား။ ရေသောက်နည်းခြင်းက ကျန်းမာရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှု ဖြစ်စေတာကြောင့် ရေလုံလုံလောက်လောက် သောက်ဖို့ လိုပါတယ်။ ဒီလိုပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေရန် ရေကို မကြာခဏ သောက်သုံးပေးပါ။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့လျှင် ရေ ၆ အောင်စမှ ၈အောင်စ ထိ သောက်သုံးသင့်ပါတယ်။

Screen Time ကို လျှော့ချပါ

Photo : AI Bawaba

အခုနောက်ပိုင်းမှာ လူတော်တော်များများက ဆိုရှယ်မီဒီယာများ အသုံးပြုမှုများလာပြီး အချိန်အကြာကြီး မလှုပ်မယှက် ဖုန်း သို့မဟုတ် ကွန်ပျုတာ အသုံးပြုတတ်ကြပါတယ်။ ထို့သို့ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတာက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ များပါတယ်။ ဒါ့အပြင် အိပ်စက်ချိန်ထိ အိပ်ရာထက်မှာ ဖုန်းကို အချိန်လွန်တဲ့အထိ အသုံးပြုတာက အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ Screen Time ကို လျှော့ချပါ။

ကောင်းမွန်စွာ အိပ်စက်အနားယူပါ

Photo : Vista Create

မိတ်ဆွေတို့အနေနဲ့ စိတ်သွားတိုင်း ကိုယ်ပါပြီး လန်းဆန်းတတ်ကြွစေဖို့ ဆိုရင် ကောင်းမွန်စွာ အိပ်စက် အနားယူဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပုံမှန်လူတစ်ယောက်အတွက် တစ်ညလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ခြင်းဖြင့် ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း မရှိတာက ကျန်းမာရေးအတွက် ဆိုးဝါးသော သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို လျော့ချပါ

Photo : Tiege Hanley

“စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့စကားကို မိတ်ဆွေတို့ အကုန်လုံးကြားဖူးကြမှာပါ။ ကျွန်တော်တို့ ကျန်းမာပြီး အရာရာကို စွမ်း‌ဆောင်နိုင်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းကိုလည်း အလေးထားဖို့ လိုပါတယ်။ ဒါ့ကြောင့် လူတွေ အမြဲကြုံတွေ့နေရတတ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လိုပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့မချဘဲ ‌ရေရှည်ဖြစ်လာပြီဆိုရင် စိတ်ကြောင့်ပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်း ပြုမှန်လုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သဘာဝတရားနဲ့ ထိတွေ့ခြင်း၊ ကိုယ့်ကိုယ် ဂရုစိုက်ခြင်း၊ စာဖတ်ခြင်း စတဲ့ နည်းလမ်းလေးတွေကို အသုံးပြုလို့ရပါတယ်။

မိတ်ဆွေတို့ရေ စိတ်သွားတိုင်း ကိုယ်ပါပြီး ဘာလာလာ ဒေါင်းနိုင်ဖို့ဆိုရင် ကျန်းမာရေးကို အထူးအလေးပေးလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

Source : IUPUI

Featured Photo : Vista Create