ကိုယ့်ရှော်တီလေးနဲ့ ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောတဲ့အခါ အချိန်ကြာကြာ ချစ်တင်းနှောနိုင်ခြင်းက ကွီးတို့ရဲ့ အိမ်ထောင်သက် (သို့) အချစ်ခရီးလမ်းကို ပိုမိုကြည်နူးစေနိုင်ပါတယ်။ ဒီလိုမျိုး အချိန်ကြာကြာနဲ့ စိတ် သွားတိုင်း ညီလေး ပါဖို့ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကွီးတို့က ကျွမ်းကျင်အဆင့် ရောက်မှသာလျှင် အချိန်ကြာကြာနဲ့ နှစ်ဦးသွားစလုံး အထွတ်အထိပ်ရောက်အောင် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။

ကွီးတို့က ကျွမ်းကျင် အဆင့် မရောက်သေးလို့ဆိုပြီး စိတ်အား မငယ်လိုက်ပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို ကျင့်သုံးပြီး အချိန်ကြာကြာနဲ့ စိတ် သွားတိုင်း ညီလေး ပါအောင် ကြိုးစားနိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့လည်း သုံးမိနစ် မာမားခေါက်ဆွဲဆိုပြီး နာမည်ပြောင် ရမသွားမှာပါ။

(၁) ရပ်လိုက် စလိုက် နည်းလမ်း အသုံးပြုပါ

ရပ်လိုက် စလိုက်

အမျိုးသားတွေက အမျိုးသမီးတွေထက် ပြီးမြောက်မှု မြန်ဆန်ကြပါတယ်။ အမျိုးသားများက ပြီးသွားပေမယ့် အမျိုးသမီးတွေက မပြီးသေးရာကနေ ဇာတ်လမ်းက ရှုပ်သွားပါလေရော။ နှစ်ယောက်စလုံး အတူတူ ပြီးဖို့ကျပြန်တော့လည်း ကွီးတို့က ထိန်းချုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လိုမျိုး ထိန်းချုပ်ရမလဲဆိုတော့ ရပ်လိုက် စလိုက် နည်းလမ်းကို အသုံးပြုရမှာပါ။ ကွီးတို့က အထွတ်အထိပ်ရောက်ပြီး သုတ်ထွက်တော့မယ်လို့ အာရုံ ရလာတာနဲ့ ခဏလောက် ရပ်လိုက်ပါ။ ပြီးမှ နောက်တစ်ကြိမ် ပြန်စပါ။ ဒီလိုမျိုး နည်းလမ်းနဲ့ အချိန်ကြာကြာ နှစ်ပါးသွား ကနိုင်အောင် လေ့ကျင့်နိုင်ပါတယ်။

(၂) အသက် ပြင်းပြင်း ရှူသွင်း ရှူထုတ်ပါ

စိတ် ညီလေး

Photo: Wikihow.com

တချို့ကွီးတွေအတွက်ကတော့ အသက် ပြင်းပြင်း ရှူသွင်း ရှူထုတ်ခြင်း နည်းလမ်းက ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ကွီးတို့က စမ်းကြည့်ချင်တယ်ဆိုရင်လည်း စမ်းသပ်နိုင်ပါတယ်။

ပြီးမြောက်တော့မယ်လို့ ယူဆတဲ့အချိန်မှာ အသက် ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုလုပ်လိုက်ပါ။ ဒီလိုမျိုး ပြုလုပ်လိုက်ခြင်းက အချိန်တိုအတွင်း ပြီးမြောက်သွားခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၃) စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါ

စိတ် ညီလေး

စိတ်ကူးနဲ့ ပုံဖော်ခြင်းကလည်း ကွီးတို့ရဲ့ ညီလေးကို အထွတ်အထိပ် ရောက်ချိန် ကြန့်ကြာအောင် ကူညီပေးနိုင်ပါတယ်။ စိတ်ကူးနဲ့ ပုံဖော်ခြင်း ဆိုတာကတော့ တခြားတော့ မဟုတ်ပါဘူး။ ကွီးတို့က ပြီးတော့မယ်လို့ အာရုံ ရလာတာနဲ့ လိင်ကိစ္စနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုခုကို ပုံဖော်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း လွယ်ကူ ရိုးရှင်းတဲ့အတွက်ကြောင့် စမ်းကြည့်သင့်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ကိုယ့်ရှော်တီလေး မဟုတ်တဲ့ တခြားရှော်တီကိုတော့ စိတ်ကူးထဲ မထည့်မိစေနဲ့ပေါ့။

(၄) ကွီးတို့ရဲ့ Lifestyle ကို ပြောင်းလဲကြည့်လိုက်ပါ

စိတ် ညီလေး

ကွီးတို့ရဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲခြင်းကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်က လေ့လာတဲ့ လေ့လာချက်များအရ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်လွန်းခြင်း၊ စိတ်ကျရောဂါ ခံစားရခြင်း အစရှိတဲ့အချက်များက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ သိရှိရပါတယ်။

ဒါ့ကြောင့်မို့လို့ ကွီးတို့အနေနဲ့ အချိန်ကြာကြာ နှစ်ပါးသွားကချင်တယ်ဆိုရင်

  • ဆေးလိပ်ဖြတ်ပါ
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ
  • လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ
  • တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပါ
  • အိပ်ရေး ဝဝ အိပ်စက်အနားယူပါ
  • ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများကို များများစားသုံးပါ

ကွီးတို့ရော ကိုယ့်ရဲ့ ပါဖောမန့်စ်ကို မြင့်တင်ဖို့ရန်အတွက် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ ရယ်ဒီပဲလား။

Source: Medicalnewstoday

Featured Image: Charlesjorlando