ကွီးတို့ကို ဘက်ပေါင်းစုံကနေ စိတ်အနှောင့်အယှက် ပေးတဲ့ သူတွေက အနည်းဆုံး တစ်ယောက်လောက်တော့ ရှိမှာပါပဲ။ ထိုကဲ့သို့ စိတ်အနှောင့်အယှက် ပေးတဲ့သူတွေကို ဘယ်လိုမျိုး တုန့်ပြန်ရမလဲ။ ဒီနှစ်ကစပြီးတော့ ကွီးတို့ ဘဝထဲမှာ စိတ် အနှောင့်အယှက် ပေးတဲ့သူတွေကို ဝဲ ပစ်သင့်ပါပြီ။ အားနာပြီး ကိုယ့်ရဲ့ ဘဝထဲမှာ ဆက်ထားနေမယ်ဆိုရင်တော့ ကွီးတို့ပဲ စိတ်ညစ်ရမှာပါ။

ကွီးတို့အနေနဲ့ ထိုကဲ့သို့သော လူတွေကို ပညာရှိနည်းနဲ့ ပြန်လည် တုန့်ပြန်ဖို့ လိုအပ်ပါတယ်။ ပညာရှိနည်းနဲ့ ဘယ်လို တုန့်ပြန်ရမလဲဆိုတာ မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။

(၁) ဘာအမူအရာမှ မပြပါနဲ့

ဘာအမူအရာမှ မပြပါနဲ့

စိတ်အနှောင့်အယှက် ပေးတတ်တဲ့သူတွေက ကွီးတို့ စိတ်ညစ်ပြလေ သူတို့က ဝမ်းသာလေပါပဲ။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဘာအမူအရာမှ မပြပါနဲ့။ ကိုယ့်ရဲ့ စိတ်ခံစားချက်များကို မျက်နှာပေါ်မှာ မမြင်ရအောင် အကောင်းဆုံး သရုပ်ဆောင်ပါ။ သူတို့ကို ဘာအမူအရာမှ မပြဘဲ ကိုယ့် ဒေါသကို ထိန်းချုပ်နိုင်လေ ကွီးတို့ အနိုင်ရလေပါပဲ။ မခံမရပ်နိုင်အောင် ဒေါသထွက်လာတယ် ဆိုရင်တောင်မှ အသက်ပြင်းပြင်းရှူပြီး ဒေါသကို မျိုသိပ်လိုက်ပါ။

(၂) အကြောင်းအရာ ပြောင်းလိုက်ပါ

အကြောင်းအရာ ပြောင်းလိုက်ပါ

အကြောင်းအရာ တစ်ခုကြောင့် စိတ်သဘောထား မတိုက်ဆိုင်ဘဲ ကွီးတို့ကို စိတ်အနှောင့်အယှက် ပေးနေတယ်ဆိုရင် ချက်ချင်းပဲ နောက်အကြောင်းအရာတစ်ခုကို ပြောင်းပစ်လိုက်ပါ။ အခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတစ်ခုကို ပြောင်းပြီး အာရုံ လွှဲလိုက်ပါ။ ထိုကဲ့သို့သော လူတွေက သူတို့ မှားရင်တောင်မှ မှားမှန်းမသိဘဲ ခေါင်းမာပြီး အတင်း ငြင်းနေကာ ကွီးတို့ကို စိတ်အနှောင့်အယှက် ပေးနေမှာပါ။ ဒါ့ကြောင့် သူတို့နဲ့ ဖက်ပြိုင်ပြီး အတ္တ ပြိုင်မနေပါနဲ့။

(၃) ကိုယ့်ဘာသာကိုယ် ပျော်ပျော်သာ နေပါ

စိတ် ဝဲ

စိတ်အနှောင့်အယှက် ပေးတဲ့သူတွေကို သည်းခံတတ်ခြင်းသည်လည်း အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့က ဘယ်လောက်ပဲ ဝေဒနာတွေ ပေးနေပါစေ၊ စိတ်ဆင်းရဲ စရာတွေ ယူဆောင်လာနေပါစေ၊ သူတို့ကို အဖက်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် ပျော်ပျော် ရွှင်ရွှင်သာနေပါ။ သူတို့ကြောင့် ကိုယ့်ရဲ့ စိတ်ကို အညစ်ညူး ခံလိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝက ကိုယ်ပိုင် ဘဝ မဖြစ်တော့ဘဲ​ သူတို့ဘဝ ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို သူတို့ကြောင့် အညစ်ညူး မခံလိုက်ပါနဲ့။

(၄) ပွင့်ပွင့်လင်းလင်း ပြောပါ

စိတ် ဝဲ

သူတို့ရဲ့ အပြုအမူဟာဆိုရင်ဖြင့် ကွီးတို့အတွက် အဆင်မပြေဖြစ်နေတယ်၊ အခြားသူတွေအတွက်လည်း သက်သောင့်သက်သာ မဖြစ်စေဘူးဆိုရင် နောက်ထပ် လုပ်လို့ရတဲ့ တစ်နည်းက ပွင့်ပွင့်လင်းလင်း ပြောပြခြင်းပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောပြခြင်းက နာခံတတ်တဲ့ သူနဲ့ပဲ အသုံးပြုသင့်ပါတယ်။ တချို့ကကျ သူတို့ အမှားကို သူတို့ မသိဘဲ၊ အခြားသူ အမှားလို့သာ မြင်တတ်ကြပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြမယ်ဆိုရင်တောင်မှ ပြုပြင်ချင်စိတ် ရှိတဲ့သူကိုသာ အာညောင်းခံပြီး ပြောပြသင့်ပါတယ်။ နို့မဟုတ်ရင်တော့ ကျွဲပါး စောင်းတီး သလိုဖြစ်နေမှာပါပဲ။

(၅) ဝေးဝေးကသာ ရှောင်လိုက်ပါ

စိတ် ဝဲ

ကိုယ်က ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ပြောပြနေပါစေ၊ သူ့ရဲ့ အကျင့်ကို မပြင်ဘူးဆိုရင်တော့ စိတ် အနှောင့်အယှက် ပေးတဲ့သူတွေကို ဝဲ ပစ်လိုက်ရမှာပါပဲ။ မျက်နှာချင်းဆိုင် တွေ့တော့မယ်ဆိုရင် မျက်နှာချင်း မဆိုင်မိတော့အောင် ဝေးဝေးကသာ ရှောင်ပစ်လိုက်ပါ။ ဒီလို ဝေးဝေး ရှောင်လိုက်ခြင်းအားဖြင့် ကွီးတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကလည်း အလဟဿ ကုန်ဆုံးသွားတော့မှာမဟုတ်ဘဲ တစ်နေ့တာလုံးကလည်း Positive Vibe နဲ့သာ ပြည့်နေမှာပါ။

ကွီးတို့ရော စိတ်အနှောင့်အယှက်ပေးတဲ့သူတွေကို ဘယ်လိုမျိုး တုန့်ပြန်လေ့ ရှိပါသလဲ။

Source : Wikihow

Featured Photo : Freepik