ဖဲမွေ့ရာထက်မှာ ကွီးတို့ရဲ့ ရှော်တီလေးကို စိတ် ချမ်းသာမှု အပြည့်အဝ ပေးချင်ပါသလား။ ဒါဆိုရင်တော့ နှစ်ဦးသား ချစ်တင်းနှောချိန်မှာ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဆောင်ဖို့ ရှောင်ဖို့ လိုအပ်ပါလိမ့်မယ်။
(၁) ကိုယ့်ရဲ့ ရှော်တီလေးကို ဦးစားပေးပါ
ချစ်တင်းနှောတဲ့အခါ နှစ်ဦးသားရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရှိစေဖို့လည်း လိုအပ်သလို ကိုယ့် ရှော်တီလေးကိုလည်း ဦးစားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် အပြန်အလှန် လေးစားသမှုနဲ့ ဘေးကင်းရေးကို ဦးစားပေးလိုက်နာဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်အနေနဲ့ ကွန်ဒုံးအသုံးပြုခြင်းကိုရှောင်ရှားဖို့ မတောင်းဆိုသင့်သလို ကိုယ်ကတောင်းဆိုမိပါကလည်း တစ်ဖက်ပါတနာအနေနဲ့ လိုက်လျောမှုမရှိဖို့ လိုပါတယ်။ ဒါဟာ အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးသားရဲ့ ဘေးကင်းရေးကို အလေးထားတဲ့ ချစ်စဖွယ် လက္ခဏာတစ်ခုပါပဲ။
(၂) သက်လုံကောင်းပြီး အမောခံနိုင်အောင် ကြိုးစားပါ
ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှောဖို့ဆိုရင် ကွီးတို့က အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ကွီးတို့ရဲ့ ရှော်တီလေးက အစပျိုးနေချိန်မှာ ကွီးတို့က ပင်ပန်းလို့ ဘာမှတောင် အစမပျိုးလိုက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကြာလာရင် ကွီးတို့ရဲ့ ရှော်တီလေးက ငြိုငြင်လာပါလိမ့်မယ်။ ကွီးတို့အတွက် ရှော်တီလေးတွေ စိတ်မပျက်စေရအောင် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး သက်လုံကောင်း စေမယ့် လေ့ကျင့်ခန်းများကို များများ ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။
(၃) အရွယ်အစားကြီးအောင် ဂရုစိုက်ပါ
ကွီးတို့ရဲ့ ရှော်တီလေးက ဘယ်ဆိုဒ် ကြိုက်သလဲဆိုတာကို မေးမြန်းထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ရှော်တီလေးက ခပ်ကြီးကြီးမှ ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ များများစားပါ။
အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစား သဘာဝအတိုင်း ကျန်းမာပြီး ရှည်လျားစေရန်အတွက် Antioxidants ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များများ စားသုံးရန်လိုပါတယ်။
လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသက်ရောက်စေပြီး လိင်တံကိုရှည်စေကာ ကျန်းမာစေပါတယ်။ ဒါကြောင့် အလုံးစုံ ကျန်းမာရေးအတွက် ကွီးတို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပါ။
အိပ်ရေးဝဝ အိပ်စက်အနားယူပါ။
ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးအတွက် လုံလောက်သော အိပ်စက်အနားယူမှုရှိရန် လိုအပ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရှော်တီလေးရဲ့ လိုအင်ဆန္ဒတွေကို အပြည့်အဝ ဖြည့်ဆည်းပေးပြီးပါပြီလား။
Source: Menshealth
Featured Image: Freepik