မာရသွန်ပြေးဖို့နဲ့ ရေကူးကန်ထဲမှာ ရေကူးဖို့အတွက်ပဲ​ သက်လုံကောင်းပြီး အမောခံနိုင်ဖို့ လိုအပ်တာ မဟုတ်ပါဘူး။ ဖဲမွေ့ရာထက်မှာလည်း အချိန်ကြာကြာ နှစ်ပါးသွားကနိုင်ဖို့အတွက် သက်လုံကောင်းပြီး အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် စူပါဟီးရိုး Flash လို ဖျတ်လတ်တက်ကြွနေဖို့လည်း လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ပြီး လေးလံထိုင်းမှိုင်းနေမယ်ဆိုရင် သက်လုံကောင်းဖို့ မပြောနဲ့ ဟိုစိတ်ဒီစိတ်တွေတောင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမှာပဲ ဖြစ်ပါတယ်။

စူပါဟီးရိုး Flash လိုမျိုး ဘယ်လောက်ပဲ လှုပ်ရှား လှုပ်ရှား အမြဲတမ်း ဖျတ်လတ်နေချင်တယ်ဆိုရင် အခုဖော်ပြမယ့် အချက်များကို လိုက်နာသင့်ပါတယ်။

သက်လုံကောင်းပြီး အမောခံနိုင်အောင် လေ့ကျင့်ခန်း ပြုလုပ်ပါ

သက်လုံကောင်း

တစ်ပတ်လျှင် ၇၅ မိနစ်မှ ၁၅၀ မိနစ်အထိ လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်ဖို့ဆိုရင် နှလုံး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ Sex ပြုလုပ်နေချိန်မှာ ကွီးတို့ရဲ့ နှလုံးခုန်နှုန်းသည် အဆမတန် မြှင့်တက်နေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း မှန်မှန် လုပ်မယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ဖဲမွေ့ယာထက်မှာ ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေရာတည်းမှာပဲ အချိန်အကြာကြီး ထိုင်ခြင်းမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

အစားအစာများများစားပါ

စူပါဟီးရိုး Flash

ကာဘိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝတဲ့ အစားအစာများကို များများစားသုံးပါ။ ထိုအစားအစာများသည် စွမ်းအင်များကို တိုးတက်စေပြီး သက်လုံကောင်းအောင်လည်း ကူညီပေးပါတယ်။ ဒါ့အပြင် ပန်းသီး၊ သစ်တော်သီး၊ လိမ္မောသီးနှင့် အခြားသော အချဥ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများကိုလည်း စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်များကိုလည်း မမေ့မလျော့ စားသုံးပေးဖို့ လိုအပ်ပါသေးတယ်။

သဘာဝဆေးစွမ်းကောင်းများကို မှီဝဲပါ

စူပါဟီးရိုး Flash

ဂျင်ဆင်းကတော့ ဆေးဖက်ဝင် ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။ ဂျင်ဆင်းအပြင် ကာဖိန်းဓာတ်ကိုလည်း မှီဝဲသင့်ပါတယ်။ လေ့လာချက်တစ်ခုအရ ကာဖိန်းဓာတ် မှီဝဲသောက်သုံးတဲ့ အမျိုးသားများသည် မသောက်သုံးသူများထက် သက်လုံပိုကောင်းပြီး အမောပိုခံနိုင်တာကို တွေ့မြင်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကာဖိန်းဓာတ်က သက်လုံကောင်းအောင် လှုံ့ဆော်ပေးလို့ပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

စူပါဟီးရိုး Flash

စိတ်ဖိစီးမှုသည် ကွီးတို့ ခန္ဓာကိုယ် ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးကိုသာ ထိခိုက်စေရုံသာမကဘဲ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများကြောင့် နှလုံးခုန်နှုန်းက ပုံမှန်ထက် ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး လိင်စိတ်တပ်မက်မှုကိုလည်း လျော့ကျသွားစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ Performance ကိုလည်း လျော့ကျသွားစေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်များကို ဖယ်ရှားပါ

စူပါဟီးရိုး Flash

တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်လုပ်ခြင်းတို့ကို ရှောင်ကြဥ်သင့်သလို ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း အစရှိတဲ့ ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ အလေ့အကျင့်ဆိုးများကို ဖယ်ရှားဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်ဆိုးများကို ပြုလုပ်မိမယ်ဆိုရင်တော့ စူပါဟီးရိုး Flash လိုမျိုး သန်မြန် ဖျတ်လတ်နေမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ပါတနာကို ဂရုစိုက်ပါ

စူပါဟီးရိုး Flash

ဒီအချက်ကတော့ အရေးအကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ နှစ်ပါးသွားကတယ်ဆိုတာ တစ်ယောက်တည်း ကလို့ရတာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် စိတ်ပါမှသာ အထွတ်အထိပ် ခံစားချက်များ၊ ကြဥ်နူးမှုများကို ခံစားရမှာဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဆန္ဒကိုလည်း ထည့်သွင်းစဥ်းစားပေးဖို့ လိုအပ်ပါတယ်။​

ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝက အိုခေမှစိုပြေသွားမှာ မယုံမရှိပါနဲ့။

Source: Healthline

Featured Image: Freepik