Iron Man ကို ရုပ်ရှင်ပိတ်ကားထက်မှာ အသက်သွင်းလိုက်တဲ့အခါ စတိုင်လ်အပြည့်နဲ့ လူအများကြိုက်နှစ်သက်တဲ့ စူပါဟီးရိုး အဖြစ် ဇာတ်ကောင်ပေါ်လွင်သွားပါတယ်။ သို့သော်မူရင်း Comics နဲ့ မတူတဲ့အချက်တွေ အများအပြားရှိပါသေးတယ်။

ဘယ်လိုအချက်တွေကို Comics နဲ့ ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ကို ကွဲပြားသွားစေသလဲဆိုတာ MCU ရုပ်ရှင်ပရိသတ်ကွီးတို့ သိပြီးကြပါပြီလား။

Howard Stark ရဲ့ သားအရင်းမဟုတ်ဘူး

Biggest Differences Between Iron Man In The Movies & Comics

ရုပ်ရှင်ထဲမှာတော့ Howard Stark နဲ့ Maria Stark တို့ရဲ့တစ်ဦးတည်းသော သားအဖြစ် ပုံဖော်ထားပြီး သူ့အဖေနည်းတူ ဉာဏ်ရည်ထက်မြက်တဲ့လူသားအဖြစ် ပုံဖော်ထားပါတယ်။ ဒါပေမဲ့ Comics ထဲမှာကျပြန်တော့ Tony သည် Howard တို့ရဲ့ မွေးစားသားဖြစ်ကြောင်း ရေးသားထားပါတယ်။

Comics ထဲမှာ သူသည် Iron Man ဖြစ်တာကို နှစ်အတော်ကြီးကြာမှ ဖော်ပြခဲ့တယ်

Biggest Differences Between Iron Man In The Movies & Comics

ရုပ်ရှင်ထဲတွင် Iron Man ပထမဇာတ်ကားရဲ့ အဆုံးမှာ Iron Man က သူဖြစ်တယ်ဆိုတာကို လူအများရှေ့ချပြခဲ့တာကို မှတ်မိဦးမယ်ထင်ပါတယ်။

Comics ထဲမှာတော့ အဲ့လိုမဟုတ်ပါဘူး။ Tony သည် သူ့ရဲ့သရုပ်မှန်ကို နှစ်ရှည်လများကြာသည်အထိ ဖုံးကွယ်ခဲ့ပါတယ်။ Iron Man က သူ့ရဲ့သက်တော်စောင့်ဖြစ်တယ်လို့ပဲ သိစေခဲ့တာပါ။ Avengers အဖွဲ့တောင်မှ သူ မပြောပြခဲ့ပါဘူး။ နောက်ဆုံးကျမှ ပေးသိခဲ့တာပါ။

Iron Man က Ultron ကို ဖန်တီးခဲ့တာမဟုတ်ဘူး

Biggest Differences Between Iron Man In The Movies & Comics

Avengers: Age Of Ultron ဇာတ်ကားထဲမှာ Tony နဲ့ Bruce Banner တို့သည် ကမ္ဘာကြီးကို အခြားသောအန္တရာယ်များကြားမှ ကာကွယ်ဖို့ရန်အတွက် ရည်ရွယ်ချက်နဲ့ Ultron ကို ဖန်တီးခဲ့ပါတယ်။ သို့သော် ထို Ultron ကပဲ လူသားတွေအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ခဲ့တာပါ။

Comics ထဲမှာလည်း ဆင်တူပါတယ်။ သို့သော် Comics ထဲမှာကတော့ Ultron ကို Hank Pym က တီထွင်ခဲ့တာပါ။ Pym သည် Avengers ရဲ့ တည်ထောင်သူအဖွဲ့ဝင်ဖြစ်ပါတယ်။

Tony Stark ရဲ့ အချစ်ရေး

Biggest Differences Between Iron Man In The Movies & Comics

Tony ကို Iron Man ပထမနှစ်ကားမှာ Playboy အဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။ သို့သော် အဆုံးသတ်မှာတော့ Pepper Potts နဲ့ပဲ လက်ထပ်ပြီး သမီးလေးတစ်ယောက် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

Comics ထဲမှာကျတော့ အရာရာပြောင်းလဲသွားပါတယ်။ Iron Man နဲ့ Pepper Potts သည် ဘယ်တုန်းကမှ ဖူးစာမဆုံခဲ့ကြပါတယ်။

Iron Man သည် ဟာသဉာဏ်ရွှင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး

Biggest Differences Between Iron Man In The Movies & Comics

ရုပ်ရှင်ထဲမှာတော့ Iron Man သည် ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ မီလီယံနာသူဌေးအဖြစ် သရုပ်ဖော်ထားတာဖြစ်ပါတယ်။

သို့သော် မူရင်း Comics ထဲမှာကျတော့ သူသည် ရုပ်တည်ကြီးနဲ့ အမြဲတမ်းနေတတ်ပြီး ဟာသပြောဖို့နေနေသာသာ သူများဟာသပြောရင်တောင် သိပ်ပြုံးရယ်လေ့မရှိပါဘူး။

Source: Screenrant.com

Featured Image: Screenrant.com