စွန့်စွန့် စားစား ခရီးသွားရတာ နှစ်သက်ခုံမင်တဲ့ ဘီးကျဲတို့အတွက် ဒီတစ်ခါမှာတော့ အမိုက်စား နေရာများကို ရွေးချယ် ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီနေရာတွေထဲက တစ်နေရာလောက်ကို သွားလည်ပြီးတဲ့အခါ လူဖြစ်ရကျိုး နပ်ပါလားဆိုတဲ့ ဖီလ်လင်မျိုး ခံစားရမှာ အသေအချာပါပဲ။
(၁) ဗင်နီဇွဲလား နိုင်ငံရှိ Roraima တောင်
Photo: Flickr
ဒီတောင်ကတော့ တောင်အမေရိကရှိ ကုန်းပြင်မြင့် တောင်တစ်ခုဖြစ်ပြီး ဘရာဇီးနိုင်ငံ၊ ဂုယနနှင့် ဗင်နီဇွဲလား နိုင်ငံ သုံးနိုင်ငံ ပေါင်းဆုံရာ နေရာမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ကျောင်တောက်စွန်းပေါင်း ၄၀၀ ကျော်မှ ၁၀၀၀ ကျော် အမြင့်ရှိတဲ့ ကျောက်တောင်များနဲ့ ဝန်းရံခြင်းခံထားရတဲ့ ကုန်းပြင်မြင့်တစ်ခုပဲ ဖြစ်ပါတယ်။ တောင်တက်ကာ စွန့်စွန့် စားစား ခရီးထွက်ချင်သူများအတွက် ကွက်တိပါပဲ။
(၂) နမီးဘီးယားနိုင်ငံရှိ Sossusvlei ဆားသောင်ပြင်
Photo: Kuoni.co.uk
Sossusvlei သည် ဆားနှင့် ရွံ့တို့ ပေါင်းစပ်ထားတဲ့ သောင်ပြင်တစ်ခုဖြစ်ပြီး ဒယ်အိုးပုံသဏ္ဍာန် တည်ရှိကာ သူ့ဘေးနားတစ်ဝိုက်မှာတော့ အနီရောင် သဲကန္တရာများက ဝန်းရံထားတာပဲ ဖြစ်ပါတယ်။ ဒီနေရာကို ဘာ့ကြောင့် သွားရောက်လည်ပတ်သင့်သလဲဆိုရင် သူသည် ရှေ့အကျဆုံး သောင်ပြင်တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရလို့ပဲ ဖြစ်ပါတယ်။
(၃) ဂျပန်နိုင်ငံရှိ Niseko တောင်
Photo: Niseko
ဂျပန်နိုင်ငံ၊ ဟော်ကိုင်းဒိုး ပြည်နယ်ရှိ ရှီရိဘဲရှိ စီရင်စုမှာ တည်ရှိတဲ့ Niseko မြို့နငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားများနှင့် အမြဲတစေ ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပြီး စကိတ်စီးရတာ ဝါသနာပါတဲ့ ခရီးသွား ဧည့်သည်များနဲ့ အမြဲ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အအေးဒဏ်ကို ကြံ့ကြံ့ခံသွားဖို့တော့ လိုပါလိမ့်မယ်။
(၄) တရုတ်နိုင်ငံရှိ Wulingyuan Scenic Area
Photo: Windows10spotlight
တရုတ်သိုင်းကားတွေထဲက တောင်တန်းအသွယ်သွယ် လျှိုမြှောင် ချိုင့်ဝှမ်း အသွယ်သွယ်ကာ အပြင်မှာလည်း တကယ်ရှိပါတယ်။ ထိုနေရာကတော့ Wulingyuan Scenic Area ပဲဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းများထဲတွင် ပါဝင်ပြီး နာမည်ကြီးတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
(၅) နော်ဝေးနိုင်ငံရှိ Svalbard
Photo: Vogue
ဒီနေရာလေးကတော့ မြောက်ဝင်ရိုးစွန်းတန်းနှင့် နော်ဝေးနိုင်ငံတို့ကြား တည်ရှိတဲ့နေရာတစ်ခုဖြစ်ပြီး မြောက်ဘက် အစွန်း အရမ်းကျတာကြောင့် လူနေထိုင်မှုလည်း နည်းပါးပါတယ်။ ထိုနေရာလေး နာမည်ကြီးရခြင်း အကြောင်းအရင်းကတော့ ရွေ့လျားနေတဲ့ ရေခဲပြင်များ တည်ရှိပြီး ပိုလာဝက်ဝံများ၊ အာတိတ် မြေခွေးများ၊ သမင်ကြီးများ နေထိုင်ကျက်စားရာ ဒေသလည်း ဖြစ်ပါတယ်။ ဥတ္တရ အလင်းတန်းများကိုတော့ ဆောင်းရာသီမှာ မြင်တွေ့ရနိုင်ပြီး နွေရာသီမှာဆိုရင်တော့ ညသန်းခေါင်အချိန်မှာ နေရောင်ခြည်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော စွန့်စွန့် စားစား ခရီးသွားဖို့အတွက် ဘယ်နေရာတွေကို ပြင်ထားပါသလဲ။
Source: Marleneonthemove
Featured Image: Wandertechs