လိင်မှုကိစ္စဟာ ပျော်စရာ ကောင်းပေမယ့် ကွီးတို့ အမြဲတမ်း စိုးရိမ်ပူပန်စိတ်တွေ များနေတယ်ဆိုရင်တော့ ပျော်ရွှင်ရတဲ့ လိင်မှုဘဝကို ရရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ စာရေးသူတို့ အမျိုးသား တော်တော်များများဟာ အိပ်ရာပေါ်က လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး များသောအားဖြင့် စိုးရိမ်ပူပန်မှုတွေ ရှိတက်ကြပြီး ဘယ်အရာတွေက ကွီးတို့ကို အဓိက စိုးရိမ်စိတ် ဖြစ်ပေါ်စေတာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဆင်ခြင်သုံးသပ်နိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

Couple On Bed

Photo : Deevyaayurveda

လိင်မှုကိစ္စ တစ်နည်းအားဖြင့် လိင်ဆက်ဆံခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု တစ်ခုတည်း မဟုတ်ပါဘူး။ စိတ်ခံစားမှုတွေကလည်း လိင်မှုကိစ္စ အပေါ် တိုက်ရိုက် သက်ဆိုင်နေပါတယ်။ လိင်ကိစ္စအပေါ် အာရုံစိုက်ဖို့ ကွီးတို့ရဲ့စိတ်က အရမ်းဖိစီးနေတဲ့အခါ ခန္ဓာကိုယ်ကလည်း ကောင်းကောင်း လှုပ်ရှားတုံ့ပြန်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

ယေဘုအားဖြင့် ဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့………

Couple On Bed
Photo : Verywell Health

ပါတနာကို စိတ်ကျေနပ်မှု ကောင်းကောင်း မပေးနိုင်မှာ စိုးရိမ်ခြင်း အိပ်ရာထက်မှာ ကိုယ့်ချစ်သူ ပါတနာကို စိတ်ကျေနပ် ပြည့်ပြည့်ဝဝ ရအောင် မစွမ်းဆောင်နိုင်မှာနဲ့ ပတ်သတ်ပြီး အမျိုးသားတွေ စိုးရိမ်စိတ် ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အပြာရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေလို စွမ်းဆောင်ရည်မျိုး မပြနိုင်မှာကို စိတ်ပူကြတာပါ။ တကယ်တော့ ဖျော်ဖြေရေး သပ်သပ် ညစ်ညမ်းရုပ်ရှင်တွေနဲ့ ပြင်ပလက်တွေ့ဘဝဟာ လုံးလုံး ကွဲပြားပါတယ်။ ဒါကို ခက်ခံနိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ပါတနာကို စိတ်ကျေနပ်မှု ရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို တည်ဆောက်ရမှာဖြစ်ပြီး တစ်ယောက်အကြိုက်တစ်ယောက် လေ့လာသိရှိထားဖို့က အရေးကြီးဆုံးပါပဲ။

ခန္ဓာကိုယ်ပုံစံအပေါ် ယုံကြည်မှု အားနည်းခြင်း – လူတော်တော်များများက Body Image နဲ့ ပတ်သတ်ပြီး ယုံကြည်မှု လျော့နည်းကြပါတယ်။ ဒါကပဲ စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေပြီး လိင်မှုဘဝအပေါ် ဆိုးကျိုးသက်ရောက်စေတာပါ။ အကယ်၍ သင်က ကိုယ်အလေးချိန်များနေသူ တစ်ယောက်ဆိုရင်တော့ မိမိခန္ဓာကိုယ်ကို ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အကြံပေးချင်ပါတယ်။

ဆက်ဆံရေး ပြဿနာများရှိခြင်း – တချို့စုံတွဲတွေမှာ ဆက်ဆံရေး အဆင်မပြေမှု ပြဿနာတွေကတဆင့် စိုးရိမ်စိတ် ၊ ဖိအားတွေကို ဖြစ်ပေါ်စေပြီး လိင်မှုဘဝမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ လူနှစ်ဦးကြား စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်ရင်းနှီးမှု ကောင်းကောင်းရှိမှသာ လိင်မှုဘဝဟာလည်း ပျော်ရွှင်ကျေနပ်ဖွယ် ဖြစ်စေမှာပါ။

ဖွားဖက်တော် အရွယ်အစားပေါ် အားမရခြင်း – ဒါကတော့ အမျိုးသား အများစု ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ မိမိရဲ့ ဖွားဖက်တော် အရွယ်အစားအပေါ် အားရကျေနပ်မှု မရှိခြင်းကနေ ပါတနာနဲ့ အတူနေချိန်မှာ စိုးရိမ်စိတ် ၊ ဖိအားတွေကို ခံစားရနိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ လိင်ကိစ္စမှာ လက်နက် အရွယ်အစားဟာ အရမ်းကြီး အဓိကမကျဘူး ဆိုတာကို နားလည်ထားဖို့လိုပြီး အရွယ်အစားထက် သိုင်းကျွမ်းကျင်မှု ၊ တစ်ယောက်နဲ့တစ်ယောက် အကြိုက်နဲ့ နှစ်ခြိုက်မှုတွေကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

ပြီးမြောက်ချိန်ကို အာရုံစိုက်ခြင်း – သုတ်လွှတ်မြန်မှာ ဒါမှမဟုတ် အထွတ်အထိပ် ခံစားမှုမရမှာ စတာတွေနဲ့ ပတ်သတ်ပြီး အရမ်းကြီး အာရုံစိုက်လွန်းတဲ့အခါမှာလည်း စိုးရိမ်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ဟာ အတူနေချိန်မှာ မိနစ်အနည်းငယ်အတွင်း (ဥပမာ ၅ မိနစ်ကနေ မိနစ် ၃၀ ကြား) မှာ သုတ်လွှတ်နိုင်ပါတယ်။ အဆိုပါ အချိန်ထက်စောပြီး သုတ်လွှတ်မှု ဖြစ်နေတယ် ဆိုရင်တော့ ကွန်ဒုံးအသုံးပြုတာ ၊ ကုထုံးနည်းတွေ ခံယူတာ ၊ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်တာ စတာတွေ ပြုလုပ်သင့်ပါတယ်။

Source : Web MD

Featured Photo : Oakwood Health Network