နည်းပညာများ တစ်စထက်တစ်စ တိုးတက်လာသည်နှင့်အမျှ လူသားများသည် နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့ရန်အတွက် နေ့ တစ်နေ့ရဲ့အစမှာ ဖုန်းရဲ့နှိုးစက်ကို အသုံးပြုကာ အိပ်ရာနိုးထလေ့ ရှိကြပါတယ်။ ဒီလို ဖုန်းနှိုးစက်ကို အသုံးပြုမယ်ဆိုရင် ဖုန်းကို ကိုယ့်ရဲ့ အနီးအနားမှာ ထားရှိမှဖြစ်မှာပါ။ ဒါပေမယ့် ဖုန်းကို ကိုယ့်ရဲ့ အနီးအနားမှာ ထားအိပ်တဲ့အခါ သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဖုန်းအစား စွမ်းဆောင်ရည် မြင့်မားတဲ့ နှိုးစက် နာရီ များရဲ့ အကူအညီရယူကာ အိပ်ရာနိုးထသင့်တာပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည် မြင့်မားတဲ့ နှိုးစက် နာရီ များသည် ဖုန်းလိုမျိုး ဦးနှောက်ကို အန္တရာယ်ဖြစ်စေတဲ့ လှိုင်းများ မထုတ်လွှတ်တဲ့အတွက်ကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ ကွီးတို့အနေနဲ့ စွမ်းဆောင်ရည် လည်း ကောင်းရမယ် ဒီဇိုင်းလည်း အမိုက်စားဖြစ်ရမယ်ဆိုတဲ့ နှိုးစက် နာရီ များကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Amazon Echo Show 5

စွမ်းဆောင်ရည် နှိုးစက် နာရီ

ဒီနာရီလေးကတော့ အမိုက်စား စမတ်နှိုးစက်နာရီပဲ ဖြစ်ပါတယ်။ ဒီနာရီသည် သင် နှစ်သက်ရာ သီချင်းသံပဲဖြစ်ဖြစ်၊ နှိုးစက်သံပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို သတ်မှတ်ထားနိုင်ပါတယ်။ နှိုးစက်အချိန် ကျရောက်လာပါက သင် ရွေးချယ်ထားတဲ့ သီချင်းသံ (သို့) တီးလုံးသံဖြင့် သင့်ကို နိုးထလာအောင် ကူညီပေးပါလိမ့်မယ်။

သူ့ရဲ့နောက်ထပ် အားသာချက်ကတော့ သင့်ကို နှိုးရမယ့်အချိန်ထက် ၁၅ မိနစ်အလိုမှာ နာရီရဲ့မျက်နှာပြင်သည် တဖြည်းဖြည်း အရောင်တောက်ပလာမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသံနဲ့ အမိန့်ပေးနိုင်တဲ့ Alexa Voice Assistant လည်း ထည့်ထားတဲ့အတွက်ကြောင့် အဆင့်မြင့်မြင့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Touchscreen ကို အသုံးပြုပြီး Video Call ခေါ်ခြင်း၊ ရာသီဥတုအခြေအနေ စစ်ဆေးခြင်း၊ သင့်အိမ်ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်း အစရှိသည်တို့ကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ကုန်ကျမှာပဲ ဖြစ်ပါတယ်။

Sony ICFC-1

စွမ်းဆောင်ရည် နှိုးစက် နာရီ

ဒီနာရီလေးကတော့ ဒေါ်လာ ၂၄ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့မှာ ရေဒီယိုနားထောင်လို့ရအောင်လည်း Built In ထည့်သွင်းတီထွင်ထားပေးပါသေးတယ်။ ဒါ့ကြောင့် အိပ်ခါနီး သီချင်း နားထောင်ချင်တယ်ဆိုရင် Timer လေး မှတ်ထားပြီး သီချင်း နားထောင်နိုင်ပါတယ်။ သူ့အရွယ်အစားက သေးသေးလေးပဲဆိုတော့ ခရီးသွားတဲ့အခါမှာလည်း အလွယ်တကူ ယူဆောင်သွားနိုင်ပါသေးတယ်။

Philips HF3500

Philips HF3500

လျှပ်စစ်ပစ္စည်းတွေထဲမှာဆိုရင် Philips သည်လည်း နာမည်ကြီး ဘရန်းတစ်မျိုးပဲဖြစ်ပါတယ်။ Philips က ထုတ်လုပ်တဲ့ HF3500 မော်ဒယ်အမျိုးအစား နှိုးစက်နာရီသည်လည်း အင်မတန်အသုံးဝင်တဲ့ နာရီတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကတော့ ပန်းကန်ပြားပျံလို ထုတ်လုပ်ထားတာဖြစ်ပြီး နှိုးစက်ပေးဖို့ရန်အတွက် လွယ်ကူပါတယ်။ ဒီနာရီသည် နှိုးစက် သတ်မှတ်ချိန် မိနစ် ၃၀ အလိုမှာ စခရင်မ်က တဖြည်းဖြည်း လင်းလာပြီး သူ့ရဲ့မျက်နှာပြင်က အလင်းဆုံးဖြစ်သွားတဲ့အခါ နှိုးစက်ထမြည်လာမှာပဲဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၅၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

Sonic Alert Sonic Bomb

Sonic Alert Sonic Bomb

ဒီ Alarm နာရီကတော့ အိပ်တဲ့အခါ ဆင်အော်တောင် မနှိုးတဲ့ အိပ်ပုတ်ကြီးသူတွေအတွက် သင့်တော်ပါတယ်။ သူ့နာမည်က Sonic Bomb ဆိုတဲ့အတိုင်း သင် မထမချင်းက နှိုးစက်က အိပ်ရာကို တုန်ခါနေအောင် လှုပ်နှိုးနေမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့နှိုးစက်က သင့်အတွက် ကမ္ဘာကြီးတောင် ပျက်နေသလား အောက်မေ့ရလောက်အောင် တုန်ခါမှုက တော်တော်လေးကို ပြင်းပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ၃၇ ဒေါ်လာ ကုန်ကျမှာပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ နှိုးစက်နာရီများသည် ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀ နှင့် ၁၀၀ ဝန်းကျင်အကြားမှာ တည်ရှိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘတ်ဂျက်အခြေအနေပေါ် မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Source: Cnet.com

Featured Image: Nytimes