စွဲမက်ဖွယ် အနက်ရောင် အရောင်အဆင်းနဲ့ ကော့လ်တေး တစ်ခွက်ကို ဖျော်စပ်ဖို့ဖြစ်စေ ၊ မြည်းစမ်းဖို့ ဖြစ်စေ  ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ Black Velvet ကော့လ်တေး ရှိပါတယ်။ ဒီကော့လ်တေးကတော့ ဖန်ခွက်တစ်ခုထဲမှာ ရှန်ပိန်နှင့် အနက်ရောင် ဘီယာတို့ကို ပေါင်းစပ်ထားသည့် စိတ်ဝင်စားဖွယ် ရောစပ်ထားသော အဖျော်ယမကာ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ဒီလို ရှန်ပိန်နဲ့ ဘီယာ ပေါင်းစပ်မှုကို တမူထူးခြားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့ အရသာရော အရောင်အဆင်းပါ အတော်လေးကောင်းပါတယ်။

ဒီ Black Velvet ကော့လ်တေးရဲ့ အစကတော့ ၁၈၆၁ ခုနှစ် ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ ခင်ပွန်း တော်ဝင်မင်းသား အဲလ်ဘတ် သေဆုံးမှုအတွက် နိုင်ငံရဲ့ ဝမ်းနည်းပူဆွေးနေချိန်၌ ၎င်းကို လန်ဒန်ဘဏ္ဍာစိုးက ဖန်တီးခဲ့တာလို့ ယူဆရတယ်လို့ ဆိုထားပါတယ်။ ဒီလို ပါဝင်ပစ္စည်း နှစ်မျိုးတည်းနဲ့ တမူထူးခြားတဲ့ စွဲမက်ဖွယ် Black Velvet ကော့လ်တေးကို အိမ်မှာ ဘယ်သူမဆို ဖျော်စပ်လို့ရတာကြောင့် ကွီးတို့ ကိုယ်တိုင် မြည်းစမ်းချင်လို့ ဖြစ်စေ၊ ဒင်နာကဲ့သို့ ပွဲများတွင် အလွယ်တကူ ထည့်သွင်းဧည့်ခံလို့ ရပါတယ်။ ဆက်လက်ပြီးတော့ ကော့လ်တေး ဖျော်စပ်နည်းလေးကို ကြည့်လိုက်ရအောင်။

တမူထူးခြားတဲ့ စွဲမက်ဖွယ် Black Velvet ကော့လ်တေး ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

(၁) အအေးခံထားသော ရှန်ပိန် ၄ အောင်စ နှင့်

(၂) အအေးခံထားသော Stout ဘီယာ ၄ အောင်စ စတဲ့ နှစ်မျိုးပဲ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အသင့် ဖြစ်ပါပြီ။ ကော့လ်တေး ဖျော်စပ်နည်း အဆင့်ဆင့်ကတော့

စွဲမက်ဖွယ် Black Velvet

Photo : The Spruce Eats

(၁) ပါဝင်ပစ္စည်း (၂) မျိုးကို တစ်နေရာတည်းမှာ စုလိုက်ပါ။

cocktail

Photo : The Spruce Eats

(၂) အရင်ဆုံး အအေးခံထားသော ရှန်ပိန်ကို ကွီးတို့ ကြိုက်နှစ်သက်ရာ ဖန်ခွက်တစ်ခုထဲကို တစ်ဝက်ခန့် လောင်းထည့်လိုက်ပါ။

စွဲမက်ဖွယ် Black Velvet

Photo : The Spruce Eats

ထို့နောက် အအေးခံထားသော Stout ဘီယာကို ရှန်ပိန်အပေါ်မှာ ဖြေးဖြေးချင်း လောင်းထည့်လိုက်ပါ။

cocktail

Photo : The Spruce Eats

ဒါဆိုရင်တော့ ပါဝင်ပစ္စည်း နှစ်မျိုးတည်းနဲ့ ဖျော်စပ်နိုင်တဲ့ စွဲမက်ဖွယ် အရောင်အဆင်းနဲ့ အရသာရှိတဲ့ Black Velvet ကော့လ်တေး တစ်ခွက် သုံးဆောင်မြည်းစမ်းဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဤကော့လ်တေးကို ရောစပ်ရာတွင် ရေခဲမပါဝင်တာကြောင့် ပါဝင်ပစ္စည်း နှစ်မျိုးလုံးကို မဖျော်စပ်မှီ အချိန်အနည်းငယ်ယူပြီး အအေးခံထားပါက အမှန်တကယ် အကောင်းဆုံး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီကော့လ်တေးကို ဖျော်စပ်ရာတွင် ပြင်သစ်ရှန်ပိန်ကို အသုံးပြုသော်လည်း Sparkling Wine ကိုလည်း ဒီကော့လ်တေး ဖျော်စပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့ တွေ့စုံတဲ့အခါ ထူးထူးခြားခြား အဖျော်ယမကာလေး မြည်းစမ်းကြည့်ချင်ရင် ဖျော်စပ်ရတာ လွယ်ကူတဲ့ ဒီကော့လ်တေးလေးကို ဖျော်စပ် မြည်းစမ်းကြည့်ပါ။

Source : The Spruce Eats

Featured Photo : BBC