ဆင်ခြေ ဆင်လတ် များလွန်းရင် ဘဝမှာ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘဲ နောင်တ တွေ တစ်ပွေ့တစ်ပိုက်နဲ့သာ အိမ်ပြန်ရပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဆင်ခြေ တွေ ပေးနေမယ့်အစား အခုဖော်ပြပေးမယ့် အချက်များကို အသုံးချလိုက်ပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက ကွီးတို့ရဲ့ လက်တစ်ကမ်း အလိုမှာပဲ ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လေ့ကျင့်ပါ

man confident

ယနေ့ခေတ် အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ လုပ်ငန်းရှင်တွေ သာမက ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းကို ကြည့်လိုက်ပါ။ သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြပါတယ်။ ကွီးတို့လည်း လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ  စေဖို့အတွက် ကိုယ့်ရဲ့အသွင်အပြင်၊ နေထိုင်မှုပုံစံ၊ ကိုယ်နေဟန်ထား၊ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်း၊ ကြိုးစားမှု စသည်တို့ဖြင့် မြှင့်တင်လို့ ရပါတယ်။

အချိန်ဆွဲတာတွေ၊ အချိန်ဖြုန်းတာတွေ လုပ်မယ့်အစား အချိန်ကို အကျိုးရှိအောင် အသုံးချပါ

time

အချိန်တွေဟာ အကန့်အသတ်နဲ့ ဖြစ်ပြီး တန်ဖိုးရှိလှပါတယ်။ တိုးတတ်အောင်မြင်ချင်တဲ့ လူတိုင်းက အချိန်ကို တန်ဖိုးထားပြီး အလဟာသ အကုန်မခံကြပါဘူး။ ဒါကြောင့် ကွီးတို့လည်း ဘဝ တိုးတက်မှုအတွက် အထောက်အကူ မပြုတဲ့အရာတွေနဲ့ အချိန်ကုန်ခံမနေပါနဲ့။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ ဒါကြောင့် လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို ပိုမို တိုးတက် ကောင်းမွန်စေဖို့ အချိန်ကို လေးစားတန်ဖိုးထားပြီး အသုံးချဖို့ လိုပါတယ်။

ဆင်ခြေပေးတတ်တဲ့ အကျင့်မျိုးကို ဖျောက်ဖျက်ပစ်ပါ

ဆင်ခြေ နောင်တ

ကွီးတို့က တစ်ခုခုဆို ဆင်ခြေပေးတတ်တဲ့ အကျင့်ရှိပါသလား ဒါမဟုတ် တာဝန်ယူပြီး ပြီးဆုံးအောင် လုပ်ပေးတတ်တဲ့ အကျင့် ရှိပါသလား။ ကိုယ့်ရဲ့အမှားတစ်ခုကိုဖြစ်စေ၊ အလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေပေးခြင်းကိုရှောင်ပါ။ ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ ကြိုးစားမှုလိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်း ကွီးတို့ဘဝ တိုးတတ်အောင်မြင်ရေးကို ထိခိုက်စေတဲ့ ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။

လုံ့လ ဝီရိယနဲ့ ကြိုးစားတတ်တဲ့ စိတ်ထားများကို သေချာ မွေးမြူပါ

ဆင်ခြေ နောင်တ

ဘယ်အရာကိုမဆို တိုးတက် အောင်မြင်မှုကိုလိုချင်ရင် စိတ်အားထက်သန်ရပါမယ်။ ထို့နောက် ဘယ်အရာကို ဦးတည်ချက် ထားသလဲ ဆိုတာ သိရှိပြီး တစိုက်မတ်မတ် ကြိုးစားရပါမယ်။ ဘဝ တိုးတက်ပြောင်းလဲမှု၊ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့  ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒီအချက်ကလည်း လာမယ့်နှစ်မှာ ပိုမိုတိုးတက် ကောင်းမွန်တဲ့ဘဝကို ရရှိဖို့ လှေကားထစ်တစ်ခုပါ။

ကိုယ်ချစ်ရတဲ့ သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးဖို့ မမေ့ပါနဲ့

ဆင်ခြေ နောင်တ

ဒီအချက်ကတော့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။ ယနေ့ခေတ် အပြိုင်အဆိုင်များတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ကိုယ့်စီကိုယ်စီ ရုန်းကန်နေရပြီး လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုတ်ကာ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်တိုင် ဒီလိုလုပ်မိနေရင် ဒီအချက်လေးကို ပြင်ပါ။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ဘဝအတွက် အရေးပါတဲ့သူတွေကိုလည်း အချိန်ပေးပြီး အမှတ်တရတွေ ဖန်တီးဖို့ မမေ့ပါနဲ့။ ဘဝနဲ့ အလုပ်ညီညွတ်မျှတစွာ စီမံခန့်ခွဲပါ။ ဒီအချက်ကလည်း ဘဝမှာ နောင်တမရစေဖို့ အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။

ကွီးတို့လည်း ဆင်ခြေ ဆင်လတ်တွေ အပေးလွန်ပြီး နောင်တ နဲ့ အိမ်မပြန်ချင်ဘူး မဟုတ်လား။

Source: Forbes

Featured Image: Bouncepodiatry.com.au