အီတလီ နောက်ခံလူ ရစ်ကာဒို ကာလာဖီအိုရီ ကတော့ ကြာသပတေးနေ့တုန်းက ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပထမအကျော့ပွဲစဉ်အတွင်းမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အီတလီလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက် ရပါတယ်။
Photo : Goal.com
အသက် ၂၂ နှစ်အရွယ် အာဆင်နယ် ညာနောက်ခံလူဟာ မီလန်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်း အချိန်ပို မိနစ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒဏ်ရာပြဿနာကြောင့် ကလပ်အသင်းကို ပြန်လာရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ကာလာဖီအိုရီ ဒဏ်ရာအခြေအနေကို တိတိကျကျသိရဖို့ လန်ဒန်မှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အီတလီသတင်းထောက် ဒီမာဇီရိုကတော့ အနည်းဆုံး ၃ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ ဆိုထားပါတယ်။ ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘိုလော့ဂ်နာအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
Photo : Goal.com
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ညာနောက်ခံလူအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲသာ ပါဝင်ကစားခွင့် ကန့်သတ်ပေးထားခဲ့ပြီး အဲ့ဒီထဲကမှ ၁၆ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ အာဆင်နယ်အသင်းအနေနဲ့ ဖူလ်ဟမ် ၊ အဲဗာတန်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားသွားဖို့ရှိသလို ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်လည်း ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေပါတယ်။
Featured Photo : Goal.com