ဆင်ပျံကြီး နဲ့ ကြိုးကြာနီ တို့ကတော့ ပအကျော့တုန်းက သရေရလဒ် မကျေပွဲ ထပ်နွှဲသွားကြ ပါတော့မယ်။ ချန်ပီယံကြိုးကြာတို့က ဒီပွဲကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားရမှာ ဖြစ်သလို ပရီးမီးယားလိဂ်မှာ အမှတ်မလိုတော့တဲ့အတွက် ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

liverpool vs arsenal

Photo : BBC

တစ်ဖက်မှာ ဆင်ပျံကြီးတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာတဲ့ အနိုင်ရမှတ် ၃ မှတ်ကို ဒီပွဲမှာ ရယူဖို့ လိုအပ်နေပြီး လက်တလော ခြေစွမ်းအရတော့ အန်ဖီးလ်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဘုန်းမောက်နဲ့ ပွဲတုန်းက အိမ်ကွင်းမှာ ကစားသမားအစုံ ထုတ်သုံးခဲ့ပေမယ့် ၂ – ၁ ဂိုးရလဒ်နဲ့ အရှက်တကွဲ ရှုံးခဲ့တာပါ။

ကြားရက်မှာ ပြင်သစ်ဘီးလူးကြီး ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုအကျော့ ပွဲစဉ်ကိုလည်း ကစားထားတဲ့အတွက် ပွဲပန်းခြေချ ဖြစ်နေပါတယ်။ ဂျေဆူး ၊ ဂါဘရီရယ် ၊ တိုမီယာဆုနဲ့ ကိုင်ဟာဗက် တို့လို အဓိက ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေလည်း ရှိနေသေးတာကြောင့် ဒီပွဲဟာ ဆင်ပျံကြီး တို့အတွက် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။

liverpool vs arsenal
Photo : Sports Illustrated

ဒါပေမယ့် ဆင်ပျံကြီးတို့က ကြိုးကြာနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ထွက်ပေါ်ထားသလို ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေကိုလည်း ရှုံးနိမ့်ထားခြင်း မရှိသေးပါဘူး။ ဆိုတော့ ဒီပွဲဟာ နှစ်သင်းလုံးအတွက် ရင်ခုန်စရာကောင်းတဲ့ အနေအထားတစ်ခုမှာ ရှိနေပြီး ချန်ပီယံ ကြိုးကြာတို့ကပဲ အိမ်ကွင်းမှာ လူစုံသုံးပြီး ဖိအားပေး ကစားသွားမလား ၊ ဆင်ပျံကြီး တို့ကပဲ ရှုံးပွဲမရှိ ရလဒ်ကို ဆက်ထိန်းသွားနိုင်မလား ဆိုတာတော့ လာမယ့် တနင်္ဂနွေညမှာ ကွီးပရိသတ်တွေ ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : GiveMeSport