နာရီ ဆိုတာ လူငယ်လူကြီး အရွယ်သုံးပါးမရွေး ဝတ်ဆင်သင့်တဲ့ အသုံးဆောင်ပစ္စည်း တစ်ခုပါပဲ။ ပုံမှန်အားဖြင့် ယောကျာ်းလေးတွေဟာ ဖက်ရှင် Accessories တွေ အများကြီး ဝတ်ဖို့ မလိုပါဘူး။ ကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ နာရီကောင်းကောင်းတစ်လုံး ဝတ်ဆင်ထားရင်ပဲ သန့်သန့်ပြန့်ပြန့်နဲ့ Smart ကျနေစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Style ထိထိမိမိနဲ့ ကိုယ့်ရဲ့ Standard ကို ပေါ်လွင်နေစေမယ့် ဆယ်ကျော်သက် ယောက်ျားလေးတွေအတွက် အကောင်းဆုံး နာရီ ၅ လုံးကို ညွှန်းပေးချင်ပါတယ်။

(၁) Solios White Solar Watch

ဆယ်ကျော်သက် နာရီ

Photo : The Trend Spotter

Solios White Solar နာရီ ကတော့ Minimalist ဆန်ဆန်နဲ့ Stylish ဖြစ်တဲ့ ဆယ်ကျော်သက် လူငယ်ယောကျာ်းလေးတွေ အတွက် အလိုက်ဖက်ဆုံး နာရီတစ်လုံးပါ။ Stainless Steel Watch ဖြစ်တာနဲ့အညီ နေ့စဉ်ထသွားထလာ ကျောင်းသွား ၊ ရုံးသွား ပေါ့ပေါ့ပါးပါး ဝတ်နိုင်သလို ဝတ်ထားသူကိုလည်း သန့်သန့်ခန့်ခန့် Style မျိုး ပေးစွမ်းပါတယ်။ အဖြူရောင် ဒိုင်ခွက်ပေါ်မှာ အပြာရောင် နာရီလက်တံတွေရဲ့ ပေါင်းစပ်ဖန်တီးထားမှုက တကယ့်ကို ရိုးရှင်းပြီး ဆွဲဆောင်မှုအပြည့် ရှိစေပါတယ်။

(၂) Tapferkeit Freiheit Automatic White

ဆယ်ကျော်သက် နာရီ

Photo : The Trend Spotter

ရိုးရှင်းမှုနဲ့ Smart ကျမှုတို့ ပေါင်းစုံနေတဲ့ နာရီ ကို ပြောပါဆိုရင် Tapferkeit Freiheit Automatic White ကိုပဲ ညွှန်းရမှာပါ။ ဒီနာရီက အချင်း ၄၀ မီလီမီတာနဲ့ အထူ ၁၃ မီလီမီတာ ရှိတဲ့အတွက် လက်ကောက်ဝတ်ပေါ်မှာ ဟန်ချက်ညီညီ ၊ သက်တောင့်သက်သာ ရှိနေစေမှာ ဖြစ်ပါတယ်။ ပြောင်လက်တောက်ပတဲ့ Bauhaus ဒီဇိုင်းက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်လို့ လိုက်ဖက်ပြီး ကွီးတို့ဝတ်ဆင်ထားတဲ့ ဖက်ရှင်အဆင့်အတန်းကို ဆွဲမြှင့်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) Casio Men’s GA110 RG – 1A G – Shock Black Watch

ဆယ်ကျော်သက် နာရီ

Photo : The Trend Spotter

ဆယ်ကျော်သက် လူငယ်အများစု ကြိုက်နှစ်သက်တဲ့ နာရီတွေလို့ ပြောလိုက်တာနဲ့ G – Shock ကတော့ မပါမဖြစ်ပါပဲ။ ဒီထဲမှာ Casio ရဲ့ GA110 RG – 1A G – Shock နာရီက ရွေးချယ်စရာ စာရင်းမှာ ထိပ်ဆုံးကနေ ပါပါတယ်။ အကြမ်းခံပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး မီတာ၂၀၀ အောက်အထိ ရေစိမ်ခံနိုင်စွမ်း ရှိပါတယ်။ ယောကျာ်းဆန်တဲ့ Industrial Black ကာလာကိုမှ ကြေးနီရောင် ဒိုင်ခွက်ပေါ်မှာ LED မီး ၊ အချိန်တိုင်း ကိရိယာနဲ့ Stopwatch တို့ ပါဝင်တဲ့ Unique ဖြစ်တဲ့ ဒီဇိုင်းက အမျိုးသားတိုင်း မငြင်းရက်နိုင်တဲ့ နာရီ တစ်လုံး ဖြစ်စေမှာ သေချာပါတယ်။

(၄) Fossil Men’s FS4487 Machine Chronograph Watch

ဆယ်ကျော်သက် နာရီ

Photo : The Trend Spotter

Fossil လက်ပတ်နာရီတွေ ဝတ်ဆင်ထားသူတွေအဖို့ ဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့ အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အတွက် နာမည်ကျော်ပါတယ်။ Fossil ရဲ့ FS4487 Machine Chronograph နာရီဟာ ဆိုရင်လည်း တောက်ပတဲ့ အနက်ရောင် Stainless Steel နာရီအုံ ပါရှိတဲ့ အမိုက်စား အမျိုးသားဝတ် နာရီတစ်လုံးပါ။ ဒီနာရီဟာ လူငယ်ဆန်မှုနဲ့ Style ကျမှုတို့ကို အတွဲအစပ်ညီညီ ပေါင်းစပ်ဖန်တီး ထားပါတယ်။ လှပတဲ့ ဒိုင်ခွက်ဒီဇိုင်းနဲ့ အနက်ရောင် ဆီလီကွန် လက်ပတ်ကြိုးတို့ကို တွဲဖက်တပ်ဆင် ပေးထားပါတယ်။

(၅) Stuhrling Original Men’s 741.SET02 Aviator Watch

ဆယ်ကျော်သက် နာရီ

Photo : The Trend Spotter

Stuhrling ရဲ့ Original Men’s 741.SET02 Aviator နာရီ ကတော့ သိမ့်မွေ့တဲ့ အရောင်နဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ အချင်း ၄၃ မီလီမီတာရှိတဲ့ ပြောင်လက်တဲ့ Stainless Steel နာရီအုံနဲ့ ထူးခြားတဲ့ ဓားသွားပုံသဏ္ဍာန် နာရီလက်တံတွေပါရှိပြီး မီးခိုးရောင် ဒိုင်ခွက်ပေါ်မှာ ထင်ထင်ရှားရှား Arabic နံပါတ်တွေက နာရီတစ်လုံးရဲ့ အနှစ်သာရကို ပေါ်လွင်သွားစေတာပဲ ဖြစ်ပါတယ်။ ဒီနာရီ ဒီဇိုင်းဟာ ဆယ်ကျော်သက် လူငယ်တွေသာမက လူလတ်ပိုင်း အမျိုးသားတွေနဲ့ပါ လိုက်ဖက်မှုရှိတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။

Featured Photo : British GQ