ဆံပင်စတိုင်လ်တစ်ခုသည် သင့်ရဲ့ မျက်နှာသွင်ပြင်ကို ပိုမိုကြည့်ကောင်းသွားအောင် ကူညီပေးနိုင်သလို သင့်ရဲ့ သွင်ပြင်ကို အနည်းငယ် အကျည်းတန်သွားအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေကို သေချာရွေးချယ်ကာ ညှပ်ဖို့သည် အရေးကြီးတာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေကို ဘယ်လိုရွေးချယ်ရမှန်းမသိ အကြံအိုက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆယ်လီ တို့ရဲ့ ဆံပင်စတိုင်လ် က ကူညီပေးပါလိမ့်မယ်။

ဒေးဗစ်ဘက်ခမ်းစတိုင်လ်

kwee hairstyles

တည်ငြိမ်ရင့်ကျက်တဲ့ ကွီးတစ်ယောက်အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ နာမည်ကျော် ဆယ်လီ တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ဆံပင်စတိုင်လ် လေးကို ရွေးချယ်နိုင်ပါတယ်။

Zayn Malik

kwee hairstyles

လူငယ်ဆန်ပြီး ညှို့ငင်အား ပြင်းတဲ့ စတိုင်လ်မျိုး ဖန်တီးချင်ပါသလား။ Zayn Malik ရဲ့ဆံပင်ကေက သင့်အတွက်ပါပဲ။ ဒီဆံပင်ကေကတော့ မျက်နှာကျရှည်တဲ့ အမျိုးသားများနဲ့ လိုက်ဖက်ပါတယ်။

Chris Hemsworth

kwee hairstyles

အသက် ၃၀ ကျော် အမျိုးသားများသည် သူတို့ရဲက ဆံပင်ကို အနောက်လှန်ဖြီးထားကာ ရှိုးထုတ်လေ့ရှိကြပါတယ်။ သင်လည်း ထိုအမျိုးသားတွေထဲက တစ်ယောက်ဆိုရင်တော့ ဒီဆံပင်ကေမျိုးကို ရွေးချယ်နိုင်ပါတယ်။

Brad Pitt

kwee hairstyles

ဆံပင်ကို ဂုတ်ဝဲအထိ အရှည်ထားချင်တယ်ဆိုရင်တော့ ဒီစတိုင်လ်မျိုး ထားနိုင်ပါတယ်။ သင့်အနေနဲ့ ဆံပင် ချမထားချင်တဲ့အခါမှာလည်း ဆံပင်စည်းထားနိုင်ပါတယ်။ ဆံပင်စည်းထားတဲ့အချိန်မှာလည်း သင့်ကို ဆွဲဆောင်မှု မြင့်မားနေစေမှာဖြစ်ပါတယ်။

Jason Momoa

kwee hairstyles

လှိုင်းတွန့်ဆံပင်ကေကိုမှ အရှည်ထားချင်တယ်ဆိုတဲ့ ကွီးတွေ အတွက်တော့ ကမ္ဘာကျော် ဆယ်လီ ကြီးတစ်ယောက်ဖြစ်တဲ့ Jason Momoa ရဲ့ ဆံပင်စတိုင်လ် မျိုး ထားနိုင်ပါတယ်။

Kit Harington

ဆယ်လီ ဆံပင်စတိုင်လ်

ဆံသားအကောက်သေးတဲ့ ကွီးတို့ကတော့ Kit Harington ရဲ့ ဆံပင်စတိုင်လ်မျိုးနဲ့ လိုက်ဖက်ပါတယ်။ အတိုပဲ ညှပ်ချင်တယ်ဆိုရင်တော့ တိုတိုကပ်ကပ်ကလေးသာ ညှပ်ချလိုက်ပါ။ စမတ်ကျကျနဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

Johnny Depp

ဆယ်လီ ဆံပင်စတိုင်လ်

ပျိုမေတိုင်း ရင်ခုန်စိတ်လှုပ်ရှားသွားစေမယ့် ဆံပင်စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ Johnny Depp ရဲ့ အလယ်ခွဲ ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

Keanu Reeves

ဆယ်လီ ဆံပင်စတိုင်လ်

မတိုမရှည်ဆံပင်ကေလေးကိုမှ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေစေချင်တယ်ဆိုရင်တော့ Keanu Reeves ရဲ့ ဆံပင်စတိုင်လ်မျိုးကို အကြံပေးချင်ပါတယ်။

Ryan Reynolds

ဆယ်လီ ဆံပင်စတိုင်လ်

ဒီဆံပင်ကေလေးကလည်း ကွီးတို့ကို သန့်ပြန့်ကျော့ရှင်းကာ မိမိုက်နေစေဖို့ရန်အတွက် ကူညီပေးမှာဖြစ်ပါတယ်။

Justin Timberlake

ဆယ်လီ ဆံပင်စတိုင်လ်

Justin Timberlake ရဲ့ ဆံပင်ကေလေးကိုရော ကွီးတို့ ဘယ်လိုသဘောရပါသလဲ။

Tom Holland

ဆယ်လီ ဆံပင်စတိုင်လ်

ဒီဆံပင်ကေမျိုးသည်လည်း လက်ရှိမှာ ရေပန်းစားနေတဲ့ ဆံပင်စတိုင်လ်တစ်ခုပဲဖြစ်ပါတယ်။ ဘဲဥပုံ မျက်နှာကျပိုင်ရှင်များနှင့် အသည်းပုံမျက်နှာကျပိုင်ရှင်များနှင့် လိုက်ဖက်တဲ့ ဆံပင်ကေတစ်မျိုးပါ။

အခုဖော်ပြသွားတဲ့ ဆယ်လီ တို့ရဲ့ ဆံပင်စတိုင်လ် ကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်လေးကို ရွေးချယ်ကာ စတိုင်လ်ကျမိမိုက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Source: Baldandbeards