ဂျပန်နိုင်ငံထုတ် ဝီစကီ Whiskey တွေဟာ လက်ရှိ ကမ္ဘာ့ဝီစကီ Whiskey ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းကစပြီး ဂျပန်ဝီစကီ Whiskey တွေကို ပုံစံအမျိုးမျိုး ၊ တံဆိပ်အမျိုးမျိုးနဲ့ အများအပြား ထုတ်လုပ်လာခဲ့ပြီး ဝီစကီ Whiskey ကို နှစ်သက်ခုံမင်တဲ့ ဝါသနာအိုးတွေအတွက် စူးစမ်းလေ့လာချင်စရာ အကောင်းဆုံး ဝီစကီ Whiskey တွေ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆာကူရာမြေ မှ ပေါ်ထွက်လာတဲ့ ဝီစကီ Whiskey တွေထဲက မြည်းစမ်းကြည့်သင့်တဲ့ အကောင်းဆုံး ဝီစကီ Whiskey အမျိုးအစား တချို့ကို မိတ်ဆက်ပေးပါမယ်။

(၁) Suntory

ဝီစကီ Whiskey

Photo : The Manual

ဝီစကီ Whiskey ကောင်းကောင်းကြိုက်သူတိုင်း Suntory ရဲ့ Yamazaki နဲ့ Hibiki အမှတ်တံဆိပ်တွေကို သိကြမှာပါ။ ဒီ Brand ကို ၁၉၂၃ ခုနှစ်တွေကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး စွဲမက်ဖွယ် ဝီစကီ Whiskey အနံ့အရသာတို့ကြောင့် ကမ္ဘာ့ထိပ်တန်းအကောင်းဆုံး ဝီစကီတန်းထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ Suntory Yamazaki နဲ့ Hibiki အမှတ်တံဆိပ်တွေထဲမှာ ရွေးချယ်စရာ ဝီစကီ Whiskey အမျိုးအစားတွေ အများကြီးရှိပြီး ဒီထဲကမှ Hibiki 21-Year ကတော့ ဝီစကီ Whiskey နှစ်ခြိုက်သူတိုင်း သေချာပေါက် မြည်းစမ်းကြည့်သင့်တဲ့ နှစ်လိုဖွယ်အကောင်းဆုံး ဝီစကီ Whiskey တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) Nikka

ဝီစကီ Whiskey

Photo : The Manual

Nikka အမှတ်တံဆိပ်ကိုတော့ ၁၉၃၀ ခုနှစ်တွေထဲက ဂျပန်နိုင်ငံ ၊ ဟော့ကိုင်းဒိုးကျွန်းမှာ ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Nikka Coffey နဲ့ Scotch ဝီစကီကို Inspired ယူထုတ်ထားတဲ့ Yoichi Single Malt ဝီစကီ Whiskey တွေကတော့ လူကြိုက်အများဆုံးနဲ့ အကျော်ကြားဆုံး ဖြစ်ပါတယ်။ Nikka ဝီစကီ Whiskey တွေက အဓိအားဖြင့် သူရဲ့ချောမွေ့ပြေပြစ်ပြီး တမူထူးခြားတဲ့ အရသာတို့ကြောင့် ကမ္ဘာတလွှားမှာ ရေပန်းစားနာမည်ကြီးပါတယ်။

(၃) Togouchi

ဝီစကီ Whiskey

Photo : The Manual

Togouchi ကတော့ ကနေဒါဒေသထွက် အစေ့အဆန်တွေနဲ့ စကော့တလန် Single Malt တို့ကိုပေါင်းစပ်ထားပေမယ့် ဂျပန်နိုင်ငံမှာပဲ ပုလင်းသွင်းထုတ်လုပ်တဲ့ သက်တမ်းရင့် ဝီစကီ Whiskey တစ်မျိုး ဖြစ်ပါတယ်။ 9-Year နဲ့ 15-year ဗားရှင်းနှစ်မျိုးလုံးက ဂျပန်ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိ တော်တော်လေးပေါက်ပါတယ်။ Togouchi ဝီစကီ Whiskey တွေကို ဟီရိုရှီးမားမြို့အနီးမှာ ထုတ်လုပ်ပြီး ကောင်းမွန်တဲ့ ထိပ်တန်းအရည်အသွေး ၊ မွှေးပျံ့တဲ့ရနံ့နဲ့ ချိုမြမြအရသာတို့ရဲ့ အချိုးအဆကျမှုတို့ကြောင့်ပဲ နာမည်ကြီးစေခဲ့တာ ဖြစ်ပါတယ်။

ဝီစကီ Whiskey ကောင်းကြိုက်သူတိုင်းအတွက် ဆာကူရာမြေ မှ ပေါ်ထွက်လာတဲ့ ဝီစကီ Whiskey တွေထဲက တချို့ကို ပြောပြပေးခဲ့တာပါ။ ကွီးတို့ရော ဂျပန်ဝီစကီ Whiskey တွေကို ကြိုက်နှစ်သက်ပါသလား ???

Featured Photo : Coolbrandz