အမျိုးသားတော်တော်များများက ဖွားဖက်တော် ညီလေး ရဲ့ ဆိုဒ်အရွယ်အစားနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်ကြတာ များပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်တယ်ဆိုတဲ့သူတွေဟာ အနည်းစုသာ ရှိပါတယ်။ ဆိုဒ်ကြီးမှ ပါတနာကို စိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြတာပါ။ တကယ်တော့ လိင်စိတ်ကျေနပ်မှု ကောင်းကောင်းရဖို့အတွက် လိင်တံအရွယ်အစားထက် ပိုအရေးကြီးတဲ့အချက်တွေ အများကြီးရှိနေပါတယ်။

ညီလေး အရွယ်အစားက တကယ်ပဲ အဓိကကျပါသလား ?

Banana

Photo : Medium

အရွယ်အစားက အရေးကြီးလားဆိုတဲ့ မေးခွန်းဟာ အငြင်းပွားဖွယ်ရာ ဖြစ်သလို လူတစ်ဦး တစ်ယောက်ချင်းပေါ်မူတည်ပြီးလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ‌သို့သော်လည်း သုတေသနများစွာအရတော့ ဆန့်ကျင်ဘက် ပါတနာ အမျိုးသမီးတွေဟာ သူတို့လက်တွဲဖက်ရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး အရမ်းကြီး ဂရုမစိုက်ကြကြောင်း ပြောဆိုထားကြပါတယ်။ ၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ ၅၅ ရာခိုင်းနှုန်းကပဲ ကိုယ့်ကိုယ်ကိုယ် ဆိုဒ်အရွယ်အစားနဲ့ ပတ်သတ်ပြီး အားရကျေနပ်မှု ရှိကြပေမယ့် အမျိုးသမီး ၈၅ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ပါတနာအမျိုးသားတွေရဲ့ ဖွားဖက်တော် အရွယ်အစားအပေါ် ကျေနပ်တယ်လို့ ဆိုထားပါတယ်။ ဒီစစ်တမ်း ရာခိုင်နှုန်းတွေကို ကြည့်မယ်ဆိုရင် ဖွားဖက်တော် အရွယ်အစားဟာ ကွီးတို့ ထင်မှတ်ထားသလောက် အရမ်းကြီး အဓိကကျနေတာမဟုတ်ပဲ ကောင်းတဲ့ လိင်စိတ်ကျေနပ်မှု ရရှိစေဖို့ဆိုရင် သင်နဲ့သင့်ပါတနာကြားက စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ၊ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေ ကောင်းကောင်းရှိဖို့နဲ့ သိုင်းကွက်ကျွမ်းကျင်မှုဟာ ပိုအရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။

ချစ်တင်းနှော ချိန်မှာ နှစ်ဦးသား ကောင်းမွန်တဲ့ ခံစားမှုကို ရရှိပြီး လိင်စိတ်ကျေနပ်မှု ပြည့်ပြည့်ဝဝ ရရှိစေဖို့ အောက်ပါ အချက်လေးတွေကို သိထားရပါမယ်……….

Couple
Photo : POPSUGAR UK

  • အမျိုးသမီး အများစုက သူတို့ရဲ့ ပါတနာ အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး အရွယ်အစားနဲ့ ပတ်သတ်ပြီး အရမ်းကြီး အလေးမထားကြဘူး။
  • အမျိုးသားတွေမှာ လိင်တံ အမျိုးအစားရယ်လို့ ၂ မျိုး ခွဲခြား သတ်မှတ်နိုင်ပါတယ်။ ထောင်မတ်နေချိန်မှာရော ထောင်မတ်မှုမရှိတဲ့ အခြေအနမှာရော အရွယ်အစားက တစ်သတ်မှတ်တည်းရှိနေတဲ့ လိင်တံအမျိုးအစားရယ် နောက်တစ်ခုက ထောင်မတ်မှုမရှိတဲ့ အခြေအနေမှာ အရွယ်အစားက သေးငယ်နေပေမယ့် ထောင်မတ်လာချိန်မှာ ပုံမှန်ဆိုဒ်အရွယ်အစား ရှိတဲ့ လိင်တံရယ် ဆိုပြီး ရှိပါတယ်။ ထောင်မတ်မှုမရှိတဲ့ အခြေအနေမှာ အရွယ်အစားက သေးငယ်နေတာကို ဆိုဒ်သေးတယ်လို့ သတ်မှတ်လို့ မရပါဘူး။
  • ညီလေး အရွယ်အစားထက် သိုင်းကွက်ကျွမ်းကျင်မှု ဥပမာ နှိုးဆွမှု ၊ Sex Positions အနေအထားတွေက ဆက်ဆံဖော်ပါတနာကို စိတ်ကျေနပ်မှု ကောင်းကောင်းပိုရစေပါတယ်။
  • ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကို ဦးစားပေးတာက ပါတနာကို ကျေနပ်မှု ပိုတိုးစေနိုင်ပါတယ်။
  • မတူညီတဲ့ လိင်မှုဆိုင်ရာ ခံစားမှုအတွေ့အကြုံကို ရရှိစေဖို့ လူကြီးကစားစရာတွေသုံးတာ ဒါမှမဟုတ် စအိုနဲ့ ချစ်တင်းနှောခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
  • အကြိုနှိုးဆွမှု Foreplay အဆင့်ကို သေချာအချိန်ပေးပြီး လုပ်ဆောင်ပါ။
  • ပါတနာနဲ့ ပွင့်လင်းစွာပြောဆိုဆက်ဆံမှု ရှိဖို့ အာရုံစိုက်ပါ။
  • ချစ်တင်းနှော နေစဉ်အတွင်းမှာ မတူညီတဲ့ Sex Positions အနေအထားတွေကို ပြောင်းလဲလုပ်ဆောင်ပါ။
  • ပါတနာရဲ့ မိန်းမကိုယ် အတွင်းပိုင်းကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ဆိုဖာ ၊ ခေါင်းအုံးနဲ့ အခြား အကူပစ္စည်း ကိရိယာတွေကို အသုံးပြုနိုင်ပါတယ်။
  • လိင်တံထောင်မတ်မှု အားကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Lifestyle တစ်ခုကို မွေးမြူပါ။
  • နောက်ဆုံးအနေနဲ့ကတော့ ဖွားဖက်တော် အရွယ်အစားက အမှန်တကယ် အရေးမကြီးဆိုတဲ့ ပါတနာကိုပဲ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင် သင်ရောသင့်ပါတနာပါ လိင်စိတ်ကျေနပ်မှု ပြည့်ပြည့်ဝဝ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ကိုယ်ကိုယ် ဆိုဒ်သေးတဲ့ ဖွားဖက်တော် ပိုင်ဆိုင်ထားရတယ်လို့ ဆိုက်ကိုဖောက်နေတုန်းလား ???

ဆိုဒ်သေးတဲ့ ညီလေး ပိုင်ဆိုင်ထားတယ်လို့ ခံယူထားတဲ့ ဘော်ဒါကြီးတွေကို ဒီဆောင်းပါးလေးမှာ မန့်ရှင်းခေါ်လိုက်ပါဦး။

Source : Medical News Today

Featured Photo : Indy100