ဘယ်သူမဆို ကိုယ့်ခန္ဓာကိုယ်ကို စိတ်ဝင်စားမှု ရှိကြတာပါပဲ။ အရွယ်ရောက်စ ဆယ်ကျော်သက်အရွယ်တွေကတော့ ကိုယ့်ခန္ဓာကိုယ်အပေါ် စိတ်ဝင်တစား စွဲလမ်းမှု ပိုလို့တောင် မြင့်မားကြတယ်လို့ ဆိုရမှာပါ။ မိန်းကလေးတွေအဖို့ သူတို့ရဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစား နဲ့ ခန္ဓာဗေဒဆိုင်ရာ ဖွံ့ဖြိုးလာမှုအပေါ် စူးစမ်းလာကြသလို ယောကျာ်းတွေကလည်း သူတို့ရဲ့ လိင်အင်္ဂါနဲ့ ပတ်သက်လို့ အလုပ်တွေ များပြီး သိချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာကြပြီ ဖြစ်ပါတယ်။

ယောကျာ်းလေးတွေအကြားမှာ အစဉ်အဆက် ဆိုသလို သိချင်ကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးဖြစ်ကြတဲ့ လိင်မှုကိစ္စအကြောင်းတွေထဲမှာ လိင်တံအရွယ်အစားရဲ့ အရေးပါမှုအကြောင်း ဆွေးနွေးငြင်းခုံမှုလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ကြစမြဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ စိတ်ဝင်စားစရာ အတိုင်းအတာ ၊ အရွယ်အစား နဲ့ ပုံစံတွေထဲမှာ လိင်တံ အရွယ်အစားအကြောင်း ပြောကြဆိုကြတဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Myths တွေကလည်း အများသားပါ။

တကယ်ပဲ လိင်အင်္ဂါ အရွယ်အစားက လိင်မှုကိစ္စ မှာ အရေးပါသလား။ ဆိုဒ်သေး ရင် တကယ်ပဲ ပြဿနာ ရှိသလားဆိုတာနဲ့ ပတ်သက်ပြီး Psychology Of Men And Masculinity ဂျာနယ် သုတေသနတစ်ခုက တွေ့ရှိထားတဲ့အချက်အတိုင်း ပြောချင်ပါတယ်။ ဒီသုတေသနထဲမှာ ဖော်ပြချက်အရ အမျိုးသားတွေ ရဲ့ ၆၈% ဟာ လိင်တံအရှည် ၄.၆ လက်မ ကနေ ၆ လက်မအရှည် ရှိကြတယ်လို့ ဆိုပါတယ်။ ၁၆% လောက်ပဲ ၆.၉ လက်မကျော်တာ ဖြစ်ပါတယ်။

women-talk-about-whether-or-not-penis-size-matters

Photo : Mensxp

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က အမျိုးသားတွေရဲ့ ၁၆% ဟာ လိင်တံအရှည် ၄.၅ အောက်ပဲ ရှိပြီး ၂.၅% က ၃.၇ လက်မထက်‌တောင် တိုကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန် ဆိုဒ် ၄.၆ လက်မကနေ ၆ လက်မအတွင်း ရှိရင် တန်းမှီတဲ့ကျား လို့ ပြောနိုင်ပြီး ၆.၉ လက်မနဲ့ အထက်ဆို စူပါမန်း ၊ ၄.၅ လက်မအောက်ဆို အခြေအနေမကောင်းတဲ့ ကိုတိုတောင်း ဖြစ်နေပြီး ၃.၇ လက်မ သမားတွေကတော့ အတွင်းအားသုံးဖို့ လိုတဲ့ စာရင်းမှာ ထည့်ပြောရမလို ဖြစ်နေပါတယ်။

ဒီလေ့လာမှုက ဒီလောက်နဲ့ ပြီးမသွားပါဘူး။ ယောကျာ်း မိန်းမ လူပေါင်း ၅၂၀၀၀ ကျော်ကို ဆက်ပြီး ထပ်လေ့လာရာမှာ ယောကျာ်းတွေရဲ့ ၄၅% က ကိုယ့်ရဲ့ လိင်တံ အရှည်အစားပေါ်မှာ မကျေနပ်နိုင်လို့ ဆက်ပြီး အရှည် ဆန့်ချင်ကြပါသတဲ့။ အသက်ကြီးတဲ့ လူတွေက ဒါနဲ့ ပတ်သက်ပြီး လူငယ်တွေထက် ခံစားချက် ပိုပြင်းထန်တဲ့ သဘောရှိပါတယ်။ အကြောင်းက လူငယ်တွေနဲ့ စာရင် လူကြီးတွေက ကိုယ့်ရဲ့ P Size ကို ဘယ်တော့မှ စိတ်မှာ အကြိုက်မတွေ့ နိုင်တာကို မြုံထားကြတယ်လို့ ဆိုပါတယ်။

ကိုယ့် ဆိုဒ် ကို သေးလွန်းတယ်လို့ ထင်နေတဲ့ အမျိုးသားတွေမှာ နောက်ထပ် ပြဿနာတစ်ခု ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ကိုယ့်ချစ်သူနဲ့ ချစ်ရည်လူးပြီး ပျော်မြူးမယ့်အချိန်မှာတောင် ကိုယ့်လိင်အင်္ဂါကို ဖုံးကွယ်ချင်ထားကြတယ်လို့ ပြောပါတယ်။ ဒီလိုလူတွေနဲ့ ဆန့်ကျင်ဘက် သမားတွေလည်း ရှိပါသေးတယ်။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် ၆ လက်မ ဆိုဒ် ကျော်ပြီဆိုရင် လက်မထောင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပင်ကိုယ်ယုံကြည်မှု မြင့်မားပြီး သူတို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှု ရှိတယ် ၊ အထာကျတယ်လို့လည်း အထင်ရောက် ကြပါတယ်တဲ့။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်က ယောကျာ်းတွေ ဘယ်လိုပဲ ထင်ထင် အမျိုးသမီးအများစုကတော့ သူတို့ချစ်သူ ခင်ပွန်းရဲ့ လိင်တံဆိုဒ်အပေါ်မှာ စိတ်ချမ်းသာပြီးသားပဲ လို့ ဆိုပါတယ်။ စစ်တမ်းမှာ ဝင်ဖြေကြတဲ့ အမျိုးသမီးတွေရဲ့ ၈၄% က ဒီလိုမျိုး ဖြေဆိုတာ ဖြစ်လို့ ယောကျာ်းတွေ ခေါင်းခဲနေတဲ့ ကိစ္စက မိန်းမတွေအတွက်တော့ ဘာမှ အရေးပါတဲ့ အရာမဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာအချက်က အမျိုးသမီးတွေဟာ လိင်တံအရွယ်အစား အကြောင်း ပြောတဲ့အခါမှာ အရှည်အတိုထက် အတုတ်/အသေးပဲ ပိုပြီး စိတ်ရောက်ကြတယ်လို့ ဆိုပါတယ်။

Measure

Photo : daily star

ဒီအချက်တွေကို ပြန်ပြောရရင် ယောကျာ်း တစ်ယောက်ရဲ့ လိင်တံဆိုဒ်က ယောကျာ်းအချင်းချင်း အကြားမှာ ကြွားလို့ကောင်းပေမယ့် ကိုယ့်အိမ်ထောင်ဖက် ၊ ချစ်သူ ဇနီးတို့အတွက်တော့ ဆိုဒ်က ပြဿနာမရှိဘူးလို့ ဆိုရမှာပါ။ အမျိုးသမီးတွေအဖို့ လိင်ခံစားမှုကို အများဆုံး လှုံ့ဆော်နိုင်တဲ့ နေရာက မလိင်အင်္ဂါအစေ့ Clitoris နဲ့ G Spots လို့ ခေါ်ကြတဲ့ ယောနိအတွင်း သုံးပုံတစ်ပုံလောက်က နေရာပဲ ဖြစ်ပြီး ဒီနေရာတွေကို ကျားအင်္ဂါက နှိုးဆွနိုင်ရင် သာယာမှု ရနိုင်တာပါပဲ။

အိပ်ရာပေါ် ရောက်တဲ့အခါ ဆိုဒ်ထက် စာရင် သင့်ပစ္စည်းကို ဘယ်လို အသုံးချသလဲဆိုတာက ပိုပြီး အရေးပါလာမှာပါ။ ကိုယ်လက်နှီးနှောကြတဲ့အခါ သာယာမှု အထွဋ်အထိပ်ရောက်ဖို့ ကိစ္စမသွားခင် ပါးစပ်နဲ့ ဖြစ်ဖြစ် လက်နဲ့ ဖြစ်ဖြစ် အာရုံခံစနစ်တွေကို နှိုးဆွပြီး အရှိန်တက်မှ ခရီးဆက်တာက နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှု Level တက်စေပြီး အချစ်ရေစီးမှာ ပျော်ပျော်ကြီး ခရီးနှင်နိုင်မှာ ဖြစ်တယ်လို့ပဲ ဆိုချင်ပါတယ်။

Featured Photo : everyday health