ကွီးတို့ရေ ဘဝမှာ ကျန်းမာရေးဟာ အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ကျန်းမာနေမှ ကွီးရဲ့ ဘဝရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းက နာမကျန်းဖြစ်နိုင်ပါတယ်။ အချို့က ကူးစက်ရောဂါ တစ်ခုခု ဖြစ်တာ၊ အချို့က ဇီဝကမ္မပြောင်းလဲမှု ဆိုင်ရာ နာတာရှည် ရောဂါ ခံစားရတာတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကူးစက်ရောဂါ မဟုတ်တဲ့ အဖြစ်များရောဂါတွေထဲမှာ ဆီးချိုရောဂါ လည်းပါဝင်ပါတယ်။ ကံကောင်းတာ တစ်ခုက ဆီးချိုရောဂါ မဖြစ်အောင် စားသောက်နေထိုင်မှု အလေ့အကျင့်ကောင်းများ နဲ့ ကြိုတင်ကာကွယ် လို့ရပါတယ်။

ဆီးချိုရောဂါဆိုတာဘာလဲ

ဆီးချိုရောဂါ မဖြစ်အောင်

Photo : The Economic Times

ဆီးချိုရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာ မပြောခင် ဆီးချိုရောဂါ အကြောင်းလေ့လာမိသလောက် ဝေမျှချင်ပါတယ်။ ဆီးချိုရောဂါဆိုတာ ပန်ကရိယမှ အင်ဆူလင်ကို မထုတ်နိုင်တော့သည့်အခါ သို့မဟုတ် ခန္ဓာကိုယ် မှ ထုတ်လုပ်သော အင်ဆူလင်ကို ကောင်းကောင်း အသုံးမပြုနိုင်တဲ့ အခါမျိုးမှာ ဖြစ်ပွားတဲ့ နာတာရှည် ရောဂါ ဖြစ်ပါတယ်။

အင်ဆူလင်ဆိုတာက ပန်ကရိယမှ ထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ကွီးတို့ စားလိုက်တဲ့ အစားအစာတွေက ဂလူးကို့စ်အဖြစ် ပြောင်းပြီး စွမ်းအင်ထုတ်ဖို့ သွေးစီးကြောင်းကနေ ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်းသို့ ပို့ရပါတယ်။ ဒီဖြစ်စဉ်မှာ အင်ဆူလင်က အဓိက ကျပါတယ်။ ကာဗိုဟိုက်ဒရိတ်လို အစားအစာအားလုံးက သွေးထဲတွင် ဂလူးကို့စ်အဖြစ် ကွဲသွားပြီး အင်ဆူလင်က ဂလူးကို့စ်များကို ဆဲလ် များအတွင်း စွမ်းအင်ပြောင်းဖို့ ကူညီပေးပါတယ်။

ဆီးချိုရောဂါ မဖြစ်အောင်

Photo : AgaMatrix

အင်ဆူလင်ထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထိရောက်စွာအသုံးမပြုနိုင်ခြင်းက သွေးတွင်းဂလူးကို့စ် ပမာဏကို မြင့်တက်စေပြီးတော့ hyperglycemia ဖြစ်စေပါတယ်။ ရေရှည်တွင် သွေးတွင်း ဂလူးကို့စ် ပမာဏများနေခြင်းက ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။

ဆီးချိုရောဂါအမျိုးအစားများ –  အမျိုးအစား(၁)၊ အမျိုးအစား(၂) နဲ့ (GDM) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဆိုပြီး(၃)မျိုး ခွဲထားပါတယ်။ အမျိုးအစား (၂)က အဖြစ်များပါတယ်။

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါဖြစ်ပွားမှုကို ကြည့်ရင်၂၀၂၁ ခုနှစ်မှာ အသက် (၂၀) မှ (၇၉) နှစ်ကြား လူဦးရေရဲ့ ( ၇.၁) ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ အမျိုးအစား 2 ဆီးချိုရောဂါကို မထိန်းနိုင်ဘူးဆိုရင် မျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောဂါနဲ့ အခြားနာတာရှည် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဆီးချိုရောဂါ မဖြစ်အောင် နဲ့ ဖြစ်လာပြီဆိုရင်လည်း ထိန်းထားနိုင်ဖို့အတွက် စားသောက်နေထိုင်မှု ဆိုင်ရာ နည်းလမ်းတွေထဲက အလေ့အကျင့်ကောင်း အချို့ကို လိုက်နာ ကျင့်သုံးဖို့ တင်ပြလိုက်ပါတယ်။

၁။ ကွီးရဲ့ နေ့စဉ် ကာဗိုဟိုက်ဒရိတ်စားသုံးမှု ပမာဏကို လျှော့ချပါ

ဆီးချိုရောဂါ မဖြစ်အောင်

Photo : HealthifyMe

ကွီးတို့သိထားတဲ့အတိုင်း အစာထဲမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ပြိုကွဲပြီး ဂလူးကို့စ် သကြားအဖြစ် ပြောင်းသွားပါတယ်။ သွေးတွင်းသကြားဓါတ်ပမာဏနဲ့ အင်ဆူလင် ထုတ်လုပ်မှု မျှခြေ ပြောင်းလဲလာတဲ့ အခါ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ ကွီးရဲ့ နေ့စဉ် စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကို လျော့ချပြီး အရည်အသွေးကောင်း ကာဗိုဟိုက်ဒရိတ်ကို စားသင့်ပါတယ်။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ဆီးချိုရောဂါ မဖြစ်အောင်

Photo : Muscle & Fitness

ကွီးအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းက ဆီးချိုရောဂါ ကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက အမျိုးအစား ၂ ဆီးချိုရှိသော အရွယ်ရောက်ပြီးသူများကို အင်ဆူလင်ခံနိုင်ရည်နှင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ကြောင်း သုတေသနတွေက ဖော်ပြကြပါတယ်။ လေ့ကျင့်ခန်း တွေမှာ အေရိုးဗစ်လေ့ကျင့်ခန်း၊ လမ်းလျောက်ခြင်းလို အလယ်အလတ်နဲ့ ခွန်အားလေ့ကျင့်မှု တွေ ကိုပုံမှန်ပြုလုပ်ပေးပါ။

၃။ ရေများများ သောက်ပါ

Diabetes

Photo : Insider

ကွီးတို့ရေ ဆိုဒါနှင့် သစ်သီးဖျော်ရည်လို သကြားပါသော အဖျော်ယမကာတွေက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ တိုးလာစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရေကို များများ သောက်ခြင်းက သွေးတွင်း သကြားဓာတ် ထိန်းဖို့နဲ့ အင်ဆူလင်တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ

Diabetes

Photo : Hormone Therapy

သုတေသနတွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်လျော့ချခြင်းက ဆီးချို ရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။ အထူးသဖြင့်၊ ကွီးတို့ရဲ့ ဝမ်းဗိုက်အတွင်းပိုင်းနှင့် ဝမ်းဗိုက်အတွင်း အင်္ဂါအစိတ်အပိုင်းများမှာ အဆီများစု နေခြင်းက အင်ဆူလင်ခုခံမှု၊ ရောင်ရမ်းမှု၊ အမျိုးအစား 2 ဆီးချိုရောဂါ တို့နှင့် ဆက်စပ်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် လျှော့ချနည်းသုံးပြီး ကစီဓာတ်မဟုတ်သော ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းဓာတ်ပါဝင်မှုနည်းတဲ့အစာ၊ မျှတတဲ့ ကာဗိုဟိုက်ဒရိတ်များနှင့် ကျန်းမာ သော အဆီတွေပါဝင်တဲ့ အစားအသောက်ပုံစံတွေက ကွီး ဝိတ်ချဖို့ ကူညီပေးနိုင်ပါတယ်။

၅။ ဆေးလိပ်ဖြတ်ပါ

Diabetes

Photo : HelpGuide.org

သုတေသနတွေ့ရှိချက်တစ်ခုမှာ ဆေးလိပ်သောက်ခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ ဆက်စပ်နေမှု ယန္တရားများကို အပြည့်အဝ မသိရသေးပေမဲ့ အင်ဆူလင်ထုတ်လွှတ်မှုကို ဟန့်တားနိုင်တယ်လို့ ယူဆပါတယ်။ ကွီးအနေနဲ့ ဆေးလိပ်သောက် နေတယ်ဆိုရင် ချက်ချင်း ဖြတ်လိုက်တာက ဆီးချိုရောဂါ မဖြစ်အောင် နဲ့ ဆီးချိုရောဂါ အန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။

ဆီးချိုရောဂါ ကို မဖြစ်အောင် သို့မဟုတ် ကာကွယ်ဖို့ဆိုရင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ ကွီးတို့ အနေနဲ့ ဆီးချို ရောဂါ အန္တရာယ်ကို လျှော့ချ ပေးနိုင်မဲ့ လူနေမှုပုံစံနဲ့ အမူအကျင့်ကောင်းတွေကို ချက်ချင်း အသုံးချလိုက်ပါ။

Source : Healthline

Featured Photo : Eat This, Not That