ဆီးချို သွေးတိုးသမားတွေအနေနဲ့ နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး ဘဝကြီး ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ရင်တော့ ရောဂါ ပိုတိုးလာပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဆီးချို သွေးတိုး ရှိတယ်ဆိုရင် အစားအသောက်လည်း ဆင်ခြင်ရမှာဖြစ်ပြီး စိတ်ကြိုက်စားသုံးကာ ဘဝကြီး ကို စိတ်အေးလက်အေး ဖြတ်သန်းလို့လည်း မရတော့ပါဘူး။​

ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။ ထိရောက်မှုရှိပြီး ဆီးချို သွေးတိုးသမားများအတွက် အထူးသင့်တော်ပါတယ်။

တစ်ကြိမ်လျှင် ၁၀ မိနစ်ဖြင့် တစ်ရက်လျှင် သုံးကြိမ် လမ်းလျှောက်ပါ

လမ်းလျှောက်

လမ်းလျှောက်ခြင်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။ ကွီးတို့အနေနဲ့ တစ်ကြိမ်တည်းနဲ့ မိနစ် ၃၀ လောက် လမ်းမလျှောက်နိုင်ဘူးဆိုရင်တော့ ၁၀ မိနစ် ၃ ခါစီ လျှောက်ပေးရပါမယ်။ ပုံမှန် လမ်းလျှောက်နိုင်သလို ခပ်မြန်မြန် လမ်းလျှောက်လို့လည်း ရပါတယ်။

စက်ဘီးစီးပါ

စက်ဘီးစီးပါ

စက်ဘီးစီးခြင်းသည်လည်း လမ်းလျှောက်ခြင်းလိုပဲ သွေးပေါင်ချိန်ကို မှန်ကန်စေပြီး သွေးတိုးရောဂါကိုလည်း သက်သာစေပါတယ်။ ကွီးတို့အနေနဲ့ စက်ဘီးဖြင့် မိနစ် ၃၀ စီးနိုင်သလို၊ အထိုင်စက်ဘီးဖြင့်လည်း မိနစ် ၃၀ စီးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ ၁၀ မိနစ်စီ ၃ ကြိမ်စီးလို့လည်း ရပါသေးတယ်။

တောင်တက်ပါ

ဆီးချို ဘဝကြီး

တောင်တက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို အလုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့် ယေဘုယျ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။​ တောင်တက်ခြင်းအားဖြင့် သွေးပေါင်ချိန်ကို ၁၀ ပွိုင့်ခန့် ကျသွားစေပါတယ်။

ပြေးစက်ပေါ်မှာ ပြေးပါ

ဆီးချို ဘဝကြီး

ပြေးစက်ပေါ်တွင် ၁၀ မိနစ်ခန့် ပြေးခြင်းသည်လည်း ဆီးချို သွေးတိုးသမားများအတွက် နေ့စဥ် ပုံမှန် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ မိနစ် ၃၀ လောက် ပြေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မိနစ် ၃၀ ကို တစ်ကြိမ်တည်းနဲ့ မပြီးဘူးဆိုရင်တော့ ၁၀ မိနစ်ကို ၃ ကြိမ်စီ ခွဲလုပ်နိုင်ပါတယ်။

အလေးတုံးများဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပါ

ဆီးချို ဘဝကြီး

အလေးတုံးဖြင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သွေးတိုး ဆီးချိုကို ထပ်မတက်လာအောင်၊ ပုံမှန်အတိုင်း ပြန်ကျသွားအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အလေးတုံးဖြင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ယေဘုယျ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ရေကူးပါ

ဆီးချို ဘဝကြီး

လေ့လာတွေ့ရှိချက်တစ်ခုအရ အသက် ၆၀ နှင့်အထက် လူကြီးများ ရေကူးခြင်းအားဖြင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒီလေ့လာချက်ကတော့ ရက်သတ္တပတ် ၁၂ ပတ်ကြာ ပြုလုပ်ထားတဲ့ သုတေသန လေ့လာချက်ပဲဖြစ်ပါတယ်။

ကွီးတို့လည်း အသက်အရွယ်ရလာလို့ သွေးတိုး၊ ဆီးချိုများ မခံစားရအောင် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သွေးတိုး၊ ဆီးချိုရှိတဲ့ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကိုလည်း လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ လက်တို့ပေးလိုက်ပါဦး။

Source: Honorhealth

Featured Image: Freepik