ဘဝမှာ စိတ်သွားတိုင်း ကိုယ်ပါပြီး လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ကျန်းမာဖို့လိုပါတယ်။ လူသားတို့အတွက် ကျန်းမာရေးက အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ်ဆိုလည်း မမှားပါဘူး။ အခုခေတ်မှာစားသောက်နေထိုင်မှု ပုံစံတွေကြောင့် ကျန်းမာရေးထိခိုက်လာကြပါတယ်။ ရောဂါဘယတွေလည်း ထူပြောလာပါတဘ်။ ထိုအထဲမှာ ဆီးချိုရောဂါလည်း အပါအဝင်ပါပဲ။ ဆီးချိုရောဂါဆိုတာ ပန်ကရိယမှ အင်ဆူလင်ကို မထုတ်နိုင်တော့သည့်အခါ သို့မဟုတ် ခန္ဓာကိုယ် မှ ထုတ်လုပ်သော အင်ဆူလင်ကို ကောင်းကောင်း အသုံးမပြုနိုင်တဲ့ အခါမျိုးမှာ ဖြစ်ပွားတဲ့ နာတာရှည် ရောဂါ ဖြစ်ပါတယ်။ ဆီးချိုရောဂါကို အမျိုးအစား(၁)၊ အမျိုးအစား(၂) နဲ့ (GDM) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဆိုပြီး(၃)မျိုး ခွဲထားပါတယ်။ အမျိုးအစား(၂)ကတော့ အဖြစ်များပါတယ်။ ဆီးချို မဖြစ်ချင်ရင် အခုကတည်းက စားသောက်နေထိုင်မှုကို ဆင်ခြင်ရမှာပါ။

အမျိုးအစား ၂ ဆီးချိုရောဂါ ကို မထိန်းနိုင်ဘူးဆိုရင်  မျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောဂါနဲ့  အခြားနာတာရှည် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကွီးတိုအတွက် ဆီးချိုရောဂါကို ကာကွယ်ပြီးသား ဖြစ်စေတဲ့အပြင် ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုတဲ့ စားသောက်နေထိုင်မှုဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

နေ့စဉ် ကာဗိုဟိုက်ဒရိတ်စားသုံးမှု ပမာဏကို လျှော့ချပါ

ဆီးချို မဖြစ်ချင်ရင်

Photo : Eat This Not That

အချိုများတဲ့ အစားအစာတွေ၊ သကြားများများ စားသုံးတာတွေက ကွီးတို့ကို ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အချို့သော အစားအစာတွေထဲမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ပြိုကွဲပြီး ဂလူးကို့စ် သကြားအဖြစ် ပြောင်းသွားပါတယ်။ သွေးတွင်းသကြားဓါတ်ပမာဏနဲ့ အင်ဆူလင် ထုတ်လုပ်မှု မျှခြေ ပြောင်းလဲလာတဲ့ အခါ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့  ကွီးရဲ့ နေ့စဉ် စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကို လျော့ချပြီး အရည်အသွေးကောင်း ကာဗိုဟိုက်ဒရိတ်ကို စားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပြီး အသီးအရွက်များများစားပါ။

ဆေးလိပ်ဖြတ်ပါ

ဆီးချို မဖြစ်ချင်ရင်

Photo : South East

သုတေသနတွေ့ရှိချက်တစ်ခုမှာ ဆေးလိပ်သောက်ခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ ဆက်စပ်နေမှု ယန္တရားများကို အပြည့်အဝ မသိရသေးပေမဲ့ အင်ဆူလင်ခံနိုင်ရည်ကို တိုးမြင့်စေပြီး အင်ဆူလင်ထုတ်လွှတ်မှုကို ဟန့်တားနိုင်တယ်လို့ ယူဆပါတယ်။ ကွီးအနေနဲ့ ဆေးလိပ်သောက် နေတယ်ဆိုရင် ချက်ချင်း ဖြတ်လိုက်တာက ဆီးချိုရောဂါ မဖြစ်အောင် နဲ့ ဆီးချိုရောဂါ အန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆေးလိပ်သောက်ခြင်းက အခြားသော ကျန်းမာရေး အခြေအနေများအပေါ်မှာလည်း ဆိုးဝါးစွာ သက်ရောက်စေပါတယ်။

ရေများများသောက်ပါ

Photo : Eat This Not That

ကွီးတို့ရေ ဆိုဒါနှင့် သစ်သီးဖျော်ရည်လို သကြားပါသော အဖျော်ယမကာတွေက  အမျိုးအစား (၂)ဆီးချိုရောဂါ ဖြစ်နိုင်ခြေ တိုးလာစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့  ရေကို များများ သောက်ခြင်းက သွေးတွင်း သကြားဓာတ် ထိန်းဖို့နဲ့  အင်ဆူလင်တုံ့ပြန်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေဖို့ ရေကို လုံလုံလောက်လောက် သောက်ဖို့လိုပါတယ်။

လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးပါ

Photo : Men’s Health

ကျန်းမာသော ကိုယ်အလေးချိန်ရှိခြင်းက ဆီးချို ရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။ အထူးသဖြင့်၊ ကွီးတို့ရဲ့ ဝမ်းဗိုက်အတွင်းပိုင်းနှင့် ဝမ်းဗိုက်အတွင်း အင်္ဂါအစိတ်အပိုင်းများမှာ အဆီများစု နေခြင်းက အင်ဆူလင်ခုခံမှု၊ ရောင်ရမ်းမှု၊ အမျိုးအစား ၂ ဆီးချိုရောဂါ တို့နှင့် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားပါ။

ကွီးတို့ရေ ဆီးချို ရောဂါ‌ မဖြစ်ချင်ရင် ဒီအလေ့အကျင့်ကောင်းတွေကို အခုကတည်းက လိုက်နာကျင့်သုံးလိုက်ပါ။

Source : Healthline

Featured Photo : Times of Malta