အမျိုးသားတွေမှာ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာဟာ ဖြစ်လေ့ဖြစ်ထ နည်းတယ်ဆိုပေမယ့် ပေါ့ဆလို့မရတဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါတယ်။ အများဆုံးကတော့ ဆီးသွားချိန်မှာ နာကျင်တာ ဒါမှမဟုတ် ပူစပ်ပူလောင် ခံစားရပြီဆိုရင် ဆီးလမ်းကြောင်းအတွင်း ပြဿနာတစ်စုံတစ်ရာရှိနေပြီး ဆီးလမ်းကြောင်းစနစ် ကောင်းစွာအလုပ်မလုပ်နိုင်ဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေ ဆီးသွားချိန်မှာ နာကျင်မှုကို ဖြစ်စေတက်တဲ့ ဖြစ်နိုင်ခြေအများဆုံး နောက်ကွယ်အကြောင်းအရင်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

Urinary Tract Infection (UTI)

Photo : Cathay Drug

ဆီးလမ်းကြောင်း တစ်လျှောက်မှာ ဘက်တီးရီးယားပိုးတွေ များပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာရှိနေတယ်ဆိုရင် ဆီးသွား တဲ့အခါ ပူစပ်ပူလောင် ဖြစ်တာ ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဟာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို သေချာထိရောက်မှုရှိရှိကုသမယ်ဆိုရင် ၂ ရက်ကနေ ၃ ရက်အတွင်း သက်သာပျောက်ကင်း နိုင်ပါတယ်။

(၂) ဆီးကျိတ်ပိုးဝင်ခြင်း

Prostate Infection

Photo : Premier Men’s Medical Center

ဆီးကျိတ်ပိုးဝင်ခြင်းကို Acute Prostatitis လို့ ခေါ်ပါတယ်။ ဒါက ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ပြဿနာနဲ့ ဆင်တူပြီး ဆီးသွား ချိန်မှာ နာကျင်တာ ၊ ပူစပ်ပူလောင် ခံစားရတဲ့ ရောဂါလက္ခဏာတွေ ရှိပါတယ်။ ခန့်မှန်းခြေအားဖြင့် အမျိုးသားတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကပဲ ဆီးကျိတ်ရောဂါပိုးကို ခံစားရတက်ကြပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကဲ့သို့ ဘက်တီးရီးယားပိုးမွှားတွေနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်လေ့ရှိပါတယ်။

(၃) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) ကူးစက်ခံရခြင်း

Sexually Transmitted Infection (STIs)

Photo : MedicalNewsToday

Sexually Transmitted Infection (STIs) လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေဟာလည်း ဆီးလမ်းကြောင်းကို ဒုက္ခပေးတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ လိင်အင်္ဂါရေယုန် (Genital Herpes) နဲ့ ကလက်မိုင်ဒီးယား (Chlamydia) တို့လို လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ပါဝင်ပြီး အဖြစ်များဆုံး ရောဂါလက္ခဏာတွေအနေနဲ့ ဆီးသွား ချိန်မှာ နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း စတာတွေ ခံစားရတက်ပါတယ်။

(၄) ကျောက်ကပ်ကျောက်တည်ခြင်း

Kidney Stones

Photo : Robert J Cornell, MD, PA

ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာဟာ ကျောက်ကပ်ထဲမှာ အစိုင်အခဲတွေ စုပုံလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်တည်တဲ့အခါ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်အတွင်း အစိုင်အခဲတွေ ပိတ်ဆို့သွားစေတဲ့အတွက် ဆီးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ ကျောက်ကပ် ကျောက်တည်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးသွား စဉ်မှာ နာကျင်ခြင်း ၊ ဆီးအရောင်နောက်ကျိခြင်း သို့မဟုတ် ဆီးအနံ့ဆိုးထွက်ခြင်း ၊ ဆီးရွှင်ခြင်း ၊ ဆီးသွားချင်စိတ်ထိန်းမရခြင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှု ဝေဒနာဟာ ရောဂါပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

(၅) ဆီးအိမ်ကင်ဆာ

Bladder Cancer
Photo : Healthline

ဆီးအိမ်အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပေါက်ဖွားလာတာနဲ့အမျှ ဆီးအိမ်ကင်ဆာ ဖြစ်ပွားရလေ့ ရှိပါတယ်။ ဆီးအိမ်ကင်ဆာဟာ တစ်ခါတစ်ရံမမှာ ရောဂါလက္ခဏာမပြပါဘူး။ အကယ်၍ ကုသမှုမခံယူပါက ကင်ဆာဆဲလ်တွေဟာ တစ်ရှူး ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ အခြားကိုယ်တွင်းအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားစေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေတက်ပါတယ်။ ဆီးအိမ်ကင်ဆာကြောင့် ဆီးသွားချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတက်သလို မကြာခဏ ဆီးသွားခြင်း ၊ ဆီးထဲမှာ သွေးပါခြင်း ၊ တင်ပါးဆုံတွင်း နာကျင်ခြင်းနဲ့ ခါးနာခြင်းတွေကို ခံစားရနိုင်ပါတယ်။

Source : Kasraeian Urology

Featured Photo : Cedars-Sinai