သီချင်းနားထောင်တဲ့အခါမျိုးမှာ ပြင်ပက ဆူညံသံ တွေကို ဖယ်ရှားပြီး သီချင်းတစ်ခုတည်းကိုသာ ကြားအောင် ကူညီပေးနိုင်တဲ့ အကောင်းစား နားကြပ် များဖြင့် နားထောင်တဲ့အခါ ကွာလတီကောင်းကောင်းဖြင့် ခံစားနားဆင်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ Team Meeting တွေ ပြုလုပ်ရပ်တဲ့အခါမျိုး၊ သင်တန်းတက်ရတဲ့အခါမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က ဆူညံသံ တွေကို လျော့ချပေးနိုင်တဲ့ နားကြပ် တွေ အတော်အတန်အရေးပါလာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြင်ပက ဆူညံသံ တွေကို လျော့ချပေးနိုင်တဲ့ အကောင်းစား နားကြပ် များကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နားကြပ်များကို ဝယ်ယူနိုင်ပါတယ်။
Cleer Enduro ANC

Photo: SVR InfoTech
ကြိုးမဲ့ Headphones လေးဖြစ်ပြီး သူ့ရဲ့ Bluetooth Range ကတော့ ပေ ၃၀ အထိဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ နာရီ ၆၀ အထိ ခံပါတယ်။ နားကြပ်ပေါ်မှာ Feature အပြည့်အစုံပါဝင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။
1More PistonBuds Pro

Photo: Xiaomi Planet
ယခုအချိန်မှာ Earbud လေးတွေလည်း အင်မတန်ခေတ်စားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ Bluetooth Range ကို ပေ ၆၀ အထိ အကွာအဝေးထားနိုင်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ ၇ နာရီခွဲကနေ နာရီ ၃၀ အထိခံပါတယ်။ ပြင်ပ ဆူညံသံ များကို အဆုံးစွန်အထိ ဖယ်ရှားပေးနိုင်တဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျလှပတဲ့ အမိုက်စား နားကြပ် လေးပဲဖြစ်ပါတယ်။
Sony WF-1000XM3

Photo: The Guardian
လျှပ်စစ်ပစ္စည်းတွေထဲမှာ Sony သည်လည်း ခေသူမဟုတ်ပါဘူး။ သူ့ရဲ့ ဘက္ထရီသက်တမ်းကတော့ ဆူညံသံကို ဖွင့်ထားမယ်ဆိုရင်တော့ ၆ နာရီ ခံပြီး၊ ဆူညံသံကို ပိတ်ထားမယ်ဆိုရင်တော့ ၈ နာရီအထားခံပါတယ်။ Charging Case နဲ့ဆိုရင်တော့ ၂၄ နာရီအထိ ခံပါတယ်။ သူ့ရဲ့ Bluetooth Range ကတော့ ပေ ၃၀ အထိဖြစ်ပါတယ်။
Jabra Elite Active 75t

Photo: Tthme
ဒီဇိုင်းအမိုက်စားနဲ့ ဆူညံသံ တွေကို အဆုံးစွန်အထိ ဖယ်ရှားပေးနိုင်တဲ့ အမိုက်စား နားကြပ် လေးဖြစ်ပါတယ်။ Bluetooth Range ကတော့ ပေ ၃၀ အထိဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ ၇ နာရီခွဲအထိဖြစ်ပြီး Charging Case နဲ့ဆိုရင်တော့ ၂၈ နာရီအထိ အထားခံပါတယ်။
Beats Fit Pro

Photo: 9to5Mac
ပေါ့ပေါ့ပါးပါးနဲ့ ဒီဇိုင်းအမိုက်စား နားကြပ်လေးဖြစ်ပြီး သူ့ရဲ့ Bluetooth Range ကတော့ ပေ ၄၀ ထိ ခံပါတယ်။ ဆူညံသံ Mode ကို ဖွင့်ထားမယ်ဆိုရင်တော့ ၆ နာရီအထိ အထားခံပြီး ဆူညံသံ Mode ကို ပိတ်ထားမယ်ဆိုရင်တော့ ၇ နာရီ အသုံးခံပါတယ်။ လူကြိုက်အများဆုံး နားကြပ်တစ်ခုဖြစ်ပါတယ်။
Urbanista Miami

Photo: Pocket-lint
Classic ဆန်တဲ့ ကြက်သွေးနီရောင်ဒီဇိုင်းလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီနားကြပ်လေးကို ရွေးချယ်နိုင်ပါတယ်။ Bluetooth Range ကတော့ ၃၃ ပေ အကွာအဝေးအထိ ထားလို့ရပါတယ်။ ဘက္ထရီသက်တမ်းကတော့ ဆူညံသံ ဖွင့်ထားမယ်ဆိုရင် နာရီ ၄၀၊ ဆူညံသံ ပိတ်ထားလိုက်မယ်ဆိုရင်တော့ နာရီ ၅၀ အသုံးခံပါတယ်။
Source: Tomsguide
Featured Image: Mensjournal
