ဆောင်းတွင်း မှာ ဖက်ရှင် ကျကျ ရှိုး ထုတ်ဖို့ စဥ်းစားနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် လေးတွေကို စမ်းဝတ်ကြည့်လိုက်ပါ။ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုတွေ တိုးလာကာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာမှာ အသေအချာပါပဲ။

(၁) ကုတ်အရှည်တွေနဲ့ ရှိုးထုတ်ပါ

man fashion

ဆောင်းတွင်းလို့ ပြောလိုက်တာနဲ့ ကုတ် ဖက်ရှင်တွေက အရေးကြီးလာပါပြီ။ ဆောင်းတွင်းမှာ ကုတ်အင်္ကျီ အရှည်တွေ ဝတ်ဆင်ကာ ညှို့ငင်အားပြင်းတဲ့ ယောကျာ်းတစ်ယောက်အသွင်ကို ဖန်တီးနိုင်ပါတယ်။ အရောင် အတွဲအစပ် ဖက်ရှင်အတွက်ဆိုရင်တော့ အနက်နဲ့ အဖြူကို တွဲစပ်ကာ ဝတ်ဆင်တတ်ဖို့ပဲလိုပါတယ်။ အနက်နဲ့ အဖြူ ဖက်ရှင်က ရိုးရှင်းပေမယ့် ကွီးတို့ရဲ့ ဖက်ရှင်ကို ပေါ်လွင်သွားစေမယ့် ဖက်ရှင်ပဲ ဖြစ်ပါတယ်။

(၂) အရောင်တောက်တောက်တွေ ဝတ်ဆင်ဖို့ မကြောက်ပါနဲ့

man fashion

အရောင်တောက်တောက် ဖက်ရှင်တွေဆိုတာ ဆောင်းတွင်းမှာသာ ရှိုးထုတ်ကာ ဝတ်ဆင်ရတာဖြစ်ပါတယ်။ နွေရာသီနဲ့ မိုးရာသီတွေမှာ အရောင်တောက်တောက်တွေ မဝတ်ပါနဲ့။ ဆောင်းရာသီကျမှသာလျှင် အရောင်တောက်တောက်တွေ ဝတ်ကာ ရှိုးထုတ်လိုက်ပါ။ ကွီးတို့ ဖက်ရှင်က အများအလယ်မှာ တင့်တယ် ပေါ်လွင်နေမှာ အမှန်ပါပဲ။

(၃) အလွှာလိုက် ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ဖို့ မမေ့ပါနဲ့

ဆောင်းတွင်း ရှိုး

ဆောင်းတွင်းမှာ အချို့နေရာဒေသတွေမှာ ခိုက်ခိုက်တုန်အောင် ချမ်းလှပါတယ်။ ဒီလိုမျိုး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ ရာသီမှာ အဝတ်အစားများကို တစ်ထပ်ပြီး တစ်ထပ် ဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ဖို့ လိုပါတယ်။ အရောင် ဖက်စပ် ရွေးချယ်မှုကလည်း အရေးကြီးတဲ့အတွက်ကြောင့် ဒီအချက်ကိုလည်း မေ့မထားသင့်ပါဘူး။

(၄) ဆောင်းတွင်း မှာ စမတ် ကျကျ ရှိုး ထုတ်ဖို့လည်း မမေ့ပါနဲ့

ဆောင်းတွင်း ရှိုး

ဆောင်းတွင်းမှာ စမတ်ကျကျ ရှိုးထုတ်ဖို့ကလည်း အရေးကြီးပါတယ်။​ ကွီးတို့အနေနဲ့ စမတ်ကျကျ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ ဘောင်းဘီ အပွ ဖက်ရှင်မျိုး၊ အင်္ကျီ အပွ ဖက်ရှင်မျိုးတွေကို ရှောင်သင့်ပြီး ဘော်ဒီနဲ့ ကွက်တိကျမယ့် Body Fit ဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။

(၅) ပေါ့ပေါ့ပါးပါး ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်

ဆောင်းတွင်း ရှိုး

ရှိုးထုတ်ထားမှန်း မသိအောင် ရှိုးထုတ်ထားချင်တာဆိုရင်တော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေ ဝတ်ဆင်ကာ ရှိုးထုတ်သင့်ပါတယ်။ ဘယ်လိုမျိုး ရှိုးထုတ်ရမှန်းမသိ ခေါင်းစားနေတယ်ဆိုရင်တော့ အခုလိုမျိုး ရှိုးထုတ်ကြည့်လိုက်ပါ။ မိမိုက်နေပြီး ပေါ့ပါး လွတ်လပ်တဲ့ အသွင်မျိုး ခံစားရမှာပဲဖြစ်ပါတယ်။

(၆) ဟူဒီနဲ့ ဂျက်ကတ်တို့ကို ပေါင်းဖက် ဝတ်ဆင်တတ်ပါစေ

ဆောင်းတွင်း ရှိုး

လူငယ်ဆန်ဆန် ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် ဟူဒီနဲ့ ဂျက်ကတ်တို့ ပေါင်းဖက်ကာ အခုလိုမျိုး ရှိုးထုတ်နိုင်ပါတယ်။ ဟူဒီကို အညိုရောင် (သို့) အသားရောင် ဟူဒီလေး ရွေးချယ်ကာ ဂျက်ကတ်ကိုတော့ အနက်ရောင် ဂျက်ကတ် ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီအရောင်ကိုလည်း ဂျက်ကတ်အရောင်နဲ့ ဆင်တူနဲ့ အရောင်မျိုး ရွေးချယ် ဝတ်ဆင်မယ်ဆိုရင်တော့ ဖက်ရှင်ကျတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်သွားပါပြီ။

ကွီးတို့ရော ဆောင်းတွင်းမှာ ဘယ်လို ဖက်ရှင်မျိုးနဲ့ ရှိုးထုတ်ချင်ပါသလဲ။

Source: Stylegirlfriend

Featured Image: Thedenizen.co.nz