ကွီးတို့ရေ အခုဆိုရင် ဆောင်းဝင်လို့ အချိန်အနည်းငယ်အတွင်းမှာ အေးမြတဲ့ ဒီဇင်ဘာလကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပူပြင်းခြောက်သွေ့ပြီး အရမ်းအေးတယ်လို့ မဆိုနိုင်သော်လည်းပဲ ချမ်းစိမ့်စိမ့် အငွေ့အသက်လေးတော့ ရှိတတ်တယ် မဟုတ်ပါလား။ ဒီနေ့မှာတော့ ဒီလို အေးမြတဲ့ ဆောင်းရာသီမှာ ဝတ်ဆင်နိုင်တဲ့ အမိုက်စား ဖက်ရှင် အိုင်ဒီယာလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ ကွီးတို့ရော ရယ်ဒီပဲလား။

 Hoodies

ဆောင်းရာသီမှာ

Photo : On The Spirial

ကွီးတို့ရေ များသောအားဖြင့် ပေါ့ပါးလွတ်လပ်မှုနဲ့ လူငယ်ဆန်မှုကို ဖော်ဆောင်ပေးနိုင်တဲ့ Hoodies တွေကို လူငယ်‌တော်တော်များများ ကြိုက်ကြသော်လည်းပဲ ရာသီမရွေးဝတ်ဆင်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။ အခုလို ဆောင်းရာသီကတော့ ကွီးတို့မှာရှိတဲ့ Hoodies တွေ ချဝတ်လိုက်ဖို့ အချိန်ကောင်းပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ အထာလည်းကျတဲ့ Street Style ဖက်ရှင်ပါပဲ။

ဂျင်းဂျက်ကတ်

ဆောင်းရာသီမှာ

Photo : Burasicanakkale.com

ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဂျင်းက ဘုရင်ပါ။ လုံးဝကို အထာကျစေတဲ့ ဂျင်းဂျက်ကတ်တွေကလည်း ဒီလို ရာသီဥတုမှာ ဝတ်ဆင်ဖို့ အသင့်တော်ဆုံးပါပဲ။ ဒါ့အပြင် ဂျင်းဆိုတာက ဘာနဲ့မဆို လိုက်ဖက်ပြီး စွယ်စုံလည်းရတာကြောင့် ဖက်ရှင်အတွက် သိပ်ပြီး ဦးနှောက်စားစရာ မလိုပါဘူး။

Bomber Jackets

ဆောင်းရာသီမှာ

Photo : The Fashionisto

ဘယ်အချိန်မဆို ရိုးမသွားစေဘဲ စတိုင်လ် ကျစေမဲ့ ဂျက်ကတ် တစ်မျိုးကတော့ Bomber Jackets ပဲဖြစ်ပါတယ်။ ဒီဂျက်ကတ် အမျိုးအစားဟာ သက်တောင့်သက်သာရှိပြီး ပေါ့ပါးတာကောင့် ယောက်ျားလေး တော်တော်များများ ကြိုက်နှစ်သက်သည်သာမက ဖက်ရှင်ကျစေတဲ့ ဂျက်ကတ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလို ရာသီဥတုမျိုးမှာ အလန်းစား Street စတိုင်လ်မျိုး အတွက် ရွေးချယ်နိုင်ပါတယ်။

သားရေ ဂျက်ကတ်

Photo : www.elevate.in

ကွီးတို့အနေနဲ့ ညဘက်မှာ Night out ထွက်ဖို့ပဲ ဖြစ်စေ၊ ခပ်မိုက်မိုက် စတိုင်လ်မျိုး ဝတ်ဆင်ချင်တယ်ဆိုရင် ဒီလို ရာသီမျိုးမှာ Biker ဂျက်ကတ် ဒါမှမဟုတ် သားရေဂျက်ကတ်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီသားရေ ဂျက်ကတ်တွေကို ဂျင်းဘောင်းဘီနဲ့ဖြစ်စေ တွဲဖက်ဝတ်ဆင်လိုက်ရင် တကယ်ကို အထာကျတာကြောင့် မမှားတဲ့ ရွေးချယ်မှုပါ။ ဝတ်ဆင်မယ့်နေရာ သေချာလေးရွေးချယ်ဖို့တော့ လိုပါတယ်။

Blazer

Photo : Fjackets.com

Blazer တွေက ကွီးတို့ကို အထာကျစေရုံသာမက တကယ်ကို လူကြီးလူကောင်းဆန်ပြီး တကယ်ကို ဂန္တဝင်ဆန်ဆန် ဆွဲဆောင်မှု ရှိတဲ့ ပုံစံကို တစ်ပြိုက်နက်တည်း ရရှိစေပါတယ်။ ညနေဘက် ပွဲတတ်တာ၊ ညစာစားပွဲ စတဲ့ နေရာမျိုးအတွက် ဒီလို ဆောင်းရာသီမှာ Blazer အင်္ကျီတွေကို ရွေးချယ်ပါ။ ကွီးတို့ကြိုက်တဲ့ Blazer အင်္ကျီအရောင်ကို စတိုင်လ် ဘောင်းဘီ၊ ဂျင်း၊ Chinos ဘောင်းဘီ စတာတွေနဲ့ ကိုယ်သွားရောက်မဲ့ နေရာအလိုက် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင်၊ မီးခိုးရောင်၊ အညိုရောင် နဲ့ နက်ပြာရောင် Blazer တွေက ဘာနဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်တာကြောင့် ပိုမိုရွေးချယ်ကြပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အိုင်ဒီယာလေးတွေကို အသုံးချပြီး အေးမြတဲ့ ဆောင်းရာသီမှာ အလန်းစားဖက်ရှင်တွေနဲ့ ဂေါ်လိုက်ပါ။

Featured Photo : Vista Create